Part 2

2.6K 180 9
                                    

        ကျွန်တော့်နာမည် Perth .... ဘဝကပြီးပြည့်စုံနေတာ
တော့မဟုတ်ပေမယ့် အကောင်းဆုံးရှင်သန်နေထိုင်တယ်
ငယ်ငယ်ထဲကမိသားစုဆိုလို့ အကိုတစ်ယောက်ပဲရှိလို့ အား
ကိုးချင်မိပေမယ့် ဘဝကိုတစ်ယောက်ထဲရုန်းကန်ခဲ့တာပါ
မနက်ကနေညအထိ ပိုက်ဆံရှာရတာခက်ခဲလွန်းပါတယ်
အချိန်ပိုင်းအလုပ်နဲ့ကျောင်း နှစ်ခုကြားထဲမှာစိတ်အရမ်းပင်ပန်းပါတယ် ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ လူသားတိုင်း
လည်းကံကောင်းတာမှမဟုတ်တာ..... ပြီးတော့အပင်ပန်းရ
ဆုံးအရာတစ်ခုရှိပါသေးတယ်
Nerth : ပိုက်ဆံပေး
Perth : ကျွန်တော့်မှာမရှိလို့ပါ P
Nerthကဘေးကပန်းအိုးကိုခြေထောက်နဲ့ဆောင့်ကန်လိုက်
တယ် " ခွမ်း " အသံကျယ်ကြီးကြောင့် Perth လန့်သွားခဲ့တယ်
Perth : P ဘာလုပ်နေတာလဲ အိမ်ကိုဖျက်ဆီးနေတာလား
အပြင်ကနေလူအုပ်စုလိုက်ရုန်းရုန်းနဲ့ရောက်မလာခင်ထဲက
အသံတွေကြားနေရတယ်
Nerth : အဲ့ကောင်တွေရောက်လာပြန်ပြီ
Nerth ကချက်ချင်းအိမ်အနောက်ဖက်ကနေထွက်ပြေးသွား
တယ် Nerth ထွက်သွားတာနဲ့ တံခါးကိုဝုန်းခနဲတွန်းဖွင့်လိုက်
ကြတယ်
B : ဟဲ့ကောင် အကြွေးမဆပ်ဘဲမင်းကများ
Perth : ကျွန်တော်က
လူအုပ်စုလိုက်ကျွန်တော့်ကိုဝိုင်းရိုက်ကြတယ် ဒါကကျွန်တော့်ဘဝမှာအပင်ပန်းဆုံးပါ ကျွန်တော်တို့ကရုပ်ချင်းခွဲမရတဲ့
အမြွာညီအကိုဖြစ်နေတာက ကျွန်တော့်ရဲ့ထပ်ဆိုးတဲ့ကံတ
ရားပါ ဘယ်တော့မှဒီဒုက္ခကလွတ်မြောက်နိုင်မှာလဲ
Saint : Perth ကျွန်တော့်ကိုမသိဘူးတဲ့လား
Perth : မင်းက
Saint : Saint လေ Perth ရဲ့ချစ်သူလေ
Perth : ချစ်သူ မဖြစ်နိုင်တာ ငါကဘယ်လို
အခုမှပြန်စဉ်းစားမိတယ် ဒီကောင်လေးနဲ့ငါဆုံခဲ့ဖူးတာပဲ
Perth : မင်းငါနဲ့ cafe မှာတွေ့ခဲ့တဲ့တစ်ယောက်မလား
Saint : Perth မှတ်မိပြီလား ဟုတ်တယ်လေ ကျွန်တော့်ကို
Perth ကူညီခဲ့တာလေ
လွန်ခဲ့သောတစ်လ.........
ဒီနေ့ဆိုင်မှာ ရိုက်ကွင်းရှိတော့အကုန်လုံးကအလုပ်ရှုပ်နေ
ကြတယ် ဆိုင်ကမိန်းကလေးတွေက Saint လာမယ်ဆိုလို့ကို
ရင်ခုန်နေကြတယ် ကျွန်တော်ကတော့ဘယ်မင်းသား ဘယ်
အဆိုတော်ကိုမှမသိရအောင်ကိုဘဝက လုံးပန်းနေရတာပါ
" wow Saint " တစ်ဆိုင်လုံးကအော်သံကြောင့် ကျွန်တော်
လှမ်းကြည့်လိုက်မိတယ် အားလုံးရှေ့ကိုလက်အုပ်လေးချီပြီး
တော့ကိုဝင်လာတာ အသားအရည်ကဖြူဖွေးနေပြီးမျက်နှာ
ကအစအပြစ်ဆိုစရာမရှိအောင်ချောတယ် မိန်းကလေးတွေ
သည်းသည်းလှုပ်ကြိုက်တာမဆန်းပါဘူး
Lay : Perth သူကမိုက်တယ်နော်
Lay ကကျွန်တော့်ရဲ့သူငယ်ချင်းပါ ခင်တာလေးနှစ်လောက်ပဲရှိသေးပေမယ့်တစ်ဦးထဲသောသူငယ်ချင်းလို့လည်းပြော
လို့ရပါတယ်
Perth : အင်း နင်ကြိုက်တယ်မလား
Lay : ကြိုက်တာပေါ့
ရိုက်ကွင်းကတစ်နေကုန်ကိုမပြီးတာပါ ညနေစောင်းဆိုင်ပိတ်ချိန်အထိရိုက်ကူးနေကြတုန်းပဲ ညတာဝန်ကျတဲ့ ကျွန်တော်
နဲ့ Lay ကသူတို့ပြီးတာကိုထိုင်စောင့်နေရုံပဲပေါ့
Chen : Saint မနေ့က model ကောင်မလေးကမင်းဖုန်းကို
ဘယ်လိုသိသွားလဲမသိဘူး သူဆက်နေတယ်
Saint : P chen ရှင်းလိုက်လေ
Chen : ရပါတယ် တော်ကြာ မင်းသတင်းတွေထွက်လာမှာစိုး
လို့ပါ
Saint : မိန်းကလေးတွေမှသဘောမကျတာ သတင်းဆိုးထွက်
စရာမရှိပါဘူး
Chen : စကားကိုဆင်ခြင်ပြော ဒါအိမ်မှာမဟုတ်ဘူး
သူတို့နှစ်ယောက်စကားတိုးတိုးပြောနေတဲ့ဘေးမှာ လူတစ်
ယောက်ကသူတို့နားကပ်ပြီးဖုန်းကိုကိုင်ထားတယ် ဒီလူ့ပုံ
ကြည့်ရတာမသင်္ကာဘူး သူဖုန်းနဲ့ဘာလုပ်ဖို့ကြံစည်နေတာလဲ
Perth ကအနားသွားလိုက်ပြီးအဲ့လူရဲ့ဖုန်းကိုလုယူလိုက်တယ်
D : ဘာလုပ်တာလဲ ပြန်ပေးစမ်း
Perth : ထင်သားပဲ မင်း recording သွင်းနေတာပဲ
Perth ကဖုန်းကိုဖွင့်ကြည့်ပြီး Saint ဆီပြလိုက်တယ်
Saint :ဒါဘာလုပ်တာလဲ
Chen : မင်းကကို့အလုပ်ရှင်ကိုသတင်းလွှင့်ဖို့လုပ်နေတာပဲ
တော်တော်မကောင်းတဲ့ကောင်ပဲ ထွက်သွားစမ်း
Perth ကဖုန်းကိုကိုင်ပေါက်လိုက်ပြီးခြေထောက်နဲ့နင်းလိုက်
တယ်
Perth : ဘာတွေပြောနေလဲတော့ငါလည်းမသိဘူး ဒါပေမယ့်
သူများကိစ္စကိုခွင့်ပြုချက်မပါဘဲ ခိုးယူတာကတော့
အောက်တန်းကျတယ်
Chen : မင်းကိုအလုပ်ထုတ်လိုက်ပြီ ထွက်သွားဖို့ပြောတာမ
ကြားဘူးလား
Driver ကချက်ချင်းဆိ်ုင်ထဲကထွက်သွားတယ်
Saint : ကျေးဇူးတင်ပါတယ်
Perth : မင်းသတိထားသင့်တယ် သာမန်လူမဟုတ်တာမင်း
ကိုမင်းသိရဲ့သားနဲ့
Saint : ကျေးဇူးတင်ပါတယ် တစ်ခုခုပြန်ပေးချင်
Perth : တော်လိုက်တော့ ငါကူညီတာလိုချင်တာရှိလို့မဟုတ်
ဘူး မတရားတာတွေ့ရင်မနေတတ်လို့
Perth ကလှည့်ထွက်သွားဖို့လုပ်လိုက်တယ်
Saint : ဒါနဲ့ နာမည်လေးသိလို့ရမလား
Perth : ဘာလို့လဲ
Saint : နောက်တွေ့ဖြစ်ခဲ့ရင်ခေါ်ချင်လို့ပါ
Perth : Perth ငါ့နာမည်
စတွေ့ထဲက Perth ကိုစိတ်ဝင်စားမိတယ် သူ့ကြောင့်သာ
မဟုတ်ရင်ကျွန်တော်က Gay ဆိုတာအကုန်ပြန့်သွားမှာ
သူ့ကူညီမှုအတွက်ဘာမှတောင်ပြန်မပေးနိ်ုင်ခဲ့ဘူး ဒါပေမယ့်
အတတ်နိုင်ဆုံးသူ့ကိုရှာပြီးတော့ အကြွေးဆပ်ဖို့စိတ်ကူးထား
တာပါ ဒါပေမယ့် ကျွန်တော်တို့ကချစ်သူတွေဖြစ်လာကြတယ်
လေ ကျွန်တော့်သူ့ကိုဘယ်လိုချစ်မှန်းကိုမသိတော့ဘူး
ဒါပေမယ့် အခုတော့သူကျွန်တော့်ကိုသတိရဖို့မနည်းစဉ်းစား
နေရတာလား ဘယ်လိုလုပ်မေ့သွားရက်တာလဲ
Perth : ဟုတ်တယ်လေ ငါတို့တွေ့ဖူးတယ်
Saint : အဲ့နောက်ပိုင်းတွေကို Perth မမှတ်မိဘူးလား
D : အရမ်းဖိအားမပေးပါနဲ့ ခေါင်းကိုထိထားတော့မှတ်ညဏ်
တစ်ချို့ချို့ယွင်းနေတာလည်းဖြစ်နိုင်လို့ပါ
Saint : ဟုတ်ကဲ့ Doctor
Perth : ငါကမင်းချစ်သူလား
Saint : ဒါပေါ့ Perth
Perth : ဒါဆိုငါကမင်းနဲ့အတူနေတာလား
Saint : ဟုတ်တယ်လေ ဒါပေမယ့် Perth ကအချိန်ပြည့်
တော့မနေပါဘူး
Perth : ဒါဆို ငါဆေးရုံကဆင်းချင်တယ် မင်းအိမ်ကိုခေါ်သွား
လို့ရမလား
Saint : Doctor သူဆင်းလို့ရရဲ့လား
Perth : ရတာပေါ့ သူထိထားတာမများပါဘူး
Saint ကကားတံခါးကို Perth အတွက်ဖွင့်ပေးလိုက်တယ်
Saint : Perth
Perth ရဲ့လက်ကိုကိုင်လိုက်တော့ သူရုတ်တရက်တွန့်သွား
တယ်
Perth : တောင်းပန်ပါတယ် ငါလန့်သွားလို့ပါ
Saint : Perth ကနေမှမကောင်းသေးတာ ဖြစ်တတ်ပါတယ်
ကျွန်တော့်ကိုမကြောက်ပါနဲ့ Perth
Perth : inn မြန်မြန်ပြန်ကြရအောင် ငါနားချင်လို့
Perth ကြည့်ရတာဒီနေရာကနေထွက်သွားဖို့ကိုအလျှင်လို
နေသလိုပဲ သူဘာဖြစ်နေတာလဲ ဒါပေမယ့် မစဉ်းစားတော့ပါ
ဘူး ကားစက်ကိုနှိုးပြီးအရှိန်တင်မောင်းလိုက်တယ်
Chen : Perth မင်းနေကောင်းတယ်မလား
P Chen ကသူ့အနားကိုလာဖို့လုပ်လိုက်ချိန်မှာ Perth က
အနောက်ကိုဆုတ်သွားတယ်
Chen : ဘာဖြစ်တာလဲ
Saint : Perth ဒါကျွန်တော့်မန်နေဂျာ P Chen လေ သူကလူ
ကောင်းပါ
Chen : Saint သူဘာဖြစ်တာလဲ
Saint : သူမှတ်ညဏ်တစ်ချို့ပျောက်နေတယ် ဒါပေမယ့် သူ
ကျွန်တော့်ကိုစတွေ့တုန်းကအချိန်ကိုမှတ်မိနေသေး
တယ် ဟုတ်တယ်နော် Perth
Perth : ငါ ငါနားချင်
Saint : ဟုတ်သားပဲ အနားယူမှသက်သာလာမှာပေါ့ လာ
Saint ကလက်ကိုဆွဲခေါ်လိုက်ပေမယ့် Perth ကလက်ကို
လွှတ်လိုက်တယ် ဝမ်းနည်းမိပေမယ့် Perth ကမှမမှတ်မိတာ
Saint : ဒါ Perth ရဲ့အခန်း အေးဆေးနားနော်
Saint ကအခန်းတံခါးကိုပိတ်ပေးလိုက်တယ် သူတံခါး
အနောက်ကိုမှီထားရင်းနဲ့မျက်ရည်ကျလာခဲ့တယ်
Saint : ငါဘာလို့ငိုနေရတာလဲ Perth ရှိနေတာပဲ ဘာလို့ငိုရ
မှာလဲ
Perth ကကုတင်ပေါ်မှာထိုင်ချလိုက်တယ်
ဘယ်အချိန်ထိလဲ ဘယ်အချိန်ထိဒီအိမ်မှာငါနေနေရမှာလဲ
သူတို့ပြောနေတဲ့ Perth ဆိုတာကိုငါမသိဘူး အလိမ်တွေပေါ်
သွားရင်ဘာဆက်လုပ်ရမှာလဲ
Part 2 ( the end )

Who Are You? ( complete)Where stories live. Discover now