3 year later,
ဆိုးလ်မြို့၏ခမ်းနားလှသောဟိုတယ်ကြီးတခုထဲတွင်
"HOME HOTELရဲ့ဖွင့်ပွဲမှာ အဖွင့်အမှာစကားပြောကြားပေးပါရန်ဒုဥက္ကထMin Yoongi အားလေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်"
👏👏👏👏👏👏👏👏👏👏👏👏👏👏👏
"အားလုံးပဲမင်္ဂလာရှိသောမနက်ခင်းလေးဖြစ်ပါစေခင်ဗျာ ကျွန်တော်Min Yoongiပါဒီဟိုတယ်လေးကို~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~"
၃နှစ်တောင်ကြာခဲ့ပြီကလေးရေ ကလေးဖြစ်စေချင်ခဲ့သလို လိမ္မာတဲ့သားတစ်ယောက်အဖြစ်ကိုကို နေနေပါတယ် အခုဆိုကုမ္ပဏီမှာလဲအဖေနဲ့အတူဝိုင်းလုပ်ပေးနေပြီ ဒုဥက္ကထရာထူးကိုယူထားရတယ် အရမ်းကိုပင်ပန်းတယ်ကလေး ဒီအချိန်မှာကလေးရဲ့မျက်နှာလေးကိုသာမြင်ရရင်ကိုကို့အမောတွေအကုန်ပြေပျောက်ရမှာ ကလေးမိဘတွေအိမ်ပြန်သွားတဲ့နေ့ကကိုကိုတို့နောက်ဆုံးတွေ့ရခြင်းပဲ အဲ့နေ့နောက်ပိုင်းမှာလုံးဝပြန်မတွေခဲ့ရဘူးနော် ကလေးကျောင်းလဲလာပြန်မတက်တော့ဘူး ကလေးများကျောင်းလာတက်မလားလို့ ကိုကိုကျောင်းရှေ့မှာအမြဲစောင့်နေခဲ့တာ ကလေးသူငယ်ချင်းနှစ်ယောက်ကိုတွေ့ခဲ့ပေမယ့် ကလေးကိုတော့မတွေ့ခဲ့ရဘူး ကလေးရေအဆင်ရောပြေရဲ့လားကွာ ကိုကိုအရမ်းတွေ့ချင်နေမိပြီ Jin နဲ့Joonတို့တောင်လက်ထပ်ကြတော့မယ်
သူတို့အတွဲကိုအရမ်းအားကျတာပဲ နှစ်ဖက်မိဘတွေကလဲ သဘောတူခဲ့ကြတယ်လေ
ကိုကိုတို့လဲအဲ့လိုအဆင်ပြေခဲ့ကြရင်ဘယ်လောက်ကောင်းမလဲ အခုတော့ဝေးနေရပြီ အရင်ဘဝကသူများအသဲကိုခွဲမိခဲ့လို့များ အခုလိုခံစားနေရတာလားလို့တွေးမိတယ်
အခုချိန်မှာအလိုချင်ဆုံးဆုကိုပြောပါဆိုရင် ကလေးကိုပြန်လိုချင်တယ်လို့ပဲဆုတောင်းမိမှာပဲ ကလေးရေနောက်ဘဝမှာများဆုံနိုင်ခွင့်ရှိခဲ့ရင် ကိုကိုတို့ပြန်ဆုံကြမယ်နော်ကလေးနဲ့လမ်းခွဲမယ်လို့ကတိပေးပြီးတော့ အမေတို့ဆီကကတိတခုပါပြန်တောင်းခဲ့တယ် ကိုကို့ကိုမိန်းမမယူခိုင်းဖို့ကတိလေးပေါ့ ကလေးကလွဲပြီးကိုကို့ရင်ထဲကိုဘယ်သူ့ကိုမှအဝင်မခံနိုင်ဘူးလေ ဒါကြောင့်အခုချိန်ထိ လူပျိုကြီးဖြစ်နေတာပေါ့ သူများတွေကပြောတယ်ကိုကိုကgayတဲ့ဒါကြောင့်မို့မိန်းကလေးတွေကိုစိတ်မဝင်စားတာတဲ့ ပြောချင်တာတွေပြောကျပါစေလေ သူတို့အပြောတွေကို ကိုကိုဂရုမစိုက်ပါဘူး လောကကြီးမှာကိုကိုဂရုစိုက်တာကလေးတယောက်ပဲရှိတယ် အရမ်းလွမ်းတယ် ပြီးတော့တွေ့ချင်တယ်