Final Episode

2.4K 217 31
                                    

အခန်းထဲကအိပ်ရာလေးပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ပြီး ဖက်လျှက်အိပ်နေကြတယ်
Saint : Perth
Perth : inn ပြောလေ
Saint : စကားပြောချင်လို့မဟုတ်ဘူး
Saint ကပြောနေရင်း Perth ပါးလေးကိုထနမ်းလိုက်တယ်
Perth : ရုတ်တရက် ဘာဖြစ်တာလဲ
Saint : ဒီလိုအတူနေရမယ့်အချိန်လေးကို ပြန်ရောက်လာတာ
အရမ်းပျော်လွန်းတယ် အခုလို Perth မျက်နှာလေးကို
အနီးကပ်မြင်ရတာပျော်လွန်းလို့
Perth : ကိုလည်းပျော်တယ် Saint
ကျွန်တော့်အကိုကို ကျေးဇူးတင်မိတာဘဝမှာတကယ်ဒီ
တစ်ကြိမ်ပဲရှိပါတယ် ကျေးဇူးလည်းတင်သလို အကို့အချစ်ကို
ခိုးယူခဲ့တဲ့အတွက်လည်း တောင်းပန်ပါတယ်
Saint ပြန်သွားတာနဲ့ Perth ကရဲတာဝန်ခံရှိရာကိုပြန်သွားခဲ့
တယ် သူအဖမ်းခံရမယ်လေ
ဒါပေမယ့် မထင်ထားတာတစ်ခုမြင်လိုက်ရတာက Bai နဲ့
Nerth ကဘာလို့ရဲတာဝန်ခံရှေ့ကိုရောက်နေတာလဲ
Perth : Bai
Bai : ရောက်လာပြီလား Perth
Bai က Perth ကိုပြေးဖက်လိုက်တယ်
Bai : အားလုံးအဆင်ပြေသွားပြီလေ
Perth : ဘာတွေဖြစ်
Nerth ကိုလက်ထိပ်ခတ်တာကိုတွေ့လိုက်ရတော့သူပိုမှင်
သက်သွားမိတယ်
Nerth : အံ့သြနေတာလား ငါ့လိုလူကကိုယ်တိုင်လာအဖမ်းခံ
တယ်ဆိုတော့
Perth : ဘာတွေဖြစ်နေတာလဲ Bai ဘာတွေဖြစ်ကုန်တာလဲ
Bai : အမှန်တော့ နင်ကစမ်းသပ်မှုကိုအောင်မြင်သွားတာပါ
ကျွန်မနဲ့ Nerth ရဲ့အပေးအယူဆိုတာရိုးရှင်းလွန်းပါတယ်
Bai : နင်ဘာပြောချင်တာလဲ
Nerth : နင် Perth က Saint အတွက်တကယ့်ဖူးစာဆိုတာ
ယုံလား သူ Saint ကိုတကယ်ချစ်တာလား
Bai : ဒါပေါ့ Perth ကသူ့အတွက်အကောင်းဆုံးလူပဲ
Nerth : ငါ Saint ကိုတကယ်ချစ်မိသွားမှ အရင်ကငါ့အမှား
တွေအတွက်နောင်တရမိတယ်
Nerth ဟန်ဆောင်ပြောနေတာမဟုတ်ဘူးဆိုတာကို သူ့
မျက်နှာပေါ်မှာအထင်းသားတွေ့နိုင်တယ်
Nerth : ငါအတ္တဆန်ပြီး ငါ့ညီကိုတောင်သတ်ဖို့ကြိုးစားမိ
တယ် ငါ့အဲ့အတွက်လည်းအပြစ်ခံယူဖို့စဉ်းစားပြီး
သားပါ ဒါပေမယ့် တစ်ခုတော့ရှိတယ်
Bai : ဘာကိုလဲ
Nerth : ငါသိချင်တယ် Perth က Saint အတွက်တကယ့်
အချစ်ပေးနိုင်လားဆိုတာကို ဒါမှလည်း ငါ Saint ကို
စိတ်ချလက်ချထားခဲ့နိုင်မယ်လေ
Bai : ဘယ်လိုမျိုးကိုနင်လုပ်ချင်တာလဲ
Perth က Saint ကိုတကယ်ချစ်မချစ် ကျွန်မတို့နှစ်ယောက်ပေါင်းပြီးစမ်းသပ်ခဲ့ရုံပါ
Perth : ဒါဆို အကိုက
Nerth : တောင်းပန်ပါတယ် ငါ့အပြစ်တွေဆေးကြောပြီးအကို
ကောင်းတစ်ယောက်အနေနဲ့ ပြန်လာပါ့မယ်
Perth ပျော်လွန်းလို့မျက်ရည်တောင်ကျမိတယ် သူ့အကိုကိုအားရပါးရဖက်လိုက်တယ်
Perth : ကျေးဇူးတင်ပါတယ် ကျေးဇူးပါပဲ အကို
မထင်ထားတဲ့အချိန်နှစ်လအတွင်းမှာ ကျွန်တော်တို့အကုန်
အချစ်ဆိုတာကိုရှာတွေ့ခဲ့တယ်လေ အချစ်ကအရာအားလုံးကိုပြောင်းလဲသွားခဲ့တယ် အချစ်က Nerth လိုလူမျိုးကိုတောင်ပျော့ပျောင်းသွားစေတယ် ကျွန်တော့်အကိုအတွက်ထာဝရ
ဂုဏ်ယူနေမှာပါ ပြီးတော့ အချစ်က Saint ကိုသတ္တိခွန်အား
တွေအများကြီးပေးခဲ့ပုံရပါတယ် အခုဆို သူကကျွန်တော့်
လက်ကိုဆွဲပြီး ကင်မရာတွေအများကြီး လူတွေအများကြီးရှေ့
ကိုဦးဆောင်ခေါ်သွားခဲ့တယ်လေ
G : မင်္ဂလာပါ ပထမဆုံးစုံတွဲပွဲတက်တာပေါ့ တွေ့ရတာဝမ်း
သာပါတယ်
Saint : ဟုတ် ဒါကကျွန်တော့်ချစ်သူ Perth ပါ
ကင်မရာတွေကြောက်တတ်တဲ့ ကျွန်တော့်ကိုသေချာလက်တွေမြဲနေအောင်တွဲထားပေးခဲ့တယ်
G : ဒီနေ့ ဆုပေးပွဲမှာအကောင်းဆုံးဆုရမယ်လို့ထင်ပါသလား
Saint : ဟုတ် အရမ်းတော့မမျှော်လင့်ရဲပါဘူး
မိုက်က Perth ရှေ့ရောက်လာတော့ ရှက်ရှက်နဲ့ဘာပြောရ
မလဲမသိတော့ဘူး ဒါပေမယ့် Saint ကသူ့ကိုပြုံးပြနေတော့
အင်အားတွေပြည့်လာပါတယ်
Perth : သူဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်တော့်ရင်
ထဲကဆုကို အမြဲရပြီးသားပါ
တစ်ယောက်နဲ့တစ်ယောက် ကြည်နူးနေတဲ့အပြုံးတွေကို
မြင်လိုက်ရတယ်
ထင်ကြေးပေးနေကြတဲ့ Popular Awards ကိုလည်းကျွန်
တော်တကယ်ရခဲ့ပါတယ် အံ့သြပြီးပျော်လွန်းလို့စင်ပေါ်ကို
လမ်းလျှောက်ဖို့တောင် အင်အားတွေချိနဲ့ပြီးခြေတွေတောင်
တုန်တယ်
Saint : ဒီဆုကိုရလို့ ကျွန်တော့်ကိုအချိန်တိုင်းSupport လုပ်
ပေးခဲ့တဲ့ Fan တွေကိုအရင်ကျေးဇူးတင်ချင်ပါတယ်
သူတို့ပေးတဲ့အချစ်တွေက တကယ်ကိုကျွန်တော့်
အတွက် အင်အားဖြစ်စေပါတယ်
Saint ကဆုကို Perth မြင်သာအောင်မြှောက်ပြလိုက်တယ်
Saint : ပြီးတော့ ကျွန်တော့်ချစ်သူ Perth ကိုအရမ်းကျေးဇူး
တင်ပါတယ် အချစ်ဆိုတာကိုသူသင်ပေးခဲ့တာကြောင့်
အချစ်ကားတွေမှာ ပိုပြီးပိုင်နိုင်အောင်သရုပ်ဆောင်
နိုင်တာပါ တစ်ဦးတည်းသောကျွန်တော့်ရဲ့မိသားစု
ဝင်ပါ ချစ်တယ် Perth
P Chen နဲ့ Saint ကဆိုဖာပေါ်မှာထိုင်ပြီး I Pad အတူ
ကြည့်ရင်းရီမောနေကြတယ်
Perth : ဘာတွေကြည့်နေတာလဲ
Saint : Perth လာပါဦး
Saint က Perth ရဲ့လက်ကိုအတင်းဆွဲခေါ်လိုက်တယ်
သူတို့ကြည့်နေတာ Saint ရဲ့fan page တစ်ခုပဲ
Chen : ငါကစိုးရိမ်နေရတာ ယောကျား်လေးချင်းကြိုက်တယ်
ဆိုတော့ Saint ရဲ့ Fan တွေသဘောကျပါ့မလားလို့
လေ အခုတော့ကြည့်ပါဦး သူတို့ကမင်းတို့ထက်ပို
တက်ကြွနေကြတယ်
Saint : Perth ကကျွန်တော့်ထက်တောင်နာမည်ကြီးနေတာ
Saint ကောင်လေးကချောတယ်ဆိုပြီးတော့
Perth : မဟုတ်ရပါဘူးနော် မင်းကြောင့်ကိုကနာမည်ကြီးနေ
တာပါ
Saint က Perth လက်မောင်းလေးကိုချိတ်ပြီးအနားမှာတိုး
ဝှေ့ပြီးကပ်ချွဲနေတယ်
Chen : Saint Saint မင်းက Mike နဲ့တူနေပြီသိရဲ့လား
Perth ကရီလိုက်တော့ Saint က P Chen ဘက်ကိုမျက်
စောင်းလှည့်ထိုးလိုက်တယ်
Chen : နဂါးမျက်စောင်းကကြောက်ဖို့ကောင်းနေတယ်
အဲ့လောက်မထိုးပါနဲ့
Saint : Mike ထက်ကျွန်တော်က perth ကိုပိုကပ်ချင်တာ
Chen : ဟယ် သွားပြီ ဆေးမမှီတော့ဘူး ခွေးဆိုးလေး
Saint : P Chen နော်
Perth : တော်ပါတော့ P Chen ကလည်း ခွေးဆိုးလေးမဟုတ်
ပါဘူး ကလေးဆိုးလေးပါ
Saint ကအပြောလေးတွေမှာကြွေကြပြီး ရီနေတာပါးစပ်မစိ
နိုင်တော့ဘူး Perth မျက်နှာကသူ့နားကပ်နေတော့ ချက်ချင်း
အသည်းယားပြီးလှမ်းနမ်းလိုက်တယ်
Chen : ဟာာာာ Saint ငါရှိနေတာသတိထားဦးကွ
Saint : ဘာဖြစ်လဲ ကင်မရာတွေရှေ့မှာတောင်နမ်းဖူးနေတာ
ပဲကို
Chen : အေးအေး နမ်းကြ ငါတော့မျက်စိစူးတယ် ပြန်တော့
မယ်
P Chen ကချက်ချင်းသူ့ပစ္စည်းတွေယူပြီးပြေးတာ ခလုတ်
တောင်တိုက်တယ် Perth နဲ့ Saint ကသူ့ပုံကိုကြည့်ပြီးသ
ဘောတွေကျလို့ ခိုးရီနေမိတယ်
Perth : ထတော့
Saint : ဘယ်သွားဖို့လဲ
Perth : ခုနကကျတော့ လူကိုကလိကလိဖြစ်အောင်လာလုပ်
နေပြီး မသိချင်ယောင်လာဆောင်နေတယ်
Perth က Saint ကိုကောက်ပြီးပွေ့ချီလိုက်တယ်
Saint : ဘာလုပ်တာလဲ
Perth : မင်းကို တစ်ညလုံး နမ်းနေချင်လို့လေ
Saint : Perth
Perth က Saint ကိုကုတင်ပေါ်ပြစ်ချလိုက်ပြီး အပေါ်ကနေ
မိုးထားလိုက်တယ် Saint ရဲ့လက်နှစ်ဖက်က Perth လည်တိုင်ကိုယှက်ထားလိုက်တယ် အလှပဆုံးမျက်ဝန်းတွေနဲ့ တစ်
ယောက်ကိုတစ်ယောက်ကြည့်နေခဲ့ကြတယ်
Saint : ချစ်တယ်
Perth က Saint နှုတ်ခမ်းလေးကိုတစ်ချက်ဖိနမ်းလိုက်တယ်
Perth : ချစ်တယ်
Saint : Perth သိလား အချစ်ဆိုတာစကားလုံးတွေအများ
ကြီးနဲ့ဖော်ပြဖို့မလိုဘူး Perth အခုကျွန်တော့်ကိုကြည့်
နေတဲ့အကြည့် နမ်းလိုက်တဲ့အနမ်း အဲ့ဒါတွေအားလုံး
က အချစ်ပဲလေ
Perth : ဒါဆို မင်းငါ့ကိုမြင်တိုင်းသတိရပေးပါ ငါမင်းကိုအမြဲ
အချစ်မျက်ဝန်းတွေနဲ့ကြည့်နေတယ်ဆိုတာကို
နှစ်ယောက်လုံးပြုံးပြီး နမ်းလိုက်ကြတယ်
အချစ်ဆိုတာကို နားလည်လာရင်အရာအားလုံးကပြောင်းလဲ
သွားနိုင်တယ် အခုမကြောက်တော့ဘူး ပတ်ဝန်းကျင်ကို
Perth ကကျွန်တော်ရဲ့ချစ်သူ ကျွန်တော်တို့ယောကျာ်းချင်း
ကြိုက်နေပါတယ် ဆိုတာကို ဝန်ခံဖို့မကြောက်တော့ဘူး
အချစ်ကကြောက်စိတ်တွေကိုတိုက်ထုတ်ပေးခဲ့တယ်လေ
ချစ်တယ် Perth
ချစ်တယ်ဆိုတဲ့စကားကို ခဏခဏထုတ်ပြောနေတာထက်
ရင်ထဲမှာအဲ့စကားလုံးကို သိမ်းထားတာပိုပြီးတန်ဖိုးကြီးတယ်
အဲ့လိုပြောနေစရာမလိုအောင်ကို သူ့ကိုကျွန်တော်ချစ်လို့ပါ
ချစ်တယ် Saint
THE END
အားလုံးပဲ ကျေနပ်ရဲ့လား❤️❤️ Who Are You fic လေး
ကိုအစအဆုံးအားပေးတဲ့သူတွေကိုကျေးဇူးအရမ်းတင်ပါတယ်
ဒီ Fic လေးဖတ်ပြီးခံစားချက်လေးတွေ cmt ထားခဲ့ပေးကြပါ
အမှတ်တရ Cmt လေးတွေပေးခဲ့ကြပါနော်
ဝေဖန်တဲ့ Cmt တွေပါပေးလို့ရပါတယ် အမှားရှိရင်ပြင်လို့ရပါတယ် 😘😘😘😘 ကျေးဇူးနော် ချစ်တယ်
💞 WHO ARE YOU ? 💞

Who Are You? ( complete)Where stories live. Discover now