Part 15

1.1K 144 11
                                    

Nerth : မင်းအိပ်ချင်နေတာလား ငါ့ပခုံးပေါ်မှီအိပ်လေ
Saint : ရပါတယ် Perth ညောင်းနေမှာပေါ့
Saint က Nerth ရဲ့လက်မောင်းကိုကိုင်ပြီးချစ်စနိုးအမူအ
ရာလေးနဲ့ပြောလိုက်တယ်
Nerth : မင်း ပြောင်းလဲလာတယ်နော်
Saint : ဘာကိုလဲ
Nerth : အရင်ကဆို ဒီလိုလူကြားထဲမှာတစ်ခြားတစ်ယောက်
ကိုပူးပူးကပ်ကပ်မနေတတ်ဘူးမလား မင်းကနာမည်
ကြီးတစ်ယောက်မို့လို့လေ
Saint က Nerth ကိုသေချာစိုက်ကြည့်လိုက်တော့ Nerth
ကထရီလိုက်တယ်
Nerth : နောက်တာပါ ဘာဖြစ်သွားတာလဲ ဒါက VIP လက်
မှတ်လေ ဘယ်သူမှမရှိတော့ကို့ကိုဖက်ထားရဲတာမ
လား
Saint : Perth ဘယ်လိုပြောလိုက်တာလဲ ကျွန်တော်က
Perth ကိုဘယ်အချိန်မဆိုလူကြားထဲထုတ်ပြနိုင်
တယ် နာမည်ကျသွားပါစေ အဆင်ပြေပါတယ်
Nerth : ဟုတ်လား တောင်းပန်ပါတယ် ကိုကနောက်တာပါ
ပြုံးပြပါ ပြုံးပါဆို
Saint ကပြုံးပြလိုက်တော့ Nerth ကသူ့ကိုရင်ခွင်ထဲထိဖက်
ထားလိုက်တယ်
လူကြားထဲထုတ်ပြဖို့ဝန်မလေးဘူးပေါ့ Saint ဒါဆိုမင်းကငါ့ထက်အဲ့ကောင်ကိုပိုချစ်တယ်ပေါ့
လွန်ခဲ့သောတစ်လကျော် .........
Saint နဲ့ Nerth ကညစာအတူစားနေကြတယ်
Nerth : Saint ဒီတစ်ခေါက်ခရီးသွားရင်ကိုလည်းလိုက်မယ်
Saint : Perth လိုက်လို့မဖြစ်ဘူးထင်တယ်
Nerth : ဘာလို့လဲ
Saint : Perth စိတ်မဆိုးပါနဲ့ ကျွန်တော်ကနာမည်ကြီးတစ်
ယောက်ဆိုတော့ကောလဟာလထွက်လာမှာကိုစိုးရိမ်
ရတယ်လေ နော် စိတ်မဆိုးနဲ့တော့
Saint ကအရင်ထက်ပိုပြီးနူးညံ့လာတယ် စကားပြောရင်း
ပြုံးတဲ့အပြုံးကအစပြောင်းလဲသွားပြီ အချိန်လေးသုံးပတ်လောက်မှာငါ့ရည်းစားကိုလုယူသွားတဲ့ကောင်ကို သေမှသာကျေနပ်နိုင်မယ်
Saint : Perth မစားဘူးလား ဘာတွေစဉ်းစားနေတာလဲ
Nerth : မဟုတ်ပါဘူး မင်းပျော်အောင်ဘာလုပ်ရမလဲဘဲစဉ်း
စားနေတာ
Saint ကရှက်ပြီး Nerth လက်မောင်းကိုအသာလေးဆွဲ
စိတ်လိုက်တယ်
Saint : Perth နော် ဘာမှနိးလည်းမသိဘူး စားပါ
မင်းက Perth လိုမျိုးယုယုယယနေတတ်တဲ့ကောင်ကိုသ
ဘောကျတာမလား ငါလည်းဒီနေ့ကစပြီးယုယပြရမှာပေါ့
Chen : Saint
Saint : P Chen လာလေ ဘာပြောမလို့လဲ
Chen : Baifern
P Chen မျက်နှာကမအီမသာနဲ့ တစ်မျိုးဖြစ်နေလို့စိုးရိမ်မိ
သွားတယ်
Saint : Bai ဘာဖြစ်လို့လဲ
Chen : ကားတိုက်မှုအသေးစားလေးဖြစ်လို့လက်ထိသွား
တယ်တဲ့
Saint : ဟမ် ဘယ်လိုဖြစ်တာလဲ ဒါဆို သူမရိုက်နိုင်တော့ဘူး
ပေါ့ သူ့အခြေအနေရောကောင်းရဲ့လား
Chen : ကောင်းပါတယ် အနည်းငယ်ပဲထိသွားတာ အဲ့ဒါငါတို့
မင်းသမီးပြောင်းရမယ်ထင်တယ်
Saint : ရပါတယ် ကျွန်တော်ကအဆင်ပြေပါတယ် အလုပ်ပဲ
Bai ကိုစိတ်ပူလိုက်တာ နော် Perth
Perth ဘက်ကိုလှည့်ကြည့်လိုက်တော့ သူကစိတ်အေးလက်အေးဂျာနယ်ဖတ်နေတယ်
Saint : Perth
Nerth : ဟင် ဘာပြောလိုက်တာလဲ
Saint : ကျွန်တော်ပြောတာကြားရဲ့လား Bai လက်ထိသွား
တယ်တဲ့
Nerth : အော် စိတ်မကောင်းလိုက်တာ
Saint က Nerth ကိုပဲသေချာကြည့်နေလိုက်တော့တယ်
Chen : ငါပြန်ထိုင်လိုက်ဦးမယ်နော် ပြောစရာရှိနေပုံပဲ
Saint : Perth
Nerth : ပြောလေ ကိုနားထောင်နေတယ်
Saint : အဆင်ပြေရဲ့လား တစ် ခုခုလွဲချော်နေသလိုပဲ
Nerth : ပြေပါတယ် Bai အတွက်တကယ်စိတ်မကောင်းဖြစ်
မိတယ် သူအဆင်ပြေမှာပါနော်
Saint : inn ပြေမှာပါ
Saint ကထိုင်ခုံအနောက်ကိုပဲမှီပြီးအိပ်နေလိုက်တယ်
Nerth : ဘာဖြစ်တာလဲ စိတ်ကောက်တာလား ကို့ကိုကြည့်ပါ
ဦး
Saint ရဲ့မျက်နှာကိုသူနဲ့မျက်နှာချင်းဆိုင်ကိုအတင်းလှည့်
လိုက်တယ်
Saint : ဘာလုပ်တာလဲ
Nerth : စိတ်ကောက်နေတဲ့သူကိုချော့ရမှာပေါ့
Nerth က Saint ရဲ့ပါးကိုနမ်းလိုက်တော့မှ Saint လည်း
ပြုံးလိုက်မိတယ်
Saint : သွားပါ အခုမှလာပြီးတော့ အိပ်တော့
Saint မင်းဘယ်တော့မှသိနိုင်မှာမဟုတ်ဘူး ဘယ်တော့
မှလည်းရှာနိုင်မှာမဟုတ်ဘူး Perth ဆိုတဲ့ကောင်ကို
ငါကတစ်သက်လုံးစာသူ့နာမည်ကိုပိုင်သွားပြီမို့လို့ Nerth ဆိုတဲ့နာမည်ပိုင်ရှင်ကမရှိတော့ဘူး
Nerth : ချစ်တယ် Saint
Saint : အတူတူပဲ ကျွန်တော်လည်းချစ်တယ်
Bai ကကုတင်ပေါ်ကခေါင်းအုံးနောက်ကိုမှီပြီးထိုင်နေတယ်
G : အဆင်ပြေရဲ့လား မမလေး
Bai : ငါဘာမှမဖြစ်ဘူး လက်လေးအဆစ်လွဲရုံပဲ ဒါနဲ့ သူရော
အဆင်ပြေရဲ့လား ဘယ်မှာထားထားလဲ
G : စိတ်မပူပါနဲ့ အကောင်းဆုံးဆရာဝန်လက်ထဲအပ်ထားပါ
တယ် အပြင်မှာသတင်းထောက်တွေရှိနေလို့ပါ အခြေအ
နေငြိမ်သွားတာနဲ့ မမလေးကိုခေါ်သွားပါ့မယ်
Bai : တော်သေးတာပေါ့
လွန်ခဲ့သောတစ်ရက် .........
G : မမလေး Saint ကိုအတူသွားမယ်လို့ဖုန်းဆက်ထားသေး
လား
Bai : မဆက်ထားဘူး ခဏနေသူ့အိမ်ရောက်တော့မှာပဲ မ
ဆက်တော့ဘူးလေ
G : ခဏနေ
Saint အိမ်လမ်းကိုချိုးကွေ့လိုက်တာနဲ့ အိမ်ထဲကထွက်
လာတဲ့ perth ကိုလှမ်းတွေ့လိုက်တယ်
Bai : ကားရပ်လိုက် Perth ဘယ်သွားဖို့လဲ
" တီ တီ " Bai က Perth ဆီဖုန်းဆက်လိုက်တယ်
Perth : Bai ပြော
Bai : နင်အခုဘယ်မှာလဲ
Perth : အော် ငါ Saint နဲ့အတူရှိနေတာ ခဏနေလေဆိပ်
သွားမလို့ ပြင်ဆင်နေကြတာ
Bai : ဟုတ်လား အင်း လေဆိပ်မှာတွေ့ကြမယ်လေ
Perth ပုံစံကိုကြည့်ရတာ ကုတ်ချောင်းချောင်းနဲ့ မသကာင်္စရာကောင်းတယ် သူ Taxi ငှားပြီးထွက်သွားလိုက်တယ်
Bai : သူသွားတဲ့နောက်ကိုလိုက်
G : ဟုတ်ကဲ့
အမြန်လမ်းဘေးက တံတားအသေးလေးတစ်စင်းစီသူ
လျှောက်သွားတော့ Bai တို့နှစ်ယောက်ကအနောက်ကနေ
ဖြည်းဖြည်းချင်းလိုက်ကြည့်ခဲ့တယ် ချုံအနောက်ကနေမမြင်
အောင်ကွယ်ကြည့်ခဲ့ကြတယ် Perth ဘယ်သူနဲ့စကားပြော
နေတာလဲ နောက်ကျောကနေဝတ်ထားတဲ့ hoodie ကိုပဲမြင်
ရတယ် ခေါင်းစွပ်ကလည်းစွပ်ထားတော့ဘယ်သူမှန်းမသိဘူး
နှစ်ယောက်ကစကားပြောနေရင်းနဲ့ တစ်ယောက်အကျႌကို
တစ်ယောက်ဆွဲထားတယ် အကြီးအကျယ်စကားများနေတဲ့ပုံပဲ သူတို့ပြောတာလည်းမကြားနိုင်ဘူး ဆက်စောင့်ကြည့်ရုံက
လွဲရင်လုပ်စရာမရှိဘူး
Perth ကိုအဲ့လူကဆွဲထိုးလိုက်တယ် Perth ကအရင်ထဲက
အေးဆေးနေတတ်တဲ့သူဆိုတော့တုံ့ပြန်နိုင်လောက်တဲ့အင်
အားမရှိဘူး တစ်ဖက်လူရဲ့လုပ်သမျှကိုခံနေရတယ်
G : မမလေး ဘယ်လိုလုပ်ကြမလဲ သူသေလိမ့်မယ်
Bai : ငါတို့သွားကယ်မှသုံးယောက်လုံးသေလိမ့်မယ် ခဏ
ဆက်ကြည့်ရမယ်
Perth ကိုသူ့အိတ်ကပ်ထဲကဓားနဲ့ထိုးဖို့လုပ်လိုက်ပေမယ့်
ရှောင်လိုက်နိုင်လို့ ပခုံးအပေါ်ဘက်ကိုပဲထိသွားတယ်
ဆက်မကြည့်နိုင်တော့ဘူး ဘာဆက်လုပ်ရမလဲ သူ့ပခုံးမှာ
လည်းဓားကစိုက်နေပြီး သူလည်းမထနိုင်တော့ဘူး
အခုရန်ဖြစ်နေတဲ့သူကဘယ်သူလဲလို့ စဉ်းစားနေတုန်းပဲရှိသေးတယ် သူ့မျက်နှာကိုရုတ်တရက်မြင်လိုက်ရလို့ထိတ်လန့်
သွားမိတယ်
Bai : Nerth
Perth နဲ့ရုပ်ချင်းဆင်တူတယ်လို့မြင်လိုက်ထဲက အဲ့ဒါ Nerth ပဲ
ဘုရား ဘုရား သူ့ညီကိုသူဘယ်လိုတောင်လုပ်ရက်တာလဲ
Perth လုံးဝမထနိုင်တော့တဲ့အချိန်မှာ တံတားအောက်က
ရေကန်ထဲကို Perth ကိုတွန်းချလိုက်တယ်
အသံမထွက်မိအောင်ကို့ပါးစပ်ကိုလက်နဲ့ပိတ်ထားရတယ်
သူထွက်မသွားဘဲခဏကြာတဲ့ထိရပ်ကြည့်နေခဲ့သေးတယ်
Nerth ရဲ့ယုတ်မာတဲ့အပြုံးတစ်ချက်ကိုမြင်လိုက်ရပြီးတဲ့နောက် သူအဲ့နေရာကနေထွက်သွားတယ်
G : သွားပြီ မမလေး
ဘာကိုမှစဉ်းစားမနေတော့ဘူး Perth ရေထဲမှာကြာရင်
သေသွားလိမ့်မယ်
Bai က Nerth ထွက်သွားတာနဲ့ချက်ချင်းရေထဲခုန်ဆင်းပြီး
Perth ကိုအတင်းဆွဲထားလိုက်တယ်
G : မမလေး မမလေး
ရေသေမို့လို့တော်သေးတာပေါ့ Perth ကိုကမ်းပေါ်ပြန်
ရောက်ဖို့မနညး်ဆွဲတင်လာရတယ် ကမ်းရောက်တော့ Perth ကလုံးဝသတိလစ်နေပြီ
Bai : Perth Perth
သူ့တစ်ကိုယ်လုံးလည်းသွေးတွေနဲ့ ဘယ်လိုမှလှုပ်နိုးလို့မရ
တော့ဘူး ကျေးဇူးပြုပြီး Saint ကိုကယ်တင်ဖို့ပြန်ရှင်သန်လာ
ပေးပါ ...........
Part 15 ( the end )

Who Are You? ( complete)Where stories live. Discover now