Part 7

1.2K 140 6
                                    

       P Chen ကလက်ထဲမှာလေးထောင့်ပါကင်ထုပ်အကြီး
ကြီးကိုကိုင်ပြီးအိမ်ထဲကိုဝင်လာတယ်
Perth : P Chen အဲ့ဒါဘာကြီးလဲ
    Saint က P Chen ပါဆယ်ထုပ်ကြီးကိုင်လာတာမြင်တာနဲ့
အောက်ထပ်ကိုပြေးဆင်းလာတယ်
Saint : ရလာပြီလား P Chen
Chen : လေးလိုက်တာ Saint ရာ
Perth : အဲ့ဒါဘာကြီးလဲ Saint
Saint : Perth ကိုပြမယ်လေ
   Saint ကပါကင်ပိတ်ထားတဲ့စက္ကူတွေကိုဖြည်ချလိုက်တယ်
Saint : ကြည့်ပါဦး မမိုက်ဘူးလား
   ဟိုနေ့ကသူတို့ရိုက်ထားတဲ့ပုံလေးကို Saint ကမှန်ဘောင်
သွင်းထားတာပဲ စိတ်ထဲမှာကြည်နူးလို့ဘာပြောလို့ပြောရမှန်း
တောင်မသိတော့ဘူူး
Perth : တစ်ခြားပုံတွေအများကြီးရှိရဲ့သားနဲ့ ဘာလို့အဲ့ပုံကိုမှ
          ရွေးလုပ်တာလဲ
   Saint ကဓာတ်ပုံထဲက Perth မျက်နှာလေးကိုလက်နဲ့အသာလေးပွတ်သပ်ကြည့်ရင်း ပြုံးနေမိတယ်
Saint : တစ်ခြားပုံတွေကိုအခုလိုပုံကြီးချဲ့ဖို့တစ်ခါမှမစဉ်းစား
          ခဲ့ဖူးဘူး ဒါပေမယ့် P Chen ကမနေ့ကဒီပုံလေးကို
          လာပြတော့ စိတ်ထဲမှာဘယ်လိုခံစားရလဲမသိဘူး
Perth : ဘယ်လိုမျိုးခံစားရလို့လဲ
Saint : Perth ပဲကြည့်လေ Perth ရဲ့အပြုံးလေးကဒီပုံထဲမှာ
             အရမ်းအသက်ဝင်တယ် စိတ်ထဲမှာကြည်နူးရတယ်
   Perth နဲ့ Saint ကတစ်ယောက်နဲ့တစ်ယောက်ပြုံးကြည့်
နေတော့ P Chen ကကြားထဲကနေချောင်းဝင်ဟန့်လိုက်တယ် " အဟန့် အဟန့် "
Chen : မင်းတို့နှစ်ယောက် အဲ့လိုကြီးကြည့်နေမှာလား
Saint : P Chen ကလေ အမြဲဝင်ပြီးဖျက်ဆီးတယ် ဘာမှန်း
          လည်းမသိဘူး
Chen : Aww အခုတော့အဲ့လိုပြန်ခံပြောနေတယ်ပေါ့
Saint : မဟုတ်ပါဘူး ရိုက်ကွင်းသွားဖို့ပြင်ဆင်လိုက်ဦးမယ်
Perth : ရိုက်ကွင်းရှိတာလား
Saint : အင်း ရှိတယ် Perth လိုက်ခဲ့ဦးမလား လိုက်ကြည့်မ
             လား
Perth : နောက်တစ်ခါမှလိုက်တော့မယ်လေ
   " ဒေါက် ဒေါက် " တံခါးခေါက်သံကြောင့် Lay ကတံခါးဖွင့်
ပေးလိုက်တယ် သူ့ကိုအပြင်မှာစောင့်နေတဲ့ခပ်လန်းလန်းမင်း
သမီးလေး Baifern ကိုသေချာကြည့်နေလိုက်တယ်
Lay : ရှင်က ရှင်က Baifern မလား
Bai : တွေ့ရတာဝမ်းသာပါတယ် Lay မလား
  ဒီလိုနာမည်ကြီးမင်းသမီးတစ်လက်ကသူ့ကိုဘာလို့လာတွေ့
ရတာလဲ အံ့သြလွန်းလို့ဘာမှတောင်ပြန်မပြောနိုင်ဘူး
Lay ဆိုတဲ့နာမည်ကိုလည်းသူခေါ်လိုက်တော့ပိုမှင်သက်မိ
တယ်
Lay : အမ ညီမကအမရဲ့ပရိတ်သတ်ပါ
Bai : ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒါနဲ့ အိမ်ထဲဝင်လို့ရမ
       လား အပြင်မှာကျတော့
   သူ့နောက်ကိုသတင်းထောက်တွေကအဆက်မပြတ်လိုက်
နေကြတာဆိုတော့ အပြင်မှာရပ်နေလို့ကမသင့်တော်ဘူး
အဲ့ဒါကိုရိပ်မိလို့ Lay ကအိမ်ထဲကိုဖိတ်လိုက်တယ်
Lay : ဒါနဲ့ ညီမလိုလူမျိုးဆီကိုလာတာ ကိစ္စတစ်ခုခုရှိလို့လား
Bai  : ကျွန်မကိုသိပြီးသားဖြစ်မှာပါ အဲ့လိုပဲ Saint ကိုလည်း
           ညီမသိပြီးသားဖြစ်မယ်ထင်ပါတယ်
Lay : P Saint ရဲ့ပရိသတ်တစ်ယောက်လည်းဖြစ်ပါတယ်
       ဒါနဲ့ ပြသနာရှိလို့လားဟင်
Bai : Perth ကိုသိလား Perth နဲ့အလုပ်အတူတူလုပ်ပြီးသူ
       ငယ်ချင်းတွေလို့ကြားတယ်
Lay : ဟုတ်ပါတယ် ဒါနဲ့ Perth ကိုဘာလို့မေးတာလဲ
Bai  : သူ့အကြောင်းသိချင်ပါတယ် ပြောပြပေးနိုင်မလား
Lay : ဘာလို့ မေးလဲမသိပေမယ့် အကြောင်းအရင်းမပေးဘဲ
       နဲ့တော့သူငယ်ချင်းအကြောင်းကိုပြောလို့ဘယ်ဖြစ်ပါ့မ
       လဲ
Bai : သူကတို့တွေအိမ်ကိုရောက်နေတယ်
Lay : ရှင် ဘာလို့သူက
Bai : ပြောပြပေးပါ ဒါမှလည်းသူ့ကိုလက်ခံထားသင့်မထား
       သင့်ဆုံးဖြတ်လို့ရမှာပေါ့ သူကလူဆိုးတစ်ယောက်ဆိုရင်
Lay : Perth ကလူကောင်းပါ ကောင်းတာထက်ကိုပိုတဲ့လူပါ
        သူ့အကိုလိုလူဆိုးလူမိုက်မဟုတ်ပါဘူး
Bai : အကိုလား သူ့မှာအကိုရှိတယ်မကြားမိဘူး သူ့အကိုက
        ဘယ်မှာနေတာလဲ
   Perth ကနံရံမှာချိတ်ထားတဲ့ဓာတ်ပုံကိုကြည့်လို့မဝကိုဖြစ်
နေတယ် ဒီအတိုင်းရပ်ပြီးအဲ့နံရံကိုပဲငေးကြည့်နေခဲ့တယ်
ပြုံးလိုက် ပျော်လိုက်နဲ့ အရမ်းသဘောကျနေတယ်
Perth : Perth မင်းဘာဖြစ်နေတာလဲ ဘာလို့ဒီလိုဖြစ်နေတာ
          လဲ မင်းယောကျာ်းလေးချင်းသဘောကျနေတာလား
           မဖြစ်သင့်ဘူးလေ
    သူ့ကိုသူသတိပေးတယ် ဒါပေမယ့် သူအတွေးတွေရောက်
ရောက်သွားတာက လသာဆောင်မှာသူ Saint ကိုနမ်းခဲ့တာ
လေးဆီပဲအတွေးကရောက်ရောက်သွားတယ်
Perth : ဟာ ငါဘာတွေတွေးနေပြန်ပြီလဲ ငါအဲ့ကောင်လေးကို
          ချစ်မိနေတာလား
    တစ်ခါတစ်လေ Saint အပေါ်ကြည့်လိုက်တဲ့အကြည့်တွေ
သူ့အပေါ်ထားလိုက်တဲ့စိတ်တွေ ပေးခဲ့တဲ့ကတိတွေက
သူ့နှလုံးသားကခိုင်းစေရာကိုသာလိုက်ခဲ့တာ သူတစ်ခါမှသေ
ချာမစဉ်းစားဖူးဘူး သူ့ကိုသူဘာလို့အဲ့လိုဖြစ်နေမှန်းလည်းမသိဘူး ဒါပေမယ့် ဖြစ်နိုင်ချေအများဆုံးကတော့ သူ့ရင်ထဲမှာ
တစ်ခါမှမခံစားဖူးတဲ့ အချစ်တွေပေါက်ဖွားလာတာပဲ
Perth : Nerth သူပြန်ရောက်လာရင်ဘယ်လိုလုပ်မလဲ
             ငါ့အကိုကိုခွဲစိတ်ခွင့်မပေးထားတာ ငါမတရားရာများ
             ကျနေလား ဒါပေမယ့် သူပြန်လာရင်ငါ့ကိုသတ်လိမ့်
              မယ်
     P Chen က Saint အတွက်အအေးဘူးကိုဖွင့်ပြီးပေး
လိုက်တယ်
Chen : မင်းအခုတလော ပြုံးစိစိနဲ့တော်တော်ပျော်နေလား
Saint : P Chen Perth ကလေ အခုတလောပိုချစ်တတ်လာ
            သလိုခံစားရတယ် အရင်ကနဲ့တစ်ခြားစီလို့တွေးမိ
တယ်
Chen : အဲ့လိုတော့လည်းမဟုတ်ပါဘူး မင်းသူနဲ့သိတာတစ်
လပဲရှိသေးတယ်လေ သူ့အကြောင်းကိုတဖြည်းဖြည်း
နားလည်လာတာလည်းဖြစ်မှာပေါ့
Saint : သူအတိတ်မေ့နေတာ ပိုကောင်းတယ်လို့တောင်ခံ
စားရတယ်
Chen : အဲ့လိုမပြောရဘူးလေ
Saint : ပြောလို့မကောင်းမှန်းတော့သိပါတယ် ဒါပေမယ့် တ
ကယ်ပဲ အခု Perth ကိုပိုသဘောကျတယ် အဲ့ဒါဘယ်
လိုလုပ်ရမလဲ
Chen : ဘယ်လိုမှမလုပ်နဲ့ အိမ်စောစောပြန်ချင်တယ်မလား
ချစ်ရသူလေးနဲ့တွေ့ဖို့လေ
Saint : ဟုတ်
Chen : ဒါဆို ထတော့ အလုပ်ပြန်လုပ်တော့
Perth က Mike နဲ့အတူခြံထဲမှာလမ်းဆင်းလျှောက်နေ
တယ်
Perth : Mike မင်းလည်းမင်းသခင်လိုပဲ ချစ်ဖို့ကောင်းတယ်
သူဒီနေ့တစ်နေ့လုံးဘာဖြစ်နေတာလဲ တစ်ချိန်လုံးအိမ်မှာ
တစ်ယောက်ထဲတွေးချင်တိုင်းကိုတွေးနေတော့တာပဲ တွေး
လိုက်တိုင်းအတွေးထဲဝင်လာတာလည်း အပြစ်ကင်းပြီးချစ်
ဖို့ကောင်းတဲ့လူသားလေး Saint အကြောင်းကြီးပဲ
Mike ကလည်းအောက်ကနေ တဝုတ်ဝုတ်နဲ့
Perth : Aw မင်းကပါမင်းအဖေကိုထောက်ခံနေတာလား
ဟုတ်တယ်မလား သူကချစ်ဖို့ကောင်းတယ်မလား
ဘယ်လိုလုပ်ရမလဲ Mike ငါကသာသူ့ချစ်သူမဟုတ်
မှန်းသိသွားရင် သူငါ့ကိုမုန်းသွားနိုင်လား ငါဘာလုပ်ရ
မလဲ
Bai : ကျိန်းသေမုန်းနိ်ုင်တာပေါ့
Baifern ရုတ်တရက်ရောက်လာလို့ သူလန့်ပြီးနောက်
လှည့်ကြည့်လိုက်တယ် Bai ကသူ့နားကိုဖြေးဖြေးချင်းလျှောက်လာခဲ့တယ် သူမရဲ့အကြည့်တွေကအစစူးရှလွန်းနေတော့
Perth ထိတ်လန့်နေမိတယ်
Perth : Bai ဘယ်တုန်းကရောကိလာတာလဲ အိမ်ထဲဝင်လေ
Bai : ကတိပေးတယ်လား ရှင်က Saint ကိုစောင့်ရှောက်
မယ်လို့ ကတိပေးရဲသေးတာလား
Perth : Bai
Bai က Perth အနားကိုပိုပြီးကပ်ကပ်လာတယ်
Bai : ရှင်က ဘယ်သူလဲ ?
Part 7 ( the end )

Who Are You? ( complete)Where stories live. Discover now