Part 6

1.2K 157 11
                                    

      Perth ဆီကတစ်ကြိမ်ရခဲ့ဖူးပြီးသားပါ ဒါပေမယ့် မနေ့က
သူနဖူးလေးကိုနမ်းလိုက်တာကိုမိုးလင်းအိပ်ရာနိ်ုးလာတာနဲ့
မျက်လုံးထဲပြေးမြင်မိတယ် ဘာလို့လဲ ဘာလို့ရင်ခုန်သံတွေ
ကတဒိုင်းဒိုင်းမြည်နေရတာလဲ အခုမှစနမ်းတဲ့အနမ်းလည်းမ
ဟုတ်ဘူး အဲ့ဒါကိုဘာလို့အခုထိရှက်နေရတာလဲ
အောက်ထပ်ဆင်းဖို့ကိုလှေကားထိပ်မှာလှေကားတစ်ထစ်
လောက်ကိုဆင်းလိုက် တက်လိုက်နဲ့ Saint တစ်ယောက်ထဲ
ဗျာများနေရတယ်
Saint : Ar 
   သူ့ကျောကုန်းကိုဘယ်သူကလက်ဝါးနဲ့တစ်ချက်ရိုက်လိုက်
တာလဲ နောက်လှည့်ကြည့်လိုက်တော့မှ
Chen : မင်းဘာလုပ်နေတာလဲ
Saint : လန့်လိုက်တာ P Chen ကလည်း
Chen : ဘာတွေစိတ်ကူးနေလို့လဲ မနေ့ညကများ
   Saint ကခေါင်းတွေရော လက်တွေရောအတင်းခါလိုက်
တယ်
Saint : မနေ့ကဘာမှမဖြစ်ပါဘူး တကယ်ပါ
Chen : ငါမင်းကိုဘာမှမမေးရသေးဘူးလေ
Saint : ဟုတ်သားပဲနော်
  P Chen က Saint အနားကိုကပ်ပြီးတိုးတိုးလေးမေးလိုက်
တယ်
Chen : ပြောစမ်းပါ မင်းတို့ညက
Saint : ညကလေ Perth က
   Saint ကရီလိုက် စကားကိုတစ်လုံးချင်းပြောလိုက်နဲ့ဆို
တော့ P Chen ကစိတ်ဝင်တစားနဲ့နားထောင်နေတယ်
Saint : သူကလေ ကျွန်တော့်နဖူးကို နမ်းလိုက်တယ်
Chen : ဘာ
  P Chen ကအကျယ်ကြီးအော်လိုက်တော့ Saint ခမျာလန့်
သွားရှာလို့ သူ့ရင်ဘတ်ကိုဖိထားရတယ်
Saint : P Chen ဘာလို့အဲ့လောက်အော်ရတာလဲ
Chen : မင်းကလေ မင်းကတော့လေ
  P Chen က Saint ကျောကုန်းကိုတဖက်ဖက်နဲ့ကိုရိုက်
လိုက်တယ်
Saint : Arr နာတယ်
Chen : နဖူးနမ်းခံရတာကို အခုဒီပုံစံကဘယ်လိုဖြစ်နေတာလဲ
         မသိရင်ပဲ တစ်ညအိပ်ထားလို့ရှက်နေတဲ့ပုံနဲ့
Saint : ဟာ P Chen ကလည်း ဘာတွေပြောနေတာလဲ
          ကျွန်တော်တို့ကရိုးရိုးလေးချစ်တာပါ
Chen : မင်းသူနဲ့နှုတ်ခမ်းချင်းတစ်ခါနမ်းဖူးပြီးသားမလား
   Saint ကခေါင်းညိမ့်ပြလိုက်တယ်
Chen : အဲ့ဒါကို အခုနဖူးလေးနမ်းလိုက်တာ ဘာလို့အဲ့
          လောက်ဖြစ်နေရတာလဲ အပိုတွေလာလုပ်နေတယ်
  P Chen ကအော်ပြီးအောက်ထပ်ကိုဆင်းသွားတယ်
Saint တစ်ယောက်ထဲအတွေးတွေနဲ့ကျန်နေခဲ့တယ် P Chen
ပြောတာမှန်တယ် သူဒီအနမ်းလောက်ကိုရှက်ပြီးရင်ခုန်နေဖို့မှ
မလိုတာ အဲ့ဒါကိုဘာလို့ရင်ထဲမှာတစ်မျိုးကြီးခံစားမိနေတာလဲ
Perth : Saint
Saint : aww Perth အစောကြီးနိုးနေတာလား
Perth : အင်း ဘာရပ်လုပ်နေတာလဲ ဒီနေ့ မင်းသူငယ်ချင်း
             လာမယ်ဆို
Saint : ဟုတ်သားပဲ Perth ပြောမှသတိရတယ် သူ့အတွက်
           တစ်ခုခုလုပ်ပေးရမယ် လာတာနဲ့ဗိုက်ဆာတယ်ဆိုပြီး
            အော်နေမှာ
Perth : အရမ်းရင်းနှီးတာလား
Saint : inn ကျောင်းလည်းအတူတက်လာတာဆိုတော့ခင်
            ကြတာလေ Bai ကအရမ်းလှတာ
   Baifern လေဆိပ်ကထွက်လာတာနဲ့သူ့ပိရိတ်သတ်တွေက
လေဆိပ်မှာတစ်ခဲနက်လာစောင့်ပြီးကြိုကြတယ်
သူမကားပေါ်တက်တဲ့အထိ ဘေးမှာဝိုင်းအုံနေကြတုန်းပဲ
M  : အိမ်ပြန်မလား
Bai : မပြန်သေးဘူး Saint အိမ်ကိုမောင်းလိုက်
M   : ရောက်တာနဲ့သွားမလို့လား နားလိုက်ဦးလေ
Bai : သူ့ကိုလာမယ်ပြောထားလို့ သွားလိုက်ပါ
    Saint နဲ့ P Chen နှစ်ယောက် Perth ကိုထူးထူးဆန်းဆန်းကိုရပ်ကြည့်နေကြတယ် ဘာစကားမှတောင်မပြောနိုင်ဘူး
သူတို့ဘာလို့ဒီလောက်တအံ့တသြကြည့်နေရတာလဲ
Perth ကဖုန်သုပ်စက်နဲ့တစ်အိမ်လုံးကိုသန့်ရှင်းရေးလုပ်နေတာ အရင်က Perth ဆိုအဲ့လိုမဟုတ်ဘူး
Saint : Perth ကျွန်တော့်ကိုဝိုင်းကူပါဦး
   Saint ကပန်းကန်တွေစီနေရင်းဆိုဖာပေါ်မှာ TV ကြည့်နေတဲ့ Perth ကိုလှမ်းခေါ်လိုက်တယ် ဒါပေမယ့် Perth ကထိုင်ရာကမထဘူး
Perth : Saint အဲ့ဒါတွေမင်းလည်းလုပ်ဖို့မလိုဘူး ငါလည်း
             လုပ်စရာမလိုဘူးလေ အိမ်အကူလာတဲ့အချိန်လုပ်
             ခိုင်းလေ
Saint : အဒေါ်ကြီးကမနက်မှလာမှာ အခုဒီနားမှာရှုပ်ပွနေ
            တာလေ ရှင်းရမှာပေါ့
Perth : အဲ့ဒါဆိုလည်းမင်းပဲလုပ်လေ ဒီမှာဘောလုံးပွဲကြည့်
            နေတာကို
     ကျွန်တော်သိခဲ့တဲ့ Perth ကအဲ့လိုလူပါ အခု Perth ကအ
တိတ်မေ့ပြီးတော့မှဘာလို့အဲ့လောက်ပြောင်းလဲလာရတာလဲ
Chen : Perth Perth ပေးပါ ငါလုပ်လိုက်မယ်
Perth : ရပါတယ် ကျွန်တော်လုပ်တတ်ပါတယ် ဒီနေ့ဧည့်
             သည်လာမှာလေ သန့်နေမှဖြစ်မှာပေါ့
Saint : Bai ကဧည့်သည်လည်းမဟုတ်ပါဘူး Perth ရယ်
             ထားလိုက်ပါ ဒီလောက်ဆိုရပါပြီ
Perth : Saint မင်းမျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲ
Saint : ဘာမှမဖြစ်ပါဘူး Perth ရယ် အလုပ်ကိစ္စကိုတွေးနေ
            တာပါ
    " Ding Dong " ခြံရှေ့ကဘဲလ်သံကြားတာနဲ့ P Chen က
တံခါးသွားဖွင့်ပေးလိုက်တယ်
Saint : Bai ဘယ်လိုလဲ အားလုံးအဆင်ပြေရဲ့လား
   Baifern ကအိမ်ထဲစဝင်လာတာနဲ့ Perth ကိုစိုက်ကြည့်နေ
တယ် Bai က Perth ကိုမကြိုက်မှန်းသိတော့ Saint ကကြား
ကနေဝင်တားလိုက်တယ်
Saint : Bai ထိုင်လေ နင်ကလည်း ဘာရပ်လုပ်နေတာလဲ
Bai : ရှင်ကဒီအိမ်မှာပဲတစ်သက်လုံးနေတော့မှာလား ရှင့်မှာ
         အိမ်မရှိဘူးလား
Saint : Bai
   Perth ကသူ့ကိုပြောနေမှန်းတောင်သူမသိဘူး သူ့ကိုအခုမှစတွေ့တဲ့သူကအဲ့လိုပြောတော့ ရုတ်တရက်ကြောင်တောင်
ကြောင်သွားတယ်
Perth : ကျွန်တော်လား တောင်းပန်ပါတယ် ကျွန်တော်မှာ
Bai   : နေဦး ရှင်ဘာလို့ဒီလောက်ယဉ်ကျေးပြနေတာလဲ
Saint : Bai Perth ကားတိုက်မှုတစ်ခုဖြစ်ပြီးအတိတ်နည်း
            နည်းမေ့နေတာ
Bai   : အတိတ်မေ့တယ်
Saint : ဟုတ်တယ် သူအခုနင့်ကိုသိမှာမဟုတ်ဘူး ထိ်ုင်လေ
   " တီ တီ " အလုပ်ကိစ္စဖုန်းကြောင့် Saint ကဖုန်းကိုအပြင်မှာထွက်ပြောလိုက်တယ်
Bai ကဆိုဖာမှာထိုင်လိုက်ပေမယ့် သူ့ရှေ့မှာ Perth ရှိနေတာ
ကိုမျက်လုံးချင်းတောင်ဆုံမကြည့်ဘူး မျက်နှာလွှဲလိုက်တယ်
Perth : မင်းနာမည်က Bai မလား
Bai : ဟုတ်တော့ ဘာပြောချင်လို့လဲ
Perth : ငါမင်းနဲ့ဘယ်လိုပြသနာတွေရှိခဲ့လဲမသိပေမယ့် ငါ့ကို
             အခုလက်ခံပေးလို့မရဘူးလား
   Bai ကခဏတာစိုက်ကြည့်ပြီးမှ ထရီလိုက်တယ်
Bai : ဟားဟား ရှင့်လိုလူကလည်းဟာသပြောတတ်မယ်မ
         ထင်ထားဘူးနော်
Perth : ကျွန်တော်တကယ်ပြောနေတာပါ Bai မင်းက Saint
             သူငယ်ချင်းဆိုတော့ ငါလည်းသူငယ်ချင်းဖြစ်ချင်ပါ
             တယ် ငါအရင်လုပ်ခဲ့တဲ့အမှားအတွက်တောင်းပန်ပါ
             ရစေ
    Perth ကသူ့လက်တစ်ဖက်ကိုကမ်းပေးလိုက်တယ် လက်ဆွဲနှုတ်ဆက်ဖို့သူလုပ်ချင်ပေမယ့် Bai ကကြည့်ပဲကြည့်
နေခဲ့တယ် သူ့လက်ကိုပြန်မကမ်းပေးခဲ့ဘူး
Saint ကအိမ်ထဲပြန်ဝင်လာပြီး သူတို့ပြောနေတဲ့စကားတွေကို
ခိုးနားထောင်နေမိတယ်
Perth : သူငယ်ချင်းဖြစ်ရအောင်
Bai   : ရှင့်ကိုတွေ့ထဲကသဘောမကျခဲ့ဘူး ရှင်ကရိုင်းတယ်
           စာနာစိတ်မရှိဘူး Saint ကဘာလို့ရှင့်ကိုအရမ်းယုံပြီး
           ချစ်နေလဲဆိုတာစဉ်းစားမရခဲ့ဘူး ဒါပေမယ့် အခုတွေ့
           နေရတဲ့ရှင့်ကိုစောင့်တော့ကြည့်ချင်တယ် ဘာတွေ
           ပြောင်းလဲလာလည်းဆိုတာ
Bai ကပြုံးပြလိုက်ပြီး Perth ကိုလက်ဆွဲနှုတ်ဆက်လိုက်တယ်
Saint လည်းအဆင်ပြေသွားတဲ့သူတို့နှစ်ယောက်အတွက်
စိတ်ချမ်းသာနေမိတယ် Perth ကိုပြုံးပြပြီးသူ့ဘေးနားမှာလာ
ထိုင်လိုက်တယ် Perth က Saint ရဲ့လက်တစ်ဖက်ကိုကိုင်
ထားလိုက်တယ်
Perth : စောင့်ကြည့်ပါ ဒီနေ့ကစပြီး Saint ကိုအရင်ထက်
             အဆတစ်ရာလောက်သာအောင် ဂရုစိုက်ပြီးတန်ဖိုး
             ထားပါ့မယ် အဲ့ဒါကိုယုံကြည်ပေးပါ
                                    Part 6 ( the end)

Who Are You? ( complete)Where stories live. Discover now