ကျောင်းဆင်းချိန်အမှီကျောင်းရှေ့မှာသွားစောင့်နေပါသော်လည်း သူငယ်ချင်းတွေအပြင်ဟိုကောင်မလေးနဲ့ပါအတူထွက်လာသောကောင်လေးကြောင့် သူခေါ်မလာပဲဒီအတိုင်းလှည့်ပြန်လာခဲ့တယ် အခုတလော သူစဉ်းစားမိတယ် သူကောင်လေးကိုများချစ်နေမိပြီလားလို့ပေါ့ သိပ်တော့မသေချာခဲ့ပေမယ့် ဟိုတနေ့ကကိစ္စကြောင့်ကိုယ့်ကိုကိုယ် ပိုနားလည်လာခဲ့မိတယ် သေချာတယ်သူကောင်လေးကိုသိပ်ချစ်နေမိပြီ ကောင်လေးဘေးမှာမိန်းကလေးတယောက်ကိုတွဲမြင်မိတာကြောင့် သူ့ရဲ့သဝန်တိုမှုတွေပေါ်ထွက်လာခဲ့တယ် ဒါကြောင့်ပဲသူ Jiminကိုချစ်နေမိပြီဆိုတာကိုပိုသိလိုက်ရတယ်
တခါမှမစဉ်းစားမိခဲ့ဘူး သူယောကျာ်လေးတယောက်ကိုသဘောကျမိမယ်လို့ပေါ့ အရင်ကတည်းကလဲမိန်းကလေးတွေကိုပဲသဘောကျခဲ့တာ Homoကိုနားလည်လက်ခံပေးပေမယ့်ကိုယ်ကိုယ်တိုင်တော့homoတယောက်ဖြစ်နေမယ်လို့မထင်ခဲ့မိဘူးလေ
📲📲📲📲📲📲📲📲📲
"ဟဲလို Nam joonပြော"
"မင်းအားလားYoongi"
"အားတယ် ဘာလို့လဲ"
"ငါတို့ဆုံနေကျbarကိုလာခဲ့ပါလား"
"အင်းလာခဲ့မယ်လေ"
Nam Joonဖုန်းချသွားတာနဲ့သူလဲကားကိုDanger barကိုမောင်းလာခဲ့တယ် Joonဖုန်းဆက်တာအတော်ပဲဖြစ်သွားတယ် သူလဲညစ်နေတဲ့စိတ်ကိုအရက်နဲ့အဖော်ပြုချင်နေတာလေ
❇❇❇❇❇❇❇❇❇❇❇❇❇❇❇
"ကဲ....ဘာကိစ္စကြောင့်barမှာချိန်းတာလဲ"
"ငါဒီနေ့Jinကိုဖွင့်ပြောလိုက်တယ်"
"ဟုတ်လား"
"သူငါ့ကိုစိတ်ဆိုးသွားတယ်ကွ"
"သူကhomoကိုလက်မခံဘူးလား"
"လက်ခံတယ် ဒါပေမယ့်သူငယ်ချင်းအချင်းချင်းကြီးမို့လို့တဲ့"
"သူမထင်ထားတော့စိတ်လှုပ်ရှားသွားလို့နေမှာပါ ငါဝိုင်းပြောပေးပါ့မယ်"
"အေးပါကွာကျေးဇူးပဲ"
"ငါလဲအခုစိတ်ဆင်းရဲနေတယ်"