Yoongi ကိုယ်တိုင်လဲဘာကြောင့်စိတ်ဆိုးနေမိမှန်းမသိပေ သူနဲ့မဟုတ်ပဲတခြားသူနဲ့အပြင်ထွက်ခဲ့လို့လား ဒါမှမဟုတ် တခြားကောင်မလေးနဲ့စကားပြောနေတာတွေ့မိလို့လား ဘာအကြောင်းနဲ့ကြောင့်စိတ်ဆိုးနေမိမှန်းကိုယ့်ကိုကိုယ်လဲနားမလည်ပေ တကယ်ဆိုသူပျော်နေရမှာမဟုတ်ဘူးလား ကောင်လေးသာသူ့အကူအညီမလိုပဲ တယောက်တည်းသွားလာနိုင်ပြီဆို သူတာဝန်ပေါ့သွားမှာလေ အမှန်တော့ ဒီနေ့ကောင်လေးကသူ့ကိုစိတ်ဆိုးပြီးတမနက်လုံးစကားမပြောတာကြောင့် သူစိတ်ဆိုးပြေအောင်မုန့်ဝယ်ကျွေးပြီးခေါ့ဖို့စိတ်ကူးထားမိတယ် အလုပ်အားတဲ့Jinကရုပ်ရှင်သွားကြည့်ဖို့ခေါ်တာကြောင့် ရုပ်ရှင်သွားကြည့်ရင်းအပြန်သူကြိုက်တဲ့ ကြက်ကြော်နဲ့ကိုလာဝယ်ပြီးချော့ဖို့စိတ်ကူးထားတာကို ရုပ်ရှင်ရုံရှေ့မှာကောင်မလေးတယောက်နဲ့ရီမောနေတဲ့သူ့ကိုတွေ့တော့ဒေါသကထွက်လာပြီး လှမ်းအော်ခေါ်နေတဲ့Jinကိုတောင်မစောင့်နိုင်တော့ပဲကောင်လေးကိုဆွဲခေါ်ပြီးပြန်လာမိတယ်
ညရောက်လို့ထမင်းစားချိန်ရောက်တော့လဲ အရင်ကရွှန်းရွှန်းဝေအောင်စကားတွေပြောတဲ့ကောင်လေးကသူကလွဲပြီးအဖေနဲ့အမေကိုပဲပြောနေခဲ့တယ် အရင်ကဆိုဟင်းတွေဖုံးအောင်ဦးချတတ်တဲ့ကောင်လေးကအခုတော့ဟင်းလေးတဖတ်ကိုမကောင်းတတ်လို့ဦးချပြီးစားနေတော့ ပိုလို့တောင်ဒေါသထွက်မိတယ် ဒါကြောင့်ထမင်းစားပြီးတော့အခန်းထဲပဲဝင်နေလိုက်တယ် ဒါတောင်တချက်ချက် ပျံလွင့်လာတဲ့သူ့ရီသံကြောင့်နားကြပ်ကိုတပ်ပြီးစောင်ခေါင်းမြီးခြုံကာအိပ်လိုက်တော့တယ်
"Yoongi. Yoongi ထတော့လေဘယ်အချိန်ရှိနေပြီလဲ Jiminလေးတောင်ကျောင်းသွားပြီ"
ကောင်လေးကျောင်းသွားပြီဆိုပဲ ဘယ်သူနဲ့သွားတာလဲဆိုတာသိချင်လွန်းလို့အခန်းတံခါးကိုအပြေးအလွှားသွားဖွင့်ပြီးအမေ့ကိုမေးလိုက်မိတယ်
"Jiminကဘယ်သူနဲ့သွားတာလဲ"
"သူ့သူငယ်ချင်းတွေလာခေါ်သွားတာလေ"
"ယောက်ျားလေးလားမိန်းကလေးလား"
"ယောက်ျားလေးနှစ်ယောက်နဲ့မိန်းကလေးတယောက်ပဲ ဘာဖြစ်လို့လဲ"