Part 12

1.2K 162 12
                                    

    Perth အိမ်ရောက်လာပြီးတော့မှ သူပြုံးနေခဲ့တဲ့အချိန်တွေ
ကိုပြေးမြင်ယောင်မိရင်း မျက်ရည်တွေကထိန်းထားလည်းပဲဆက်ပြီးကျဆင်းနေတယ်
   " ချစ်တယ် " ဆိုတဲ့စကားကိုပြောခဲ့တာ " ကတိပေးပါတယ်" လို့ကတိလေးတွေကိုပြောခဲ့တာ သူ့ကိုပြုံးစေနိုင်ခဲ့တာ
အရင်က Perth မဟုတ်ဘူး သူဘာတွေလုပ်နေမိတာလဲ ဘာ
ကိုလုပ်ဖို့သူကြိုးစားနေတာလဲ
သူ့ခေါင်းထဲမှာမူးဝေဝေနဲ့ နာကျင်ရတာလည်းရင်ဘတ်ထဲမှာစူးနစ်နေပြီ သတိထားမိလို့ငုံ့ကြည့်လိုက်တဲ့အချိန်ကျမှ Perth
ကကုတင်အောက်မှာလဲနေပြီ
Saint : Perth Perth
   Saint ကငိုရင်း Perth ကိုပြေးပြီးရင်ခွင်ထဲထွေးပွေ့ထား
လိုက်တယ် Perth ရဲ့ပါးတွေကိုလက်နဲ့ကိုင်ပြီးနှိုးလည်း Perth ကသတိရမလာတော့ဘူး
Saint : မဟုတ်ဘူး Perth ထပါဦး Perth ကျွန်တော့်ကိုကြည့်
            ပါ Perth
  Perth ရဲ့ရင်ဘတ်ကိုနားနဲ့ကပ်ပြီးနားထောင်ကြည့်တော့နှလုံးခုန်သံကသိပ်တောင်မကြားနိုင်တော့ဘူး စိုးရိမ်စိတ်ကမီး
တောက်နေပါပြီ သူအရူးထပြီးလုပ်လိုက်တဲ့အရာကသူ့ချစ်တဲ့သူကိုသတ်မိမှာကိုအင်မတန်ကြောက်လန့်နေတယ်
Saint : Perth ထပါ
   ကြံရာမရတော့ဘူး အခုမကယ်နိုင်ရင်သူ့ကိုဆုံးရှုံးလိုက်ရတော့မယ် Saint က Perth နှုတ်ခမး်ကိုတေ့ပြီးလေမှုတ်သွင်း
လိုက်တယ် ခဏလောက်မှုတ်သွင်းလိုက် ရင်ဘတ်နားကပ်ပြီး
နားထောင်လိုက်နဲ့ ခဏကြာတော့နှလုံးခုန်သံကိုပြန်ကြားလာရတယ်
Saint : ပြန်ကြားရပြီ
    Saint ကဆေးပုလင်းထဲကဆေးရည်တွေကိုငုံပြီး Perth ကိုပါးစပ်ချင်းတေ့ပြီးမရရအောင်တိုက်လိုက်တယ်
Saint : Perth  မြိုချလိုက်ပါ Perth ကျေးဇူးပြုပြီး ကျွန်တော်
            တောင်းပန်ပါတယ် Perth ရယ် ထပါတော့  
   Saint ရဲ့အော်ငိုနေတဲ့အသံကအောက်ထပ်ကပါကြားနိုင်
တယ် အိမ်ထဲကိုဝင်လာတဲ့ Bai ကအသံကြားလို့ချက်ချင်းပြေး
တက်လာတယ် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူချက်ချင်း
Saint နားကိုပြေးလာတယ်
Bai : ဘာဖြစ်တာလဲ Perth Perth
Saint : ကူညီပေးပါ ကူညီပါ သူ့ကိုကယ်ပေးပါ Perth ကို
          ကယ်ပေးပါ
   ကလေးတစ်ယောက်လိုအော်ဟစ်ငိုယိုနေတယ် လက်ထဲက Perth ကိုလည်းလုံးဝမလွှတ်ချဘူး
Bai : လူနာတင်ယာဉ် အမြန်လွှတ်ပေးပါ လိပ်စာက
   လူနာတင်ယာဉ်ပေါ်ကနေ perth ကိုအောက်ချပြီးအရေး
ပေါ်ခန်းထဲပို့ထဲထိ ဘေးကနေအရိပ်လိုလိုက်လာခဲ့တယ်
" အပြင်မှာစောင့်နေပေးပါ " ဆရာဝန်တားလိုက်လို့သာသူအ
ပြင်မှာနေခဲ့ပေမယ့် Perth ကိုပဲလှမ်းကြည့်ပြီးငိုနေမိတယ်
Bai : Saint စိတ်လျော့
   နှလုံးခုန်စက်နဲ့ဖိချလိုက်တာမြင်တိုင်း သူ့ရင်ထဲကိုဓားနဲ့အကြိမ်ကြိမ်ထိုးစိုက်နေသလိုပဲနာကျင်ရတယ် ဒါအချစ်လား
အခုမှသူ့ကိုချစ်မှန်းသိရတာလား ငါတော်တော်ရူးနေပြီ ကိုယ်
တကယ်ချစ်တဲ့သူကိုကိုပြန်သတ်လိုက်တာပဲ ငါအရူးပဲ
ပြန်လာခဲ့ပေးပါ Perth ကျေးဇူးပြုပြီးပြန်နိုးထလာပေးပါ
" တီ တီ " မျက်လုံးစုံမှိတ်ပြီးဆုတောင်းနေရာကနေနှလုံးခုန်စက်ကအသံပြန်မည်လာတာကြောင့် လှမ်းကြည့်လိုက်မိတယ်
Doctor : နှလုံးပြန်ခုန်လာပြီ
ဆရာဝန်ရဲ့အတည်ပြုသံကိုကြားမှ Saint သူ့စိတ်ကိုအေး
နိုင်တော့တယ်
ကျေးဇူးတင်ပါတယ် ပြန်လာပေးလို့ကျေးဇူးတင်ပါတယ်
Saint တစ်ယောက်ထဲအခန်းပြင်ကခုံတန်းမှာထိုင်နေလို့ Bai
ကသူ့လက်ကိုကိုင်ထားပေးလိုက်တယ်
Saint လည်းငိုထားလွန်းလို့တရှုံ့ရှုံ့နဲ့ မျက်နှာတစ်ပြင်လုံးနီရဲနေပြီ သူ့လက်လေးတွေလည်းအေးစက်နေတယ်
Bai : Saint နင်လန့်နေတာလား
Saint : ငါမှားသွားတယ် ငါဘာဆက်လုပ်ရမလဲ Bai ငါ
Bai : ငါ့ကိုကြည့် Saint နင်နဲ့စတွေ့ခဲ့တာသူပါလို့ ငါ့ကိုဝန်ခံ
ပြီးပြီ ငါ့အမြင်မှာလည်းသူကနင့်ကိုချစ်တယ်လို့မြင်
တယ် အဲ့ဒါကိုလည်းနင်ကိုယ်တိုင်သိမှာပဲ
Saint : ငါခဏတာစိတ်လွတ်သွားတယ် Bai ငါသူ့ကိုလုပ်ရက်
တယ် ငါ့ကိုငါရွံမုန်းလွန်းလို့ ဘယ်လိုလုပ်ရမလဲ
Bai : အဲ့လိုမတွေးနဲ့ ပြီးတာတွေပြီးခဲပြီ သူသတိရလာရင်အ
ကောင်းဆုံးဆိုတာကိုလုပ်ဖို့သာတွေးပါ သူနင့်ကိုချစ်ရင်
ခွင့်လွှတ်မှာပါ
Saint : ငါ့ကိုသူမုန်းနေမှာ
Bai : မဟုတ်ဘူး သူတကယ်ချစ်ရင်မုန်းဖို့မလွယ်ပါဘူးဟာ
ငါတဖြည်းဖြည်းနဲ့ Perth ကိုယုံကြည်တယ် သူကနင့်အ
တွက်အကောင်းဆုံးဆိုတာယုံကြည်တယ်
Saint : ဆေးရုံကတစ်ယောက်က
Bai : အဲ့လူက Nerth နင်သိခဲ့တဲ့ Perth မဟုတ်ဘူး နင်နဲ့အ
တူနေတာကြာခဲ့ပေမယ့် Perth နဲ့အတူရှိတဲ့အချိန်လေး
ကိုမယှဉ်နိုင်တာ နင်လည်းခံစားမိမှာပါ
အခန်းထဲကနေဆရာဝန်ထွက်လာလို့ သူတို့နှစ်ယောက်လုံး
မတ်တပ်ရပ်လိုက်တယ်
Doctor : အချိန်လေးနည်းနည်းသာနောက်ကျရင်မလွယ်ဘူး
ကံကောင်းတယ်ပြောရမယ်
Saint : ကျေးဇူးတင်ပါတယ် ဒေါက်တာ
Doctor : မွေးရာပါမဟုတ်ရင် ငယ်ငယ်ကအပြင်းဖျားဖူးလို့
ဓာတ်မတည့်တာများတယ်ထင်တယ် နောက်မဖြစ်
အောင်ဂရုစိုက်ပေးပါ
Saint : ဟုတ်ကဲ့
Bai : ကျေးဇူးပါနော် ဒေါက်တာ
Nurse : လူနာသတိရလာပြီ
Bai : သတိရလာပြီတဲ့ Saint
သတိရလာပြီဆိုလို့ Saint ထခုန်မတတ်ကိုပျော်မိတယ် ဒါပေမယ့် ချက်ချင်းပဲသူ့မျက်နှာကအပြုံးကအသက်မဲ့ပြီး
ညိုးငယ်သွားတယ်
Bai : ဘာဖြစ်လို့လဲ Saint
Saint ကစကားတောင်ပြန်မပြောနိုင်တော့ဘူး
Bai : Perth နဲ့မျက်နှာချင်းဆိုင်ဖို့ကြောက်နေတာလား
Saint : ဟုတ်တယ် Bai
Bai : ငါနဲ့ရဲရဲတင်းတင်းအထဲဝင်ရအောင် သူကသူ့အကိုလိုလူ
စားမျိုးမဟုတ်ပါဘူး သူကကြင်နာတတ်တဲ့လူတစ်
ယောက်ပါ
Bai ကပြုံးပြပြီး Saint လက်ကိုဆွဲကာအခန်းထဲသို့ဝင်သွား
တယ် ကုတင်ပေါ်ကနေလဲနေရင်းသူ့ကိုလှမ်းကြည့်နေတဲ့ Perth ကိုမြင်ပြီးသူ့မျက်ရည်တွေကထပ်ကျလာချင်ပြန်ပြီ သူ့
ကိုသူအခုထိခွင့်မလွှတ်နိုင်သေးဘူး
Bai : Perth နင်တို့နှစ်ယောက်အေးဆေးစကားပြောဦးနော်
ငါဆရာဝန်နဲ့ဆွေးနွေးလိုက်ဦးမယ်
Bai ထွက်သွားပြီးခဏကြာတဲ့ထိ Perth ကစကားလုံးဝမ
ပြောဘဲ Saint ကိုပဲတည့်တည့်ကြည့်နေတယ်
Saint : နေလို့ ကောင်းရဲ့လား
Saint က Perth ကိုတည့်တည့်မကြည့်ရဲဘူး ဒါပေမယ့် သူ့
ရဲ့စိုးရိမ်နေတဲ့စိတ်ကြောင့်စကားလေးတစ်ခွန်းကိုတော့ရအောင်မေးလိုက်တယ်
Perth : ငါငယ်ငယ်ကအပြင်းဖျားခဲ့ဖူးတယ် မိဘတွေကလဲမ
ရှိဘူး တစ်အိမ်လုံးဘယ်သူမှမရှိဘူး ငါနေမကောင်း
တာဘယ်သူမှမသိဘူး ကလေးဆိုတော့ဆေးရုံသွား
ဖို့လည်းထဖို့အင်အားမရှိဘူး နှစ်ရက်လောက်နေမှ
ပြန်ရောက်လာတာက ငါ့အကို နှစ်ရက်လုံးအပေါင်းအ
သင်းတွေနဲ့ပျော်ပါးနေရတာငါ့ကိုဆေးရုံမပို့နိုင်ဘူး
ကံကောင်းလို့ဘေးအိမ်ကဦးလေးကြီးကယ်လို့ပေါ့
Saint : Perth
Perth : ဘာလို့ဒါတွေကိုပြောပြနေရတာလဲသိလား
Perth ရင်ထဲမှာအရမ်းကြေကွဲပြီးပြောနေတဲ့စကားတွေကို
နားထောင်ပြီးတဲ့နောက်မှာဘာမှပြန်မပြောနိုင်လောက်အောင်
ခံစားရတယ် သူ့ဘဝကြီးကအဲ့လိုဖြတ်သန်းခဲ့ရတာလား
Perth : ငါ့အကို မင်းသိခဲ့တဲ့ Perth ဆိုတာမကောင်းတဲ့လူ
အဲ့လိုလူလက်ထဲမင်းကိုပြန်မထည့်နိုင်ဘူး Saint
ဘာလို့လဲသိလား ငါမင်းကိုချစ်လို့
Saint : Perth ကျွန်တော့်ကိုသတ်လိုက်ပါ ကျွန်တော့်အမှား
အတွက်သတ်လိုက်ပါ
Perth ဆီကမမျှော်လင့်ထားတဲ့အပြုံးကိုမြင်လိုက်ရတယ်
သူရှိတဲ့အင်အားနဲ့ကျွန်တော့်နားကိုတိုးလာပြီး ဖက်ထားလိုက်
တယ် အံ့သြမိတယ် သူ့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့သူကိုပြုံးပြပြီဖက်ထားနိုင်သေးတယ်
Perth : နောက်ဆုံး ဖက်ထားခြင်းပါ
Saint : အဲ့ဒါဘာကိုပြောချင်တာလဲ
Perth : ငါကမင်းရှာနေတဲ့လူမဟုတ်ဘူး ငါ့နေရာကိုငါပြန်သင့်
ပြီလေ လမ်းခွဲကြရအောင် Saint
တားဆီးလိုက်ချင်တယ် Perth ကိုမထားခဲ့ပါနဲ့တားချင်ပေ
မယ့်ဘာလို့တစ်ခွန်းမှမပြောနိုင်ဘဲဆွံ့အနေရတာလဲ မျက်ရည်တွေကျနေမယ့်အစား သူ့ကိုတားလိုက်ပါလား ငါ့နှလုံးသား
ရယ် ................
Part 12 ( the end )

Who Are You? ( complete)Where stories live. Discover now