4

447 52 2
                                    

မနက်ခင်းနေရောင်ကလိုက်ကာကြားကတိုးဝင်လာတော့ စောင်ကိုခေါင်းအထိဆွဲယူပြီးခြုံလိုက်တာ မနက်မိုးလင်တာကလဲမြန်လိုက်တာ စိတ်ထဲမှာအခုမှအိပ်ပျော်ကာစပဲထင်နေတာ မိုးတောင်လင်းသွားပြီလား အိပ်လို့ကမဝသေးဘူး

"ဒေါက်....ဒေါက်"
"Hyung ထတော့လေ ဦးလေးတောင်အလုပ်သွားတော့မယ်"


အခန်းဝကနေလာနှိုးနေတဲ့ဟိုကောင်လေး ဒီရောက်ပြီးတပတ်အကြာသူ့ကျနော့်ကိုမကြောက်တော့တဲ့အချိန်ကစပြီး မနက်တိုင်းနှိုးတဲ့အမေ့တာဝန်ကိုသူလက်လွှဲယူလိုက်တယ်လေ စရောက်တဲ့နေ့သူ့မိဘတွေပြန်သွားတဲ့အချိန်တုန်းကတော့မျက်ရည်လေးလည်လည်နဲ့ တနေကုန်အခန်းထဲအောင်းနေတာ ထမင်းစားဖို့မနည်းခေါ်ရတယ် ထမင်းစားတော့လဲခေါင်းကြီးကိုငုံ့ပြီးစားနေတာ ထမင်းပန်းကန်ကိုတောင်နမ်းမိတော့မတတ်ပဲ    အမေကတော့ချော့ချော့မော့မော့လေးနဲ့သူ့ကိုဂရုစိုက်တော့ အမေ့ကိုသူချက်ချင်းပဲခင်သွားတယ် အမေနဲ့အတူပန်းကန်တွေဘာတွေတောင်ဝိုင်းဆေးပေးတယ် အဖေကတော့အစကတည်းကအေးအေးပဲနေတာဆိုတော့သူနည်းနည်းတော့ရှိန်တယ် ကျနော့ကိုတော့အဆိုးဆုံးပေါ့ မျက်နှာချင်းတောင်မဆိုင်ရဲဘူး ကျနော့ကိုမြင်တာနဲ့ခေါင်းကြီးကိုငုံ့ထားတာပဲ နောက်တနေ့ကျတော့အမေကကျောင်းသွားအပ်ပေးဆိုတာနဲ့လိုက်အပ်ပေးတာ ကားပေါ်မှာလဲ ကိုကသူ့ကိုအတင်းအကြပ်ကားပေါ်ဆွဲတင်လာတာကြနေတာပဲ ခေါင်းကြီးငုံ့တံခါးနားကိုအတင်းကပ်ထားတာ ကျောင်းရောက်တော့လဲကျနော့အင်္ကျီကိုအတင်းဆွဲထားတာ ကားပေါ်မှာတုန်းကကျနော့ကိုကြောက်နေတာသူမဟုတ်တဲ့အတိုင်းပဲ ကျောင်းထဲမှာမြင်တဲ့သူတိုင်းကပြုံးစိစိနဲ့ ဟုတ်တယ်လေ သူကအင်္ကျီစကြီးဆွဲပြီးလိုက်နေတာမသိရင် သားအဖတွေကျနေတာပဲ အဲ့တာနဲ့ကျွန်တော်လဲစိတ်ဆိုးပြီးမြန်မြန်လျှောက်လိုက်တယ် ခနကြာလှည့်ကြည့်တော့မရှိတော့ဘူး ဘယ်နားမှာကျန်ခဲ့မှန်းလဲမသိဘူး ဒါနဲ့ပဲနောက်ကြောင်းပြန်လှည့်ပြီးရှာတော့ ကျောင်းလမ်းတလျှောက်အလှစိုက်ထားတဲ့အပင်တွေကြားထဲမှာငုတ်တုတ်လေး

"မင်းဘာလို့မလိုက်လာတာလဲ"

"ကျနော့ခလုတ်တိုက်ပြီးHyungအင်္ကျီကိုဆွဲထားတာကိုလွှတ်မိသွားတာ ကြည့်လိုက်တော့မတွေ့တော့တာနဲ့ဒီမှာထိုင်နေတာ"
ဆိုပြီးမျက်ရည်လေးစမ်းစမ်းနဲ့ပြောနေတာ ဒေါသတွေတာင်ထွက်တယ် မတွေ့လဲသူတယောက်ယောက်ကိုမေးပြီးလိုက်ခဲ့လို့မရဘူးလား အဲ့သလောက်တောင်ကြောက်ရသလား ဒေါသထွက်ပြီးပြောချင်ပေမယ့်လဲမနည်းသည်းခံလိုက်ရတယ် အဲ့တာနဲ့ပဲသူ့လက်ကိုဆွဲသွားပြီးကျောင်းသွားအပ်ပေးလိုက်ရတယ်


"Hyungရေမြန်မြန်ဆင်းခဲ့တော့လေ ဦးလေးတောင်အလုပ်သွားပြီ"

"အေးဟေ့ လာပြီ"

နည်းနည်းလေးလိုက်လိုက်လျောလျောဆက်ဆံပေးလိုက်တော့ အရင်လိုတော့မကြောက်တော့ဘူး ဒါပေမယ့်အပြင်သွားရင်ကျနော်တို့မိသားစုထဲကတယောက်ယောက်ပါမှသွားရဲတယ် ကျောင်းကိုမနက်တိုင်းကနော်လိုက်ပို့ရတယ် ကျောင်းမှာဘယ်လိုများနေလဲမသိဘူး

သူ့အကြောင်းတွေတွေးနေတာနဲ့ မနက်စာစားဖို့တောင်နောက်ကျသွားတယ် ထမင်းစားခန်းရောက်တော့သူကပန်းကန်တွေဆေးနေတယ် စားပွဲပေါ်မှာတော့ကျနေ့အကြိုက်ကော်ဖီနဲ့မုန့်နဲ့ပြင်ထားတယ်

"အမေရော"

"ဒေါ်လေးဈေးသွားတယ် ဒါနဲ့Hyungဒီနေ့ကျွန်တော့ကိုဈေးလိုက်ဝယ်ပေးမယ်လို့ကတိပေးထားတယ်နော်"


"အေးပါ ငါမမေ့ပါဘူး နေ့လည်ကျရင်သွားမယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့Hyung"

သူဘာကြောင့်အဲ့လောက်လူကြောက်တတ်မှန်းမသိပေမယ့်သူ့ပုံလေးကတော်တော်ဖြူစင်ပြီးချစ်ဖို့ကောင်းပါတယ် အိမ်အလုပ်တွေသွက်သွက်လက်လက်လုပ်တတ်ပေမယ့်အပြင်ရောက်ရင်တော့တခြားလူလိုပဲ ပြောင်းလဲသွားတာ တနေ့နေ့တော့သူ့ကြောက်စိတ်တွေပျောက်အောင်ပြင်ပေးရမယ် ဒါဆိုတော်တော်လူတောတိုးမှာ အခုကတော့အိမ်ကိုဧည့်သည်လာရင်တံခါးကြီးပိတ်နေပြီး ဧည့်သည်ပြန်သွားမှထွက်လာတာ


"ပြီးပြီလားHyung"

"အေး သွားခါနီးကျရင်လာပြောငါGameဆော့လိုက်ဦးမယ်"

"ဟုတ်ကဲ့Hyung"

Yoongiလဲသူ့ကိုမှာပြီးGameဆော့ဖို့အခန်းထဲပြန်ဝင်လာလိုက်တယ်

ကံကြမ္မာ Where stories live. Discover now