Part 8

1.1K 158 4
                                    

Bai : ရှင်ကဘယ်သူလဲ
Perth မျက်နှာမှာစိုးရိမ်စိတ်လွန်နေတဲ့ အရိပ်အယောင်တွေကိုချက်ချင်းမြင်လိုက်ရတယ်
Bai : သူ့မှာအမြွာရှိတယ်ကြားတယ် ရှင်ကသူ့ရဲ့အမြွာလား
Saint ကိုသွားပြောမှရမယ်
ချက်ချင်းလှည့်ထွက်သွားတော့မယ့် Bai ရဲ့လက်ကို Perth
ကဖမ်းဆွဲထားလိုက်တယ်
Bai : ဘာလုပ်တာလဲ လွှတ်စမ်း
Bai ကအတင်းရုန်းကန်နေပေမယ့် သူ့လက်ကို Perth ကပို
ပြီးတင်းတင်းကျပ်ကျပ်ဖမ်းဆုပ်ထားလိုက်တယ်
Perth : ကျွန်တော်ပြောတာနားထောင်ပေးပါ ခဏလေးပါ
Bai : လူလိမ်တစ်ယောက်စကားကိုနားထောင်ရအောင်ငါမရူး
ဘူး
Perth : ခဏလေးပါ ကျွန်တော်ကလူလိမ်မဟုတ်ပါဘူး
Bai : Perth ဘယ်မှာလဲ ရှင်ကသူမှမဟုတ်တာ လွှတ်
Perth : ကျွန်တော်က Perth ပါ ကျွန်တော့်နာမည်ကသာ
Perth ပါ
Bai : လူလိမ် ငါ့ကိုထပ်မလိမ်နဲ့
Perth : တကယ်ပါ ကျွန်တော်ကသာ Perth ပါ
Bai : ငါယုံမယ်များနင်ထင်နေလား
Perth : ကျွန်တော်ပြောတာလေးပဲနားထောင်ပေးပါ ပြီးမှ
Saint ကိုပြောလည်းနောက်မကျသေးပါဘူး ကျေးဇူး
ပြုပြီး
Saint ကကိတ်မုန့်ဆိုင်မှာကိတ်ကိုရွေးနေတယ်
G : မွေးနေ့လား
Saint : ဟုတ် သန်ဘက်ခါအတွက်မှာထားချင်လို့ပါ
G : ဒီမှာပုံတွေရွေးလို့ရပါတယ် ကြိုက်တာမှာလို့ရပါတယ်
Saint : ဟုတ်ကဲ့ ကျေးဇူးပါ Happy Birthday Perth လို့ရေး
ပေးပါ
G : ဟုတ်ကဲ့ ရပါတယ်
Perth က Bai ကိုဆေးရုံကိုခေါ်သွားခဲ့တယ် သူ့အကိုရှိနေ
တဲ့အခန်းကိုဖြေးဖြေးချင်းဖွင့်လိုက်တယ်
Bai : Perth
Bai ကလဲနေတဲ့ သူကိုမြင်ပြီး Perth အထင်နဲ့ခေါ်လိုက်တယ်
Perth : သူက Nerth ပါ ကျွန်တော်ကသာ Perth အစစ်ပါ
Saint နဲ့ပထမဆုံးဆုံခဲ့တာက ကျွန်တော်ပါ
Bai : ရှင့်ကိုဘယ်လိုယုံရမလဲ
Perth : ဘာနဲ့သက်သေပြရမလဲတော့မသိဘူး ဒါပေမယ့်
အကို့ထက်စာရင်ကျွန်တော်ကပိုယုံကြည်ရတာကို
တော့ယုံပေးပါ
Bai က Nerth ကိုသေချာကြည့်လိုက်တယ် Perth ပြော
တာမှန်တယ် သူပထမဆုံးတွေ့ခဲ့တဲ့ Perth ထက်စာရင်အခု
Perth ကအများကြီးသာတယ် သူ့ပုံစံကတကယ်ကို Saint
အတွက်စိတ်ချရမယ့်သူမျိုး ဒါပေမယ့် ငါသူ့ကိုယုံကြည်လို့ရပါ့
မလား
Bai : လက်ခံပါတယ် ရှင်ကပိုယုံကြည်လို့ရတာကို ဒါပေမယ့်
ရှင်ကတကယ်စိတ်ရင်းလား ဟန်ဆောင်နေလား မသိ
နိုင်ဘူး ရှင့်ကိုလည်းမယုံနိုင်သေးဘူး
Perth : ဒါနဲ့ တစ်ခုမေးချင်တယ် မင်း Saint ကိုသဘောကျ
လို့လား
Bai က Perth ကိုစိုက်ကြည့်လိုက်ပြီးမှ ထရီလိုက်တယ်
Perth : မင်းဘာရီတာလဲ
Bai : ရှင်ကလာနောက်နေတာကို အဲ့လိုမနောက်သင့်ဘူး
Saint ကပွင့်ပွင့်လင်းလင်းပြောရရင် Gay တစ်ယောက်
  သူ့လိုလူကိုသူငယ်ချင်းထက်မပိုဘူး
Perth : ဒါဆို ဘာလို့ငါနဲ့သူကိစ္စကိုအရမ်းလိုက်နေတာလဲ
Bai : သူ့ကိုသဘောမကျတာ ချစ်သူတစ်ယောက်လိုလေ
သူငယ်ချင်းအနေနဲ့တော့ သဘောကျတာထက်ပိုတယ်
သူ့ကိုမကောင်းတဲ့လူလက်ထဲအရောက်မခံနိုင်ဘူး
Perth : နားလည်ပါတယ် မင်းစိတ်ပူသင့်တာပဲလေ ငါ့အကို
ကလူဆိုးလူမိုက်ပဲလေ
Bai : ဒါနဲ့ သူဘာဖြစ်နေတာလဲ
Perth : ကားတိုက်မှုပြီးထဲက မေ့မြောနေတာ
လွန်ခဲ့သောဆယ်ရက် ..........
Nerth : Perth ကားပေါ်တက်
သူ့အကိုလိုလူကဒီလိုကားအကောင်းစားကိုစီးလာလို့ Perth
ကအံ့သြနေမိတယ်
Perth : အကို ဘယ်ကယူလာတာလဲ
Nerth : လျှာရှည်မနေနဲ့ ကားပေါ်တက်လို့ပြောနေတယ်လေ
Nerth ကစိတ်ဆိုးမာန်စိုးနဲ့အော်လိုက်တော့ Perth လည်း
ကားရှေ့မှာထိုင်လိုက်တယ်
Perth : ဘာဖြစ်လို့လဲ အကို
Nerth ကသူ့လက်ထဲကဓားမြှောင်အသေးလေးနဲ့ Perth
လည်ပင်းနားကိုချိန်ထားလိုက်တယ်
Perth : အကို
Nerth : မင်းသေသွားသင့်တယ် Perth
Perth : အကို ဘာတွေလုပ်နေတာလဲ ကျွန်တော်ကအကို့ညီ
လေ ဒါဘာလုပ်တာလဲ
Nerth : မင်းရဲ့ Perth ဆိုတဲ့နာမည် မင်းသေရင်ငါပိုင်လို့ရပြီ
မင်းဘဝကိုငါ့ကိုပေးလိုက်တော့ Perth
အကိုကလူရှင်းတဲ့ဟိုင်းဝေးလမ်းကိုမောင်းနေတာပဲ သူ
ရဲ့ဓားကလည်ပင်းနားကိုတဖြည်းဖြညိးချင်းနီးကပ်လာပြီ
အကို့မျက်နှာမှာလုံးဝသနားတဲ့အရိပ်အယောင်ကိုမတွေ့ရဘူး
သူတကယ်သတ်ပစ်လိမ့်မယ်
Perth ကသူ့အကိုလက်ကိုအတင်းဖမ်းချုပ်ထားလိုက်တယ်
Nerth : မင်းလွှတ်စမ်း
နှစ်ယောက်စလုံးအတင်းရုန်းကန်နေကြတယ် ကားကို
သတိမထားဘဲသူတို့အချင်းချင်းကားထဲမှာရန်ဖြစ်နေကြတယ်
Perth : ငါတို့အဲ့လိုကားမှောက်ခဲ့တာ
Bai : ရှင့်အကိုကတကယ်ကို စာနာစိတ်မရှိတာကိုစမြင်ထဲက
သိပါတယ် ဒါဆို Saint ကပထမဆုံးတွေ့ခဲ့တဲ့ရှင့်ကိုသ
ဘောကျပြီး လူပြောင်းသွားလည်းဘယ်လိုပဲဖြစ်ဖြစ်ချစ်
နေတဲ့သဘောပေါ့
Perth : Saint ကရိုးသားတယ် ငါ့အကိုအဲ့ညကဘာလို့ငါ့နာ
မည်ကိုလိုချင်ခဲ့လည်းဆိုတာ Saint နဲ့တဖြည်းဖြည်း
အတူနေတော့မှနားလည်လာခဲ့တယ် Saint ကရိုး
သားလွန်းတော့ သူလိုရာကိုလုပ်ပေးနိုင်တယ်
Bai : ရှင့်နာမည်ကိုသူဘာလို့ပိုင်ဆိုင်ချင်ရတာလဲ ချက်ချင်း
ကြီးလား
Perth : မင်းမေးမှမေးခွန်းတွေပေါ်လာတော့တယ် ဟုတ်
တယ် သူဘာလို့ချက်ချင်းလိုချင်သွားရတာလဲ
Saint ကခြံရှေ့မှာလမ်းလျှောက်ရင်းနဲ့ အပြင်ကိုပဲလှမ်းလှမ်း
ကြည့်နေခဲ့တယ် လက်ထဲကဖုန်းကိုလည်းတကြည့်ကြည့်နဲ့
Saint : Perth ဘယ်တွေသွားနေတာလဲ သူဖုန်းလည်းမပါဘူး
ခြံထဲကိုမောင်းဝင်လာတဲ့ကားကိုသူငေးကြည့်လိုက်တယ်
အဲ့ဒါ Bai ရဲ့ကားပဲ
Perth ကားပေါ်ကမဆင်းခင် Bai ရဲ့လက်ကိုနောက်တစ်ခါ
ဆုပ်ကိုင်လိုက်တယ်
Bai : ဘာဖြစ်ပြန်ပြီလဲ
Perth : ကျေးဇူးတင်ပါတယ် ယုံကြည်ပေးတဲ့အတွက်
Bai : ရှင့်ကိုယုံတာမဟုတ်ဘူး Saint အတွက်ကောင်းတဲ့လူ
ကိုရှာရုံသက်သက်ပဲ
Bai ကကားတံခါးကိုဖွင့်ပြီးဆင်းသွားတာနဲ့ Perth လည်းဆင်းလိုက်တယ် သူ Bai ကိုပဲကြည့်နေတာကို Saint သတိထား
မိသွားတယ်
Bai : Hey Saint အပြင်မှာဘာထွက်လုပ်နေတာလဲ
Saint : inn ဒီတိုင်းအညောင်းပြေလမ်းလျှောက်နေတာပါ
Bai : ဟုတ်လား ငါနင့်ကောင်လေးကိုလမ်းမှာတွေ့လို့ခေါ်
လာတာ
Saint : Perth ဘယ်သွားနေတာလဲ
Perth : ငါ Mike အတွက်အစာသွားဝယ်နေတာ
Perth ကသူ့လက်ထဲကခွေးစာထုပ်လေးကိုပြလိုက်တယ်
Saint : အိမ်မှာအများကြီးရှိပါသေးတယ်
Perth : ဟုတ်လား မတွေ့လို့သွားဝယ်လိုက်မိတာ
Bai : Saint အေးဆေးစကားပြောဦးလေ ငါပြန်တော့မယ်
Saint : inn
Perth : တစ်ခုခုသောက်သွားဦးလေ ကော်ဖီဖျော်ပေးရမလား
Bai : တော်ပါပြီ ပြန်တော့မယ် Bye
Perth ကလည်း Bai ကိုလက်ပြနှုတ်ဆက်လိုက်တယ်
သူနောက်ပြန်လှည့်ကြည့်တော့ Saint ကိုမတွေ့တော့ဘူး
Perth : Saint Saint သူဘယ်ရောက်သွားတာလဲ
Perth အိမ်ထဲကိုပြေးဝင်သွားတော့ Saint ကကော်ဖီဖျော်
စက်နဲ့ကော်ဖီဖျော်နေတာတွေ့လိုက်တယ်
Perth : ကော်ဖီဖျော်နေတာလား လုပ်ပေးမယ်လေ
Saint က Perth အနားလာပြီးသူ့ကိုကြည့်နေတာကိုရှောင်
ပြေးလိုက်တယ် တစ်ဖက်လှည့်ပြီးမျကိနှာချင်းမဆုံဘဲနေလိုက်တယ်
Saint : ရတယ် ကို့ဘာသာလုပ်လိုက်ပါ့မယ်
Perth : ဘာလို့ပတ်ပြေးနေတာလဲ မျက်နှာကြည့်ချင်လို့ကို
Saint : ကျွန်တော့်မျက်နှာက Bai လောက်မလှပါဘူး
Saint ကမျက်နှာစူပုပ်ပုပ်လေးနဲ့ပြောလိုက်တော့ သဝန်တို
နေတာလား
Perth : မင်း အခု စိတ်ကောက်နေတာလား
Saint : ဟုတ်ပါဘူး
Perth ကပြုံးပြီး Saint ခါးလေးကိုအနောက်ကနေဖက်
ထားလိုက်တယ် ခုနကပတ်ပြေးနေတဲ့ကောင်လေးက Perth
ရင်ခွင်ထဲရောက်တော့ငြိမ်သက်သွားတယ်
Perth : ဘာကိုသဝန်တိုနေတာလဲ ကိုကမင်းကိုပဲချစ်တာလေ
ဘယ်သူတွေဘယ်လောက်ချောချော မင်းကသာအ
ချောဆုံးပါနော်
Perth နည်းနည်းချိုချိုလေးပြောလိုက်တာနဲ့ Saint ပါးလေး
ပေါ်ကနေအပြုံးလေးကိုမြင်ရတော့တာပဲ သူ့ခါးကိုဖက်ထားတဲ့ Perth ရဲ့လက်လေးတွေကိုကိုင်လိုက်ပြီး Perth ရဲ့ရင်ခွင်
ထဲမှာနားနေလိုက်တယ်
ဒီလိုအချိန်လေး ဒီလိုအချစ်လေးတွေ ဒီလိုပျော်ရွှင်မှုလေး
တွေကိုတစ်သက်တာပိုင်ဆိုင်ရပါစေသား .........
Part 8 ( the end )

Who Are You? ( complete)Where stories live. Discover now