Part 5

1.3K 162 11
                                    

Perth အိပ်ချင်မူးတူးနဲ့အောက်ထပ်ကိုဆင်းလာခဲ့တယ်
မွှေးလိုက်တာလို့စိတ်ထဲမှာတွေးနေမိတာ Saint ကမီးဖိုချောင်
မှာကိုယ်တိုင်ဟင်းချက်နေတာပဲ
Perth : Saint ဘာလုပ်နေတာလဲ
Saint : ဟင်းချက်နေတာလေ Perth အစောကြီးနိုးလာတယ်
နော် ပုံမှန်ဆိုဒီအချိန်အိပ်တုန်း
Saint ကစကားတောင်မော်ကြည့်ပြီးမပြောနိုင်ဘူး သူ့လက်
ထဲကဒယ်အိုးတစ်လုံးနဲ့အလုပ်ရှုပ်နေတယိ
Perth : ဝိုင်းကူပေးရမလား
Saint : မလုပ်ပါနဲ့ ရပါတယ် Perth ရေသွားချိုးလေ ဆင်းလာ
          ရင်အကုန်အဆင်သင့်ပြင်ထားမယ်နော်
    Saint က Perth ကိုအတင်းအပေါ်ထပ်ကိုတကိအောင်
ပခုံးကိုကိုင်ပြီးအတင်းတွန်းပို့လိုက်တယ်
ကျွန်တော့်လိုလူအတွက် အချစ်ဆိုတာ Perth ပါပဲ သူ့အတွက်ဘာမဆိုလုပ်ပေးနေရတာကိုကျေနပ်နေတဲ့သူပါ
တီ တီ တီ ....... ဖုန်းမြည်သံကြောင့်ဖုန်းကိုကိုင်လိုက်တယ်
နာမည်ကြည့်လိုက်တော့ သူ့အချစ်ဆုံးသူငယ်ချင်း
Saint : hello Baifern
Baifern : Saint ငါမနက်ဖြန်ပြန်ရောက်မယ် နင်လာမကြိုချင်
ဘူးလား
Saint : ငါလာချင်ပါတယ် ဒါပေမယ့် P Chen ကလွှတ်မှာမ
ဟုတ်ဘူးလေ နင်သိတဲ့အတိုင်းပဲ Media တွေကငါ
တို့နှစ်ယောက်လုံးကိုအလွတ်မပေးဘဲလိုက်ကြည့်
နေမှာ
Baifern : ဟုတ်ပါတယ်လေ ငါတို့နှစ်ယောက်လုံးကနာမည်
ကြီးတွေကို ထားပါတော့ ငါရောက်မှနင့်ဆီလာခဲ့
မယ်
Saint : ok နောက်မှဆုံမယ်
Saint ဘယ်သူနဲ့အဲ့လိုပြုံးပြီးဖုန်းပြောနေတာလဲ
Perth : ဘယ်သူလဲ
Saint : Bai လေ သူပြန်လာတော့မယ်
Perth : Bai ကဘယ်သူလဲ
Saint : ဟုတ်သားပဲ Perth မေ့နေတာကို ဘယ်သိမလဲ ကျွန်
တော့်သူငယ်ချင်းလေ နာမည်ကြီးမင်းသမီးပဲ Baifern
Perth : ဟုတ်လား
အခုမှသတိရတယ် Baifern ပြန်လာရင်ဘယ်လိုလုပ်ရမလဲ Perth နဲ့ Bai ကတည့်တာမဟုတ်ဘူး Bai ကသူ့ကိုအရမ်း
မုန်းနေတာ မတတ်နိုင်ဘူးလေ နှစ်ယောက်ကြားမှာအဆင်
ပြေအောင်ကြည့်နေရမှာပဲ
Perth : Saint Saint
Saint : ဟုတ်ကဲ့
Perth : ဘာတွေတွေးနေတာလဲ ထမင်းမစားဘူးလား
Saint : ဟုတ်သားပဲ Perth ဆာနေမှာပေါ့ တောင်းပန်ပါ
တယ် ထိုင်လေ အားလုံးအဆင်သင့်ခူးပြီးသား
Perth : ဒါနဲ့ မင်းအလုပ်မရှိဘူးလား
Saint : ဒီနေ့ အလုပ်တွေနားထားတာ ဒီနေ့က perth နဲ့ချစ်
သူဖြစ်တာတစ်လပြည့်ပြီလေ ဒါကြောင့် ဟင်းတွေကို
ကိုယ်တိုင်ချက်ပေးထားတာ
Perth : ဒီနေ့ကတစ်လပြည့်တဲ့နေ့လား
Saint : ဟုတ်တယ်လေ ဒါကြောင့် ဒီနေ့တစ်နေ့လုံး Perth
အနားမှာပဲနေမလို့ P chen ကိုတောင်ခွင့်ပေးထားတာ
Perth အတွေးထဲမှာဒီနေ့ကွက်တိကျတဲ့လွန်ခဲ့တဲ့အချိန်တစ်လကိုပြန်တွေးမိတယ်
စာအုပ်ဖတ်နေရင်းနဲ့ အခန်းထဲကထွက်လာတဲ့သူ့အကိုကို
သေချာဝတ်စားထားတာတွေ့လိုက်တယ်
Perth : အကို ဘယ်သွားဖို့လဲ
Nerth : ငါဘယ်သွားသွားပေါ့ မင်းအပူပါလို့လား ဒါနဲ့ ငါ့ကို
ပိုက်ဆံပေးစမ်း
Perth : ပိုက်ဆံမရှိဘူး
Nerth : ဟဲ့ကောင် မင်းငါ့ကိုလာပတ်မနေနဲ့ မင်းမှာရှိတာငါ
သိတယ် Perth ဒီနေ့ငါ့ကိစ္စအောင်မြင်ရင်နောက်ဆို
ပိုက်ဆံဆိုတာထားစရာနေရာတောင်ရှိမှာမဟုတ်
ဘူး ပေးစမ်းပါ မင်းကိုဆယ်ဆပြန်ပေးမယ်
Perth သက်ပြင်းချလိုက်မိတယ် ရင်ထဲမှာပါနေလို့မကောင်းတော့ဘူး သူပြောတဲ့ကိစ္စအောင်မြင်ရင်ဆိုတာ Saint ကို
အသုံးချဖို့လား တကယ်ပဲ ငါဘာလို့သူ့လိုလူနဲ့အမြွာအဖြစ်
မွေးလာရတာလဲ
Saint : Perth စားကြမယ်လေ
Perth : inn
Saint ကအုပ်ဆောင်းလေးကိုဖွင့်လိုက်တာနဲ့ Perth လန့်သွားမိတယ် ဒါတွေက
Saint : ဘာလို့အဲ့လိုကြည့်နေရတာလဲ Perth ကြိုက်တာတွေ
ပြင်ထားတာလေ ထည့်စားနော်
Saint ကပုစွန်ကြီးကြီးတစ်ကောင်ကိုသေချာအခွံနွှာပြီး
ပန်းကန်ထဲလှမ်းထည့်ပေးလိုက်တယ်
Saint : Perth ကပုစွန်အရမ်းကြိုက်တာဆို ကျွန်တော်သေ
ချာအခွံခွာပေးမယ် စားနော်
Saint ကပြုံးပြီး အခွံလေးတွေခွာပေးနေပေမယ့် Perth က
မစားဘဲပန်းကန်ကိုပဲငုံ့ကြည့်နေတယ်
Saint : Perth မစားဘူးလား အရသာမရှိလို့လား
Perth : မဟုတ်ပါဘူး
Perth ကချက်ချင်းပဲပန်းကန်ထဲကပုစွန်ကိုနှိုက်စားလိုက်
တယ် အဲ့တော့မှ Saint လည်းပြန်ပြုံးနိုင်တော့တယ်
Perth ခက်ရင်းကိုင်ထားတဲ့လက်ကတုန်တုန်ရီရီနဲ့ ပန်းကန်ထဲကပုစွန်သုံးလေးကောင်လောက်ကိုနှိုက်စားလိုက်တယ်
" အဟွတ် အဟွတ် "
Saint : ရရဲ့လား Perth
Perth ချောင်းထဆိုးလိုက်တာနဲ့ Saint ကရေတစ်ခွက်ပြေး
ခပ်ပြီးတိုက်လိုက်တယ် Perth ရဲ့ကျောကုန်းလေးကိုလက်နဲ့
ပွတ်သပ်လိုက်တယ်
Saint : သီးသွားတာလား ရရဲ့လား
Perth : ခဏလေး
Perth ကချက်ချင်းရေချိုးခန်းထဲဝင်ပြေးသွားတယ်
အထဲရောက်တာနဲ့အန်ချပါလေရော မျက်နှာတစ်ပြင်လုံးက
လည်းအသက်ရှူကြပ်နေတော့ နီရဲနေတယ်
အဲ့ဒါအကိုသက်သက်လုပ်ခဲ့တာ သူပုစွန်မကြိုက်ဘူး ငါမ
တည့်မှန်းသိလို့တမင်ပြောခဲ့တာဖြစ်ရမယ်
Saint ကအပြင်ကနေစိတ်ပူလို့ဟိုဘက်လျှောက်လိုက်ဒီဘက်
လျှောက်လိုက်နဲ့ Perth ကလည်းတော်တော်ကြာတဲ့ထိထွက်မလာသေးဘူး သူမနေနိုင်တဲ့အဆုံးတံခါးက်ိုခေါက်လိုုက်
တော့တယ်
Saint : Perth ရရဲ့လား ကျွန်တော်ဘာလုပ်ပေးရမလဲ
Perth : ရပါတယ် အဆင်ပြေတယ်
Perth ကအပြင်ကစိတ်ပူနေတဲ့အသံကိုကြားတာနဲ့သူ့
မျက်နှာကိုရေနဲ့သစ်ပြီး ထွက်လာခဲ့တယ်
Saint : ရရဲ့လားဟင် ရေတွေစိုနေတာပဲ
Saint ကဘေးနားကမျက်နှာသုတ်ပဝါကိုယူလိုက်ပြီး Perth ကိုသုတ်ပေးလိုက်တယ် Saint မျက်နှာလေးကအခုလို
အချိန်ကြည့်နေရင်တောင်အရမ်းအေးချမ်းတယ် Perth ကို
လည်းအရမ်းချစိလို့စိုးရိမ်နေတဲ့ပုံပေါ်တယ်
အားနာမိပါတယ် ငါမင်းအတွက်အတတ်နိုင်ဆုံး တစ်ခုခုပြန်
လုပ်ပေးချင်ပါတယ် မင်းကဓားစာခံဖြစ်ခဲ့ရတာပါ
Saint : နေမကောင်းရင်သွားအိပ်လိုက်ပါလား
Perth : ရပါတယ် ဒီနေ့တစ်လပြည့်အထိမ်းအမှတ်ကိုမင်းအ
ရမ်းမျှော်လင့်ထားလို့ အလုပ်တောင်ဖျက်ထားတာမ
လား ငါမအိပ်ချင်ပါဘူး
Perth ကဘယ်တုန်းကမှ ကျွန်တော့်စိတ်ကိုဝိုင်းပြီးနားလည်ပေးဖူးတာမဟုတ်ဘူး သူလုပ်ချင်တာကိုပဲလုပ်တတ်တဲ့သူ
မျိုး အခုတော့သူ့ဆီကကျွန်တော့်အတွက်စာနာတဲ့စကားမျိုးကိုကြားရပြီလေ ပျော်ရွှင်မိတယ် Perth
Saint ကသူတို့တစ်လပြည့်အထိမ်းအမှတ်အတွက် ကိ်တ်မုန့်
လေးပါကြိုမှာထားသေးတယ်
Saint : ဖယောင်းတိုင်မီးမမှုတ်ခင်ဆုတောင်းသင့်တယ်လေ
           အတူဆုတောင်းရအောင်
   Saint ကချက်ချင်းပဲ Perth လက်နှစ်ဖက်ကိုသူ့လက်တေနဲ့ပူးကပ်ပြီးလက်အုပ်ချီထားလိုက်တယ် Saint ကပြုံးပြီးသူ့
မျက်လုံးတွေကိုမှိတ်ထားလိုက်တယ် သူတစ်ခုခုကိုဆုတောင်းနေတဲ့ပုံပဲ
ကျွန်တော့်တစ်ဘဝလုံးကဆင်းရဲမှုတွေနဲ့လုံးပန်းနေရတော့
ဘာကိုမှမခံစားနိုင်ဘူး အလှတရားဆိုတာဒီလိုစိတ်ထား
ရှိတဲ့သူလား  နူးညံ့တယ်ဆိုတာသူအခုကိုင်ထားတဲ့လက်လေးတွေလိုလား ချစ်စရာကောင်းတယ်ဆိုတာ ဒီလိုအပြုံးမျိုးလား ပြီးပြည့်စုံတဲ့ဆိုတာဒီလိုမျက်နှာမျိုးလား
ဘာကိုမှမဆုတောင်းနိ်ုင်ဘဲ သူ့ရဲ့အပြစ်ကင်းတဲ့မျက်နှာနုနုလေးကိုပဲငေးကြည့်နေမိတယ် နောက်ထပ်ခံစားလိုက်ရတဲ့အရာတစ်ခုကိုသေချာတော့မပြောတတ်ပေမယ့် အဲ့ဒါအချစ်
လားလို့တွေးမိတယ်
Perth ကဖြည်းဖြည်းချင်း Saint အနားကိုကပ်သွားပြီး Saint
ရဲ့နဖူးလေးကိုညင်သာစွာနမ်းလိုက်တယ်
မထင်မှတ်ထားတဲ့အနမ်းကြောင့် Saint မျက်လုံးတွေက
Perth ဆီသေချာကြည့်လိုက်မိတယ်
     ဘာလို့မှန်းမသိပေမယ့် ဒီအချိန်မှဒီကောင်လေးကိုမနမ်းရရင်ကျွန်တော့်နှလုံးခုန်နှုန်းကပေါက်ထွက်တော့မယ် ဆက်
ထိန်းမထားနိုင်လောက်အောင်သူ့ကိုပိုင်ဆိုင်ချင်မိသွားပြီ
                              Part 5 ( the end )

Who Are You? ( complete)Where stories live. Discover now