Part 19

1.4K 170 18
                                    

Perth ကအခန်းတံခါးကိုကြမ်းကြမ်းဖွင့်ပြီးဝင်လာခဲ့တယ်
ကုတင်ပေါ်က Nerth ကိုသေချာစိုက်ကြည့်လိုက်တယ်
ဖြစ်နိုင်ရင် သူ့အကိုကိုဆွဲထိုးလိုက်ချင်ပေမယ့် သူ့စိတ်ကိုချုပ်
တည်းထားရတယ် သူ့လက်ကိုတင်းနေအောင်ဆုပ် နှုတ်ခမ်း
တစ်စုံကိုဖိကိုက်ထားပြီးတော့မှ မျက်လုံးစုံမှိတ်ပြီးသူ့အကိုရှေ့
ဒူးထောက်ချလိုက်တယ်
Nerth : မင်းဒါဘာလုပ်တာလဲ
Perth : ကယ်ပေးပါ Saint ကိုကယ်ပေးပါ
Nerth : ဘာလို့ငါ့ကိုလာတောင်းပန်နေတာလဲ
Perth : Saint ကိုကယ်တင်နိုင်တာ မင်းတစ်ယောက်ပဲရှိလို့ပါ
Saint ကိုချစ်တယ်ဆို သူ့ကိုချစ်တယ်ဆိုပြီးထောင်ထဲ
ရောက်နေတာကိုဒီတိုင်းကြည့်နေရက်တာလား
Nerth : ငါသူ့ကိုချစ်သလို သူမှငါ့ကိုမချစ်နိုင်တာ
Perth : အချစ်ဆိုတာ ပေးဆပ်ခြင်းသက်သက်ပါ ကျွန်တော်
သာအကို့နေရာမှာဆိုရင် ကျွန်တော်ကိုယ်တိုင်
ထောင်ကျခံပြီး Saint ကိုလွတ်လပ်ခွင့်ပေးလိုက်မှာ
Bai က Perth ရဲ့အနောက်ကနေ ပြေးလိုက်လာပြီးဝင်လာတာနဲ့ Perth ဒူးထောက်နေတာကိုမြင်လိုက်တယ်
Bai က Perth ကိုချက်ချင်းအတင်းဆွဲထခိုင်းလိုက်တယ်
Bai : ထစမ်း နငိကဘာလို့အဲ့လိုကောင်မျိုးကိုဒူးထောက်နေရ
တာလဲ ထ Perth
Nerth : Baifern နင်နဲ့ငါစကားသီးသန့်ပြောချင်တယ်
Perth ကဒူးထောက်ရာကနေချက်ချင်းထလိုက်တယ် ဘာလို့မဆိုင်တဲ့ Bai နဲ့စကားပြောချင်တယ်လို့ပြောရတာလဲ
သူဘာတွေလုပ်ဖို့ထပ်ကြံစည်နေတာလဲလို့ စဉ်းစားမိတယ်
Perth : ဘာလို့ Bai နဲ့ပဲပြောရမှာလား ပြောချင်တာရှိရင်
ဒီတိုင်းပြောပါ
Nerth : ငါတောင်းဆိုတာကို မလိုက်လျောချင်လည်းရတယ်
လေ Saint ကိုအနည်းဆုံးထောင်ထမင်းစားခိုင်း
လိုက်ပေါ့
Perth : မင်း
Perth ကထိုးဖို့ရွယ်လိုက်တော့ Bai ကအတင်းဝင်တားလိုက်
တယ်
Bai : Perth စိတ်လျော့ ပြော နင်ငါနဲ့ဘာပြောချင်တာလဲ
Nerth : မင်းမသွားသေးဘူးလား
Bai : Perth နင် Saint ဆီသွားပြီးအားပေးလိုက်ဦး ငါလိုက်
ခဲ့မယ်
Perth : မရဘူး ငါနင့်ကိုစိတ်မချဘူး မထားခဲ့နိုင်ဘူး
Bai : ဒီရှေ့မှာရဲတွေစောင့်နေတာလေ မပူနဲ့ မဟုတ်ရင်ငါတို့
Saint ကိုကယ်နိုင်မှာမဟုတ်ဘူးလေ ပြန်နှင့်ပါ ငါလိုက်
ခဲ့မယ်နော်
Bai ရဲ့တည်ငြိမ်တဲ့အနေအထားကြောင့် Perth လည်းခေါင်း
ညိမ့်ပြပြီးထွက်သွားလိုက်တယ် ထွကိမသွားခင်ထိ Bai ကို
စိတ်မချဘဲပြန်ပြန်လှည့်ကြည့်ပြီးမှ သွားနိုင်တယ်
Bai : နင်ကငါနဲ့ ဘာပြောစရာရှိလို့လဲ
Nerth : ထိုင်စမ်းပါဦး အေးဆေးပြောတာပေါ့
အခုချိန်မှာ Nerth ပြောသလိုလိုက်လုပ်ပေးတာ အကောင်း
ဆုံးထင်လို့ မထိုင်ချင်လည်းထိုင်လိုက်ရတယ်
Bai : ဘာများလဲ စိတ်ဝင်စားမိတယ် ငါတို့ကဒီလိုနှစ်ယောက်
ထဲစကားပြောရမယ့်အခြေအနေမဟုတ်ဘူးထင်တာပဲ
Nerth : ငါ Saint ကိုကျေအေးပေးနိုင်တယ် တစ်ခုတော့ရှိ
တယ် ငါသိချင်တဲ့အရာတစ်ခုကိုသိရမှလုပ်ပေးနိုင်
မယ်
Bai : ဘာကိုသိချင်တာလဲ
Saint ကသံတိုင်တွေကာထားတဲ့နေရာမှာ ဒူးခေါင်းနှစ်
ချောင်းကိုထောင်ပြီး ခေါင်းငုံ့ပြီးတာနေနေတော့တယ်
Perth ရောက်လာတာနဲ့သူ့ကိုအဲ့လိုမြင်ရတာရင်ထဲမကောင်း
P2 : hey Saint မင်းဒါစားလိုက်
ရဲကအော်နေလည်း Saint ခေါင်းလုံးဝမထောင်လာဘူး ဒီ
တိုင်းဆက်ငုံ့ထားတယ်
Perth : Saint
Perth အသံကြားတော့မှချက်ချင်းမော့ကြည့်ပြီး Perth အနားကိုကပ်သွားလိုက်တယ် သံတိုင်ကြားကနေ Perth လက်တွေကိုကိုင်ထားလိုက်တယ်
Perth : မင်းကြောက်နေတာလား
Saint ငိုထားတယ်ထင်ပါတယ် သူ့မျက်နှာကဖောင်းအစ်
နေတာပဲ Perth ကမရရတဲ့သံတိုင်ကြားကနေ သူ့ကောင်
လေးရဲ့ခေါင်းကိုပွတ်သပ်ပေးလိုက်တယ်
Saint ကလည်း Perth ရဲ့လက်ကိုမလွှတ်တမ်းကိုင်ထား
လိုက်တယ်
Saint : ဘယ်တွေသွားနေတာလဲ ထားခဲ့ပြီထင်နေတာ
Perth : ဘာတွေတွေးနေတာလဲ ကိုဘာလို့မင်းကိုထားခဲ့ရမှာ
လဲ ကိုကိစ္စလေးရှိလို့ခဏလေးသွားတာပါ
Saint : ဒီနေရာကိုကြောက်တယ် ကြောက်ဖို့ကောင်းတယ်
Perth အနားမှာပဲနေပေးပါနော်
Perth : စိတ်ချပါ ကိုဘယ်မှမသွားဘူး ကို့လက်ကိုသေချာ
ကိုင်ထားနော် ဘာမှကြောက်စရာမရှိဘူး
Saint : ဟုတ်ကဲ့ Perth ရှိနေရင်မကြောက်ပါဘူး
ရဲကသူတို့ကိုကြည့်ရင်းနဲ့တောင်ထမင်းဆက်မစားနိုင်ဘူး
P1 : Wow ယောကျား်လေးချင်းကိုချစ်တတ်လိုက်တာ
သူ့ကောင်လေးလာမှစကားပြောတယ် အံသြမိတယ်
အချစ်ဆိုတာကဆန်းကြယ်လွန်းတယ်
Perth ကမုန့်နဲ့အအေးဘူးကိုဖောက်ပေးလိုက်တယ်
Perth : နည်းနည်းစားလိုက်နော်
Saint : မစားချင်ပါဘူး Perth ရယ်
Perth : အစာဝင်မှအားပြည့်မှာလေ စားပါ နည်းနည်းတော့
စားပါ ကိုကို့ချစ်ရင်စားပါနော်
Saint : Perth လည်းမစားရသေးဘူးမလား
အမှန်တိုင်းပြောရရင်ကျွန်တော်လည်း သူ့အတွက်ပူဆွေး
နေရတာနဲ့ ဘယ်လိုလုပ်စားဝင်နိုင်မှာလဲ
Perth : ကိုစားပြီးပြီ ခုနကလမ်းမှာမုန့်စားထားတယ်
Saint : တကယ်လား အစာမစားဘဲမနေနဲ့နော်
Perth : ကိုကဘာလို့နေရမှာလဲ ဒါကြောင့် မင်းလည်းစား
လိုက်နော်
Perth စိတ်ချမ်းသာအောင် စားမဝင်ပေမယ့်လည်း ကြိတ်
မှိတ်ပြီးစားလိုက်တယ် Saint စားလိုက်တာမြင်မှလည်း
Perth ပြုံးနိုင်တော့တယ်
Perth : မအိပ်ရလို့မျက်နှာလေးတောင်ချောင်ကျနေတယ်
Saint : ဟုတ်တယ် ကျွန်တော်ပင်ပန်းနေပြီ
Perth : သိပါတယ် Saint ကိုရှိနေပေးတယ်လေ ခဏ
လောက်အိပ်ပြီးအနားယူလိုက်ပါလားနော်
Saint : မအိပ်ဘူး Perth ထွက်သွားမှာကြောက်တယ်
Perth : ကိုမသွားပါဘူး လက်ကိုင်ထားမယ်လေ
Saint ဘယ်လောက်တောင်ပင်ပန်းနေလဲဆိုရင်ခဏလေး
ခေါင်းလေးမှီလိုက်တာနဲ့ အိပ်ပျော်သွားတယ်
Perth ကတော့သူ့စိတ်နဲ့စားလည်းမစားနိုင် အိပ်လည်းမအိပ်
နိုင်ပါဘူး Saint ကိုဘယ်လိုကယ်ရမလဲဆိုတဲ့အတွေးကနေ
ရုန်းမထွက်နိုင်တော့ဘူး
Bai : Perth
Bai ရုတ်တရက်ရောက်လာလို့ Perth ကလက်လေးနဲ့ပါးစပ်ကိုကာပြလိုက်တယ် Saint ကိုခဏတာအချိန်လေးမှာကောင်းကောင်းနားစေချင်လို့ မနိုးသွားစေချင်ဘူး
Bai : အရှေ့မှာစောင့်နေမယ်
Perth : အင်း
Perth ကကိုင်ထားတဲ့လက်လေးက်ိုဖြည်းဖြည်းချင်းရုန်လိုက်
တယ် Saint နိုးသွားမှာကိုလည်းကြောက်နေမိတယ်
ဖြေးဖြေးချင်းရုန်းလို့ရသွားတော့ ခြေသံမကြားအောင်လျှောက်သွားလိုက်တယ်
Bai ကအရှေ့ကခုံမှာသူ့ကိုထိုင်စောင့်နေတယ်
Perth : Bai သူဘာပြောတာလဲ Saint ကိစ္စကရော
Bai : သူ Saint ကိုလွှတ်ပေးမယ်တဲ့ ဒါပေမယ့်
Perth : ဒါပေမယ့် ဘာဖြစ်လဲ
Bai : Saint ကိုလွှတ်ပေးဖို့ နင်တစ်ခုပြန်လုပ်ပေးရမယ်တဲ့
" Saint suppapong " ခပ်မာမာခေါ်သံကြောင့် Saint နိုးပြီးထကြည့်လိုက်တယ် သူဘယ်လောက်အိပ်ပျော်သွားလဲဆို
မနက်တောင်မိုးလင်းသွားတယ် ရဲကိုသူလန့်နေတာ ဒါပေမယ့် ရဲကတံခါးကိုဖွင့်ပေးလိုက်တယ်
P1 : မင်းထွက်လို့ရပြီ အပြစ်မရှိဘူးလို့ထွက်ဆိုချက်ရပြီ
Saint အရမ်းဝမ်းသာမိသွားတယ် သူအပြင်ကိုပြေးထွက်
လာတာနဲ့ Perth ကသူ့ရင်ခွင်တံခါးကိုလက်ကမ်းဖွင့်ပြီးကြိုဆို
နေတယ် Saint ကငိုပြီး Perth ရင်ခွင်ထဲပြေးဖက်လိုက်တယ်
Saint : အရမ်းပျော်တယ် Perth ရယ်
Chen : Saint တော်သေးတာပေါ့ စိုးရိမ်လိုက်ရတာ အပြင်မှာ
Media တွေရောက်နေတယ် ဖြည်းဖြည်းဆင်းခဲ့
Saint : Perth သွားမယ်လေ
Perth : ကိုအာမခံကိစ္စတွေလုပ်ဖို့နေခဲ့ရဦးမယ် သွားနှင့်
လိုက်ခဲ့မယ်
P Chen က Saint ကိုအတင်းဆွဲခေါ်သွားလိုက်တယ်
မနေ့ညက .........
Perth : Saint ကိုလွှတ်ပေးဖို့ ငါကဘာလုပ်ပေးရမှာလဲ
Bai : နင်က Saint အစားထောင်ထဲဝင်ပေးရမယ်တဲ့
တောင်းပန်ပါတယ် Saint မင်းအနားကနေခဏတော့ခွဲရဦးမယ်ထင်တယ် ကိုအဲ့တောင်းဆိုချက်ကိုသဘောတူခဲ့လို့လေ ဒါမှ မင်းလွတ်လွတ်လပ်လပ်ပျံသန်းနိုင်မှာမို့လို့ပါ
Part 19 ( the end )
Final episode is coming soon

Who Are You? ( complete)Where stories live. Discover now