Unicode 2

781 59 4
                                    

ငြိမ့်ငြိမ့်ညောင်းညောင်းထွက်လာတဲ့ တယောသံစဉ်နဲ့
အညီ လိုက်ဖက်အောင်ကနေတဲ့. . .လူအရိပ်တွေက. . .
Bar ထဲမဝင်ခင် တံခါးပေါက်ဝကနေပင်. .မြင်တွေ့နိုင်သည်

အမှန်တိုင်းပြောရရင် ဦး ကိုတွေ့ချင်လို့သာ. . .
ဒီနေရာကိုလာခဲ့မိခြင်း. . . .
တက္ကသိုလ်နောက်ဆုံးနှစ်တောင်တက်နေပေမယ့်. . .
Junmyeon လူပျိုပေါက်အရွယ်က ဦး ပြောခဲ့တဲ့. . .
ဆုံးမစကားတွေကြောင့် . . . မကောင်းတဲ့အရာမှန်သမျှကို
သူရှောင်ကျဉ်ခဲ့သည်. . . အခုချိန်ထိပင်သူဆိုဂျူ
ကောင်းကောင်းမသောက်နိုင်. . . ။

အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူပြီး Bar ထဲဝင်ဖို့ရာ
အားမွေးလိုက်သည်. . .။
မဝင်လို့လဲမရတော့. . .လုံခြုံရေးဦးလေးကြီးတွေက..
တံခါးရှေ့မှာရစ်သီရစ်သီလုပ်နေသောသူ့ကိုကြည့်လှပြီ. .

သိပ်တောင်မရှာလိုက်ရပါ. . Barထဲဝင်ဝင်ချင်းနေရာမှာ
ခုံပေါ်မှောက်နေတဲ့ ဦး ရဲ့ကျောပြင်ကျယ်ကြီးကို. . .
တွေ့လိုက်ရတယ်. . .။

"ဦး. . . "

နှုတ်ကရေရွတ်ပြီးအနားသွားတော့. . .

"စောစောကဖုန်းကိုင်တဲ့သူလား. . . "

ဘေးက waiterကောင်လေးကပြောလာတာမို့. . .
Junmyeon ခေါင်းငြိမ့်ပြမိတယ်. . .။

"ဦး. . . "

လက်မောင်းကိုလှုပ်ရမ်းပြီး ပြောတာကိုပင်. . .
ဦး က တစ်ချက်မလှုပ်. . .

"ဦး. . . "

ဦး ရဲ့မျက်နှာအနားထိကပ်ပြီးတိုးတိုးလေးခေါ်မိတော့. .
မျက်လုံးပွင့်လာပြီး. . .

"Jumi? Jumi ဦး တောင်းပန်ပါတယ်ကွာ. . .
စိတ်ဆိုးပြေပါတော့နော်. . . "

သူ့ကို Jumi အမှတ်နဲ့ ပါးကိုလက်နဲ့ဖွဖွလေးကိုင်ကာ
ရီဝေဝေဆိုလာသည်. . .။

Junmyeon လား Jumi လားဝေခွဲမရအောင်. .
ဘယ်လောက်များမူးအောင်သောက်ထားလဲ..ဦး ရာ. .

အရက်ဆိုတာမကောင်းဘူး Junလေးရဲ့. .
ဆိုပြီး အထက်တန်းဒုတိယနှစ်အရွယ်လောက်က. . .
သူ့ကို တတွတ်တွတ်ဆုံးမခဲ့တဲ့ ဦး က ဒီလို
သောက်ရလောက်အောင်ထိ ဘယ်လောက်များ. . .
စိတ်ပင်ပန်းနေလို့ပါလိမ့်. .။

နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)Where stories live. Discover now