Part 10❤️

1.4K 145 9
                                    

ညတုန်းကမွေးနေ့ပွဲနွှဲပြီးကြည်နူးနေတာနဲ့ ပင်ပန်းလို့မိုးတော်တော်လင်းတဲ့ထိ Saint မထနိုင်ဘူး မနက် 10 နာရီရူတင်
ရှိတာကိုပါသူမေ့ပြီးမထနိုင်ဘူး
Perth : Saint အခုထိမနိုးသေးပါလား ပင်ပန်းလို့အိပ်နေ
တယ်ထင်တယ်
" တီ တီ " Perth က Mike ကိုအစာကျွေးနေရင်းနဲ့ဖုန်း
သံလာလို့ထကိုင်လိုက်တယ်
Perth : Hello
Chen : Perth လား
Perth : ဟုတ် P Chen
Chen : Saint ဆီဖုန်းခေါ်နေတာမကိုင်လို့ အိမ်ဖုန်းကိုခေါ်
လိုက်တာ သူနောက်တစ်နာရီနေရင်ရူတင်ရှိတယ်
လေ မထသေးတာလား
Perth : ဟုတ်လား ကျွန်တော်လည်းရူတင်ရှိတာမသိလိုက်
ဘူး နှိုးထားလိုက်မယ် P Chen
Chen : ငါနောက်နာရီဝက်လောက်ဆိုရောက်မယ်နော်
Perth : ဟုတ်ကဲ့
Saint ကအခုထိအိပ်နေတုန်းမို့လို့ Perth ကအနားမှာထိုင်
ချလိုက်တယ်
Perth : Saint Saint
Saint : Perth
Perth : ထတော့လေ ရူတင်ရှိတယ်ဆို
Saint :ခဏလေး ခဏလေးပါ
Saint ကမျက်လုံးတောင်မဖွင့်ဘဲ ကယောင်ကတမ်းပဲပြော
နေတော့ Perth ကသူ့နဖူးလေးကိုလက်ဖျားလေးနဲ့စမ်းလိုက်
တယ်
Perth : ဖျားလည်းမဖျားပါဘူး ထတော့လေ ဒီညစောစော
အိပ်ပေါ့ ထ
Saint : ခဏလေးပါ
Perth : ဒီကောင်လေးကတော့ အကြမ်းနည်းသုံးမှနိုးမယ်
ထင်တယ်
Perth ကကုတင်ပေါ်မှာအိပ်နေတဲ့ Saint ကိုချီလိုက်တယ်
Saint ရုတ်တရက်ဆိုတော့မျက်လုံးနှစ်ဖက်လုံးပွင့်သွားတယ်
Perth : နိုးလာပြီလား
Saint : Perth ဘာလို့အဲ့လိုလုပ်တာလဲ
Perth : အခုထိမျက်လုံးကကောင်းကောင်းမပွင့်သေးဘူးပဲ
အိပ်ချင်မူးတူးနဲ့
Perth က Saint ကိုရေချိုးခန်းထဲထိချီခေါ်သွားလိုက်တယ်
Saint : Perth Perth အောက်ချပေးပါ
Perth က Saint ကိုရေအပြည့်ဖြည့်ထားတဲ့ Bathtub ထဲ
ကိုပစ်ချလိုက်တယ် တစ်ကိုယ်လုံးရေစိုမှတော့ Saint လည်း
မနိုးလို့မရတော့ဘူူးလေ
Saint : Perth နော်
Perth : ဘာဖြစ်လို့လဲ ဟင် ထမှမထတာ ဒီလိုလုပ်ရတာပေါ့
Perth ကရေကိုလက်နဲ့ခပ်ပြီး Saint မျက်နှာကိုလှမ်းပက်
လိုက်တယ်
Saint : ဟာ Perth ရတယ်လေ အဲ့လိုကြေးပေါ့
Saint ကပိုပြီးအားပြင်းပြင်းနဲ့ Bathtub ထဲကရေတွေနဲ့ Perth ဆီလှန်းပတ်လိုက်တယ် နှုတ်ခမ်းလေးစူပြီးအဆက်မ
ပြတ်ပတ်လိုက်တယ်
Perth : အကုန်စိုကုန်ပြီ
Perth ပြောလည်းမရဘူး Saint ကထပ်ပတ်တယ်
Perth : ဟာ ပြောနေတယ်လေ စိုကုန်ပြီလို့
Saint : စိုပလိမ့်စေ သူများအိပ်နေတာကိုရေထဲပြစ်ချပြီးတော့
Perth : အတော်ပဲ အဲ့ဒါဆို
Perth ကသူ့ရဲ့ရေစိုနေတဲ့အကျႌကိုဆွဲချွတ်လိုက်တော့
Saint လန့်သွားတယ်
Saint : ဘာလုပ်မလို့လဲ
Saint ကိုစူးစိုက်ကြည့်ပြီးတော့ သူပါရေထဲဆင်းလိုက်တယ်
Saint ရဲ့ထိတ်လန့်နေတဲ့မျက်နှာလေးနားကိုကပ်သွားတော့
Saint ကသူ့မျက်လုံးတစ်စုံကိုတင်းတင်းမှိတ်ထားလိုက်တယ်
Perth က Saint ဖြစ်နေတဲ့ပုံကိုကြည့်ပြီးရီလိုက်မိတယ်
Saint မျက်နှာလေးပေါ်ရေလေးနဲ့ပက်လိုက်တော့မှ Saint
လည်းမျက်လုံးပြန်ဖွင့်ကြည့်လိုက်တယ်
Perth : ဘာလို့မျက်လုံးကိုမှိတ်ထားလိုက်တာလဲ ဘာတွေ
မျှော်လင့်နေတာလဲ
Perth တော့သူ့ကိုနောက်နေပြန်ပြီ
Saint : သွားတော့ ရေချိုးတော့မယ်
Perth : ဟင် ခုနကအဲ့အသံမဟုတ်ပါဘူး ဘာဖြစ်သွားတာလဲ
စိတ်ကောက်တာလား စိတ်ဆိုးသွားတာလား ဘာ
ဖြစ်တာလဲလို့ ပြောလေ
Saint ကတစ်ခွန်းမှမပြောဘဲမျက်နှာလွှဲနေထဲကသူ့ကိုစိတ်
ကောက်နေပြီဆိုတာပြောစရာမလိုဘဲနဲ့ကိုသိတယ်
Perth : ချစ်လို့စတာလေ ကိုကအမြဲနောက်တတ်တာသိရဲ့
သားနဲ့ကို ဒီကိုကြည့်ပါဦး
Perth ကအတင်းတစ်ဖက်လှည့်နေတဲ့ Saint မျက်နှာကို
အတင်းလက်နဲ့ဆွဲပြီးသူ့ရှေ့တည့်တည့်ကိုကြည့်လိုက်တယ်
Saint မျက်နှာလေးကဆူပုပ်နေပြီး သူ့ကိုမျက်စောင်းတထိုးထိုးနဲ့ ......
Perth : ဘာလို့အဲ့လိုဖြစ်နေတာလဲ
Saint : Perth ကကျွန်တော့်ကို ကလိကလိဖြစ်အောင်လာ
လုပ်နေတာကို
Perth : aww ကလေးကဒီလိုဖြစ်ချင်တာလား
Perth ကရွှတ်နောက်နောက်နဲ့ Saint နှုတ်ခမ်းကိုနမ်းလိုက်
တယ် Saint ကအဲ့တော့မှပြုံးစိစိနဲ့
Saint : ဘယ်သူက ပြောလို့လဲ အဲ့လိုလိုုချင်တယ်လို့ ထင်ရာ
လျှောက်တွေးနေတော့တာပဲ
Perth : ရေချိုးတော့ ခဏနေ P Chen လာတော့မယ်
Saint : ဟုတ်ကဲ့ပါ
P Chen ကကားတံခါးကို Saint ထိုင်ဖို့ဖွင့်ပေးလိုက်တယ်
Saint လည်းအထဲကိုဝင်ထိုင်လိုက်တယ်
Saint : ခဏလေး P Chen
Perth ရူတင်လိုက်ဦးမလား
Perth : မလိုက်တော့ပါဘူး
Saint : ဟုတ်ကဲ့ပါ ဒါဆို ပြန်လာမှတွေ့မယ် bye
Lay ကဆေးရုံကသူ့အဘွားကို ဆေးရုံစောင့်ပေးနေတယ်
N : ဆေးဖိုးတွေရှင်းလို့ရပါပြီ
Lay : ဟုတ်ကဲ့ သွားရှင်းလိုက်မယ်
Lay ကကောင်တာမှာဆေးဖိုးတွေရှင်းနေရင်းနဲ့ " တီ တီ "
ဆိုတဲ့အရေးပေါ်ဘဲလ်သံကိုကြားလိုက်ရတယ်
ဆရာဝန်တွေကအချက်ပေးသံမြည်တဲ့ အခန်းကိုပြေးဝင်သွား
လိုက်တယ် ရုတ်ရုတ်သဲသဲဆိုတော့ဘာဖြစ်တာလဲဆိုပြီးသူ
လည်းအခန်းကိုလှမ်းကြည့်လိုက်မိတယ် မြင်တွေ့လိုက်ရတဲ့
အရာကြောင့်သူ့လက်ထဲကပစ္စည်းတွေပြုတ်ကျတဲ့အထိပါတုန်လှုပ်သွားတယ်
Lay : Perth လား ဆရာမ အဲ့လူနာကဘယ်သူလဲ
N : သူကသတိလစ်နေတာကြာပြီ သူ့အုပ်ထိန်းသူရဲ့ခွင့်ပြု
ချက်မရလို့ မခွဲစိတ်ရတာ
Lay : အုပ်ထိန်းသူကခွင့်မပြုတာလား ဒါဆို Nerth က Perth
ကိုတမင်ဒီအတိုင်းပစ်ထားတာပဲဖြစ်မယ် Perth သာဆို
သူ့အကိုကိုဒီတိုင်းမထားလောက်ဘူး ဒါဆို ဒါက Perth
ပဲဖြစ်မှာ
Shooting အပြင်ဘက်မှာပရိတ်သတ်တွေက သူ့အတွက်
လက်ဆောင်တွေပေးဖို့စောင့်နေကြတယ်
" Saint " ဆိုပြီးဝိုင်းအော်ပြီးသူထွက်လာတဲ့ထိစောင့်နေကြ
တယ်
Saint : မင်္ဂလာပါ
Chen : လမ်းလေးနည်းနည်းရှင်းပေးပါ ကျေးဇူးတင်ပါတယ်
ပရိတ်သတ်တစ်ယောက်က ပန်းစညး်တစ်စည်းကိုလက်
ထဲလှမ်းပေးလိုက်တော့ ကားပေါ်ထိအဲ့ပန်းစည်းလေးကပါ
လာခဲ့တယ်
Chen : ပရိသတ်တွေဘယ်ကနေသတင်းကြားသွားလားမသိ
ဘူး အများကြီးပဲ
Saint : ဒီပန်းစည်းကလှလိုက်တာ
Chen : ဒီကိုပေးမလား
Saint : ရတယ် ယူထားလိုက်မယ် အိမ်ရောက်ရင် Perth ကို
ပေးရမယ် မှတ်မိနေသေးတယ် သူကျွန်တော့်ကိုချစ်ခွင့်
ပန်တုန်းက ပေးတဲ့ပန်းနဲ့ဆင်တယ်
လွန်ခဲ့သောတစ်လ ..........
Perth ကသူ့လက်ထဲကပန်းစည်းကိုမျက်လုံးလေးမှိတ်နမ်းပြီး
တော့ Saint ဆီကမ်းပေးလိုက်တယ်
Saint : ဒါက
Perth : မင်းအတွက်လေ ငါမင်းနဲ့တွဲလို့ရမလား
Saint : Perth
Perth ကဘာအဖြေမှတောင်မပြောရသေးဘဲသူ့နှုတ်ခမ်းကို
လာထိနမ်းလိုက်တယ် ကျွန်တော်တို့စတွဲတုန်းကအဲ့လိုလေး
ပဲဖြတ်သန်းပြီး အတူနေလာကြတာမှတ်မိနေသေးတယ်
အခုတော့ Perth ကိုဒီပန်းစည်းလေးပြန်ပေးပြီး ချစ်တယ်လို့
ပြန်ပြောရမယ်
Chen : ရောက်ပြီ ဆင်းတော့
Saint : P Chen အထဲဝင်ဦးမလား
Chen : နေပါတော့ မင်းတို့ရိုနေမှာကိုမကြည့်ပါရစေနဲ့ ကြက်
သီးတွေထလို့
Saint : P Chen ကလည်း လုပ်ပြန်ပြီ ကောင်းကောင်းသွား
Chen : အင်းပါ တာတာ့
Saint ကပန်းစည်းကိုခါးအနောက်မှာဖွက်ပြီး အိမ်ထဲကို
ဝင်လာတယ်
Perth : ပြန်ရောက်လာပြီလား ဖုန်စုပ်စက်အသံကကျယ်နေ
တော့ကားသံကိုမကြားလိုက်ဘူး
Saint : ဒီနားကိုလာပါဦး
Perth အနားကိုရောက်လာတာနဲ့ သူ့အနောက်မှာဖွက်ထား
တဲ့ပန်းစည်းကို Perth မျက်နှာရှေ့တည့်တည့်ကိုကမ်းပေး
လိုက်တယ်
Saint : ချစ်တယ် Perth
Perth ဆီကသူမျှော်လင့်ထားသလိုစကားပြန်မလာဘူး
" အဟွတ် အဟွတ် " သူချောင်းပဲအဆက်မပြတ်ဆိုးနေတယ်
သူ့လက်ကရှေ့ကပန်းစည်းကိုအဝေးကိုတွန်းပို့နေတော့ Saint ကပန်းစည်းကိုဘေးချထားလိုက်တယ်
Saint : Perth အဆင်ပြေရဲ့လား ဘာဖြစ်တာလဲ
Perth : Pollen Allergic
ပန်းဝတ်မှုံနဲ့ဓာတ်မတည့်တာပဲ Perth ကအဆက်မပြတ်
ချောင်းဆိုးနေတာစကားတောင်သေချာမပြောနိုင်ဘူး
Saint လည်းစိတ်ပူပြီးရေတစ်ခွက်အမြန်သွားခပ်လိုက်တယ်
သူရေယူပြီးအိမ်ရှေ့ပြန်ပြေးလာပေမယ့် သူ့ခြေလှမ်းတွေခဏ
တာရပ်တန့်သွားတယ် သူအရှေ့မှာထိုင်နေတဲ့ Perth ကိုသေ
ချာကြည့်ပြီးတောလက်ထဲကဖန်ခွက်တောင် လွတ်ကျသွားတယ် " ခွမ်း " ...........
သူက သူက Perth မဟုတ်ဘူး .............
Part 10 ( the end )

Who Are You? ( complete)Where stories live. Discover now