Part 9

1.2K 152 5
                                    

Perth ကမနက်မိုးလင်းတာနဲ့ အောက်ထပ်ကိုဆင်းပြီး
Saint အတွက်မနက်စာချက်ပြုတ်နေတယ်
Saint ကနိုးလာတာနဲ့ Perth ရဲ့အခန်းတံခါးလေးကိုဖြည်း
ဖြည်းလေးဖွင့်ကြည့်လိုက်တယ် Perth နိုးသွားမှာစိုးလို့အခန်း
တံခါးလေးကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပေမယ့် ကုတင်ပေါ်မှာ
Perth ကိုမတွေ့ရဘူး
Saint : သူစောစောစီးစီးဘယ်သွားတာလဲ
အောက်ထပ်ကိုဆင်းကြည့်တော့မှပဲ Perth တစ်ယောက်ထဲ
မီးဖိုချောင်ထဲမှာအလုပ်လုပ်နေတယ်
Saint တစ်ယောက်အသည်းယားလို့သူ့နှုတ်ခမ်းလေးကိုဖိကိုက် မသိမသာလေးအနားကိုတိတ်တိတ်လေးသွား ခြေသံမ
ကြားအောင်ဖြည်းဖြည်းလေးအနောက်ကနေပတ်လျှောက်ပြီး
တော့မှ
" warr " Perth ကိုအနောက်ကနေလှမ်းဖက်လိုက်တော့
ရင်တွေတောင်တုန်တယ်
Perth : လန့်လိုက်တာ
Saint : ဘာတွေလုပ်နေတာလဲ
Perth ခါးလေးကိုဖက် သူ့ပခုံးလေးပေါ်မှေးလေးတင်ပြီး
လာစပ်စုနေတဲ့ကောင်လေးကြောင့် Perth ကပြုံးနေမိတယ်
Saint : ဟင် ပြုံးနေတာလား ဘာလုပ်နေလဲမေးတာကို
ဘာလုပ်နေတာလဲ ဘာလုပ်နေတာလဲလို့
Saint ကအတင်းကိုနားနားကပ်ပြီးအဆက်မပြတ်ရေရွတ်
နေလိုက်တယ်
ဒီလိုချစ်ဖို့ကောင်းတဲ့ကောင်လေးကြောင့်မနေနိုင်တော့ဘူး
Perth က Saint ဖက်ကိုလှည့်လိုက်ပြီး ပါးနီနီလေးနှစ်ဖက်ကို
ဆွဲညှစ်လိုက်တယ်
Saint : နာတယ်
Perth : မင်းဘယ်တုန်းကအဲ့လောက်စကားများတတ်တာလဲ
တော်တော်နားညီးတယ်
Saint ကချက်ချင်းမျက်နှာဆူပုပ်သွားတယ် Perth လက်နှစ်ဖက်ကိုသူ့လက်တွေနဲ့ဖယ်ထုတ်လိုက်တယ်
Saint : ဘာမှန်းလည်းမသိဘူး မစတော့ဘူး သွားတော့မယ်
Saint ကလှည့်ထွက်သွားဖို့သူ့ခန္ဓာကိုယ်ကိုလှည့်လိုက်ချိန်
မှာပဲ Perth ကလက်လေးတစ်ဖက်ကိုဆွဲပြီး အားနဲ့သူ့ရင်ခွင်
ထဲဆွဲသွင်းထားလိုက်တယ်
Perth ရဲ့နှလုံးသားနဲ့အနီးဆုံးနေရာမှာနေနေရတော့ ဘာလုပ်
ရမှန်းမသိအောင်ကိုရင်ခုန်ရတယ် နောက်ဆုံးမှာတော့အရှက်
ပြေစကားလေးတစ်ခွန်းပဲကြားရတယ် " Perthhhh "
Perth : ဘယ်လိုအသံလေးနဲ့ခေါ်လိုက်တာလဲ ချစ်ဖို့ကောင်း
လွန်းတယ်
Saint : နားညီးတယ်ဆို
Perth : ချစ်လို့စတာမသိဘူးလား ဟင်
Saint : တကယ်ပဲထင်တာ ကျွန်တော်အရင်ကဒီလိုမနေဖူး
တော့ Perth အတွက်အနှောင့်အယှက်ဖြစ်မယ်ထင်လို့
Perth က Saint ပခုံးကိုလက်လေးနဲ့ကိုင်လိုက်ပြီး သေချာ
ကြည့်လိုက်တယ်
Perth : ဘာလို့ အရင်ကဒီလိုတီတီတာတာမနေတာလဲ
Saint : ကျွန်တော်ပြောရင်စိတ်မဆိုးနဲ့နော်
Perth : ဘာလို့ဆိုးရမှာလဲ ပြောပါ
Saint ကမပြောခင်အသက်ကိုဝအောင်ရှူလိုက်သေးတယ်
Saint : ဘာလို့လဲမသိဘူး Perth အတိတ်မေ့ပြီးထဲကအရင်နဲ့
မတူဘူး အတိတ်မေ့နေတာကောင်းလိုက်တာလို့
တောင်တွေးနေမိတာ အခု Perth ကိုပိုပိုချစ်လာတယ်
Perth ထွက်သွားမှာ ပြောင်းလဲသွားမှာကိုကြောက်နေ
မိတာ
Saint ဆက်ပြောရင်ငိုမိတော့မယ်ဆိုတာသိလို့ Perth ကဖက်ထားလိုက်တယ်
Perth : ငါကမင်းကိုဘာလို့ထားခဲ့ရမှာလဲ ထာဝရနေမှာ မင်း
ကချစ်ဖို့ကောင်းလွန်းလို့ တစ်ရက်လေးခွဲရင်တောင်
မနေတတ်တော့တာ သိရဲ့လား
Saint : ချစ်တယ်လို့ ပြောပေးပါလား တစ်ခါမှ Perth ဆီက
အဲ့လိုမကြားခဲ့ဖူးဘူး
ကို့ချစ်သူဆီကတောင် ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်း
ကိုတောင်းတခဲ့ရတဲ့မင်းကို ငါသနားလွန်းလို့ဘယ်လိုလုပ်ရ
မလဲ Saint ရယ် ..... စိတ်ချပါ ဒီအချိန်ကစပြီးငါ့အကိုရဲ့လုပ်
ရပ်တွေအတွက်နှစ်ဆပိုတိုးပြီးချစ်ပေးပါ့မယ်
Perth : အများကြီး ချစ်တယ် Saint မင်းကိုအရာအားလုံး
ထက်ပိုချစ်တယ်
ချစ်တယ်ဆိုတဲ့စကားလေးကိုကြားကြားချင်းပဲ Saint မျက်
ဝန်းထဲကမျက်ရည်စက်လေးတွေကျလာတယ် Perth ခါးကို
ပိုပြီးတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်မိတယ်
အမြဲဒီလိုလေးနေပေးပါ မထားခဲ့ပါနဲ့ ချစ်လွန်းလို့မထားခဲ့ပါနဲ့
Perth သာထားခဲ့ရင်ကျွန်တော်ရူးရလိမ့်မယ်
Perth : ဘာလို့ငိုနေတာလဲ ချစ်တယ်လေ မငိုပါနဲ့
Perth ကကျဆင်းလာတဲ့မျက်ရည်စက်တွေကိုလက်နဲ့သုတ်ပေးလိုက်တယ်
Saint : ပျော်လို့ပါ ပျော်လွန်းလို့ ဝမ်းသာလွန်းလို့ ကျလာတဲ့
မျက်ရည်တွေပါ
Perth : ဒီနေ့ကစပြီးအတူရီကြမယ်လေနော် ထပ်မငိုစေရဘူး
ငါ့ကြောင့်မင်းစိတ်မညစ်ရဘူး ကတိပေးတယ်
Saint : အရမ်းချစ်တယ် Perth ရယ်
ကလေးလေးတစ်ယောက်လိုကို Perth ရင်ခွင်ထဲပြေးဝင်ပြီး
ဖက်ထားလိုက်မိတယ်
Perth : အလုပ်သွားရမယ်မလား မနက်စာပြင်ပေးထားတာ
စားပြီးသွားနော်
Saint : ဟုတ်ကဲ့
Perth : လာ အတူစားကြမယ်
Perth ကထိုင်နေတဲ့ Saint အတွက်အဆင်သင့်စားစရာ
ကိုချပေးလိုက်တယ်
Saint : inn ကောင်းလိုက်တာ ဒါနဲ့ Perth ကျွန်တော်တို့ခရီး
အတူသွားရအောင်
Perth : ခရီးလား
Saint : Perth မသွားချင်လည်းရပါတယ်
Perth ကခရီးလို့ပြောလိုက်တာနဲ့မျက်နှာပျက်သွားတော့
Saint ကစကားကိုပြန်ဖြည်ပြောလိုက်တယ်
Perth : ငါကရပါတယ် ဒါပေမယ့် မင်းကနာမည်ကြီးဆိုတော့
ကောလာဟာလထွက်လာမှာစိုးရိမ်တယ်
Saint : ရပါတယ် Perth ရဲ့ ကျွန်တော်တို့ခိုးပြီးသွားမယ်လေ
Media တွေနဲ့တူတူပုန်းတမ်းဆော့တာပေါ့
Perth : ဘယ်တော့သွားချင်တာလဲ
Saint : ကြော်ငြာရိုက်ကွင်းကမပြီးသေးဘူးဆိုတော့ ပြီးတဲ့
အချိန်မှသွားလို့ရမှာ အလုပ်ကြိုဖျက်ထားလိုက်မယ်
Perth : မင်းအဆင်ပြေရင်ရတယ်
Saint : ကျေးဇူးပါပဲ Perth
" ok ကောင်းတယ် နောက်တစ်မျိုး ok " ကင်မရာမန်းက
အမျိုးမျိုးကိုလှည့်ပတ်ပြီးရိုက်နေတယ် Saint နဲ့ Baifern
ကလည်းအမိုက်ဆုံးပို့စ်တွေနဲ့
Saint ကမိတ်ကပ်ပြင်နေတုန်း Bai ကအနားကိုရောက်လာ
ပြီးထိုင်လိုက်တယ်
Saint : Bai နင်ပြန်မပြင်ဘူးလား
Bai : ပြန်ပြင်စရာမလိုအောင်ကိုငါကလှတယ်လေ
Saint : အေးပါ
Bai : ဒါနဲ့ Perth ကနင့် shooting ကိုလိုက်မလာဘူးလား
Saint : သူကအေးဆေးနေရတာကြိုက်တယ်
Bai : အော် အင်းပါ ပြန်ရိုက်ဖို့ခေါ်နေပြီ လာတော့
Saint ကအအေးသောက်ချင်တယ်ဆိုလို့ Perth တစ်
ယောက်ထဲအမြန်သွားဝယ်ပြီးပြန်လာခဲ့တယ် အိမ်တံခါးဖွင့်
လိုက်တာနဲ့တစ်အိမ်လုံးကအမှောင်ကျနေတော့သူ့စိတ်တွေ
ထူပူသွားတယ်
Perth : Saint
Saint ဘယ်ရောက်နေတာလဲဆိုပြီးတွေးပူမိသွားတယ်
အလင်းရောင်လေးတစ်ခုကတိုင်အနောက်ဖက်ကနေထွက်
လာတော့သူသေချာစူးစိုက်ပြီးကြည့်လိုက်တယ်
ဖယောင်းတိုင်မီးရောင်လေးတွေနဲ့အတူ Saint ရဲ့မျက်နှာ
လေးကိုပါမြင်လိုက်ရတော့မှသူစိတ်သက်သာရာရတော့တယ်
" Happy Birthday to you , Happy Birthday to you
Happy Birthday dear perth , Happy birthday to you"
Saint : မနက်ဖြန်ကျရောက်မယ့်မွေးနေ့အတွက် Surprise
ပျော်လွန်းလို့ Saint ရဲ့မျက်နှာလေးကိုပဲငေးကြည့်နေမိ
တော့တယ် သူ့ဘဝမှာမွေးနေ့ကိတ်ဆိုတာတစ်ခါမှမရခဲ့ဖူးလို့
မျက်ရည်တောင်ကျရတယ်
Perth : Saint ကျေးဇူးပါ တကယ်ကျေးဇူးပါပဲ
Saint : မီးမှုတ်ပြီး ဆုတောင်းဦးလေ
Saint ကိုင်ထားတဲ့ကိတ်ပေါ်ကဖယောင်းတိုင်လေးတွေကို
လေနဲ့မှုတ်လိုက်ပြီး လက်လေးနှစ်ဖက်ကိုချည်ပြီးဆုတောင်း
လိုက်တယ်
" ဒီအချိန်မှစ Saint ရဲ့တစ်ဘဝလုံး အမြဲပြုံးရီနိုင်ပါစေ "
Saint ကသူ့ကိုပဲပြုံးပြီးကြည့်နေတယ် Perth ကကိတ်ကိုခွဲ
လိုက်ပြီး Saint ကိုပထမဆုံးခွံ့လိုက်တယ်
Saint : ကျွန်တော်ကလည်းပြန်ခွံ့မယ် Happy Birthday
Perth ကကိတ်မုန့်ယ်ိုကိုယူပြီး Saint ကိုသုတ်ဖို့ကြိုးစား
လိုက်ပေမယ့် Saint ကရှောင်လိုက်တော့ပါးပေါ်တင်ရမယ့်
ယိုတွေကသူ့နှုတ်ခမ်းပေါ်ကိုပေသွားတယ်
Saint : ပေကုန်ပြီ Perth
Perth က Saint ခါးကနေဆွဲပြီးသူနဲ့အနီးဆုံးကိုဆွဲဖက်ထား
လိုက်တယ် Saint ရဲ့ပြူးကြောင်ကြောင်ဖြစ်သွားတဲ့မျက်နှာ
လေးကိုချစ်မိတယ်
Saint : Perth ဘာလုပ်တာလဲ
Perth : မင်းယိုတွေပေကုန်ပြီလေ ကိုသုတ်ပေးမလို့ပေါ့
Perth ကမပြောမဆိုနဲ့ Saint နှုတ်ခမ်းတွေကိုစုပ်နမ်းလိုက်
တယ် Saint ရဲ့နှုတ်ခမ်းပေါ်ကယိုတွေပျောက်သွားတဲ့ထိစုပ်
နမ်းလိုက်တယ်
Perth ရဲ့အနမ်းကိုပထမဆုံးရည်းစားစဖြစ်တဲ့နေ့ကရခဲ့ဖူးပါ
တယ် ဒါပေမယ့် ဘာလို့အခုအနမ်းလေးကပိုမြတ်နိုးစရာ
ကောင်းနေတာလဲ ဘာလို့ပိုရင်ခုန်ဖို့ကောင်းနေရတာလဲ
နားမလည်နိုင်တော့ဘူး ဘာပဲဖြစ်ဖြစ်နားလည်တာတစ်ခုက
ကျွန်တော်သူ့ကိုအရမ်းချစ်မိနေပြီ
Part 9 ( the end )

Who Are You? ( complete)Where stories live. Discover now