Part 3

1.6K 152 14
                                    

     " ဒေါက် ဒေါက် " တံခါးခေါက်သံကြောင့် Perth နိုးလာခဲ့
တယ် တံခါးကိုဖွင့်လိုက်တော့ P Chen ကအခန်းရှေ့မှာမနက်စာဗန်းကိုင်ပြီးစောင့်နေတယ်
Chen : မင်းအိပ်နေတာ နှောင့်ယှက်သလိုဖြစ်သွားလား
Perth : မဖြစ်ပါဘူး ဒီအချိန်ထိအိပ်နေခဲ့လို့အားနာပါတယ်
Chen : ဘာလို့အားနာနေတာလဲ ငါတို့ဒီလိုပဲနေကြတာပဲ မင်း
အရင်ဆိုဒီအချိန်ထိတောင်မနှိုးသေးဘူး
Perth : ဟုတ်ကဲ့ တောင်းပန်ပါတယ်
Chen : မင်း Perth ဟုတ်ရဲ့လား
Perth ကချက်ချင်းမျက်နှာပျက်သွားတယ်
Chen : မင်းကလည်း ငါကနောက်တာပါ ရော့ မနက်စာစား
လိုက်ဦး Saint ကမင်းအတွက်သေချာချက်ပေးထား
တာ
Perth : သူကဘယ်သွားတာလဲ
Ok cut , Saint က photo shooting တစ်ခုကိုရောက်
နေတာပါ သူ့ရဲ့ပြီးပြည့်စုံလွန်းတဲ့ပုံစံကိုထုတ်ပြရတဲ့
နေရာတစ်ခုပေါ့ 
Driector : Ok Saint ကောင်းတယ် နောက်ဝတ်စုံလဲထား
လိုက်နော်
Saint : ဟုတ် ဒါရိုက်တာ
ဖုန်းသံကြားလို့ သူ့ဖုန်းကိုထုတ်ကိုင်လိုက်တယ်
Saint : hello
N : ဟိုနေ့က Perth ဆိုတဲ့လူနာရဲ့အုပ်ထိန်းသူဖုန်းလာမ
သိဘူး
Saint : ဟုတ်ပါတယ် ဘာပြသနာရှိလို့လဲ
N : သူနဲ့အတူပါလာတဲ့လူနာရဲ့မှတ်တမ်းကိုရှာမရလို့ပါ
ဒီလူနာကိုလည်းသိလားလို့ဖုန်းဆက်ကြည့်တာပါ
Saint : ကျွန်တော်တော့မသိပါဘူး ကျွန်တော်က Perth ကိုပဲ
သိတာပါ
N : ဒါဆိုလည်း Perth နဲ့အတူအတည်လာပြုပေးလို့ရမ
လား သူသိမလားလို့ လူနာကခွဲစိတ်ဖို့လိုနေလို့ပါ
Saint : အုပ်ထိန်းသူအတည်ပြုချက်လား
N : ဟုတ်ပါတယ် ဒါမှလည်း ခွဲစိတ်လို့ရမှာမို့လို့ပါ
Saint : ဒါဆိုလည်း ကျွန်တော် Perth ကိုမေးကြည့်ပေးပါ
မယ် ပြန်ဆက်သွယ်ပေးပါ့မယ်
Director ကလည်းပြန်စဖို့လှမ်းခေါ်နေပြီ
Saint : ပြန်ဆက်သွယ်ပေးပါ့မယ်
" hello hello " Saint ကဖုန်းကိုချပစ်လိုက်တယ်
N : ရုပ်ချင်းတူတာကိုမပြောလိုက်ရဘူး အမြွာထင်တယ်
Perth ကတစ်နေကုန်အခန်းအတွင်းကနေအပြင်ကိုမ
ထွက်ခဲ့ဘူး သူဘာကိုကြောက်လန့်နေတာလဲ ဘာလို့တုန်
လှုပ်နေရတာလဲ
" ဒေါက် ဒေါက် " တံခါးခေါက်သံကိုရုတ်တရက်ကြားလိုက်
ရတော့လန့်သွားတယ် စိတ်ကိုလျော့ချပြီးတံခါးကိုသွားဖွင့်
ပေးလိုက်တယ်
Saint : Perth နေကောင်းလား
Saint ကအခန်းထဲကိုအတင်းဝင်ပြီးကုတင်ပေါ်မှာထိ်ုင်
လိုက်တယ်
Saint : လာထိုင်လေ
Perth : တောင်းပန်ပါတယ်
Saint : ဘာကိုလဲ
Perth : ဘာမှမဟုတ်ပါဘူး ဒီတိုင်းပဲတောင်းပန်ချင်လို့
Saint က Perth လက်ကိုဆုပ်ကိုင်ထားလိုက်တယ် သူ့လက်ကိုဆုပ်ကိုင်လိ်ုက်တဲ့ Saint ကိုသေချာကြည့်နေမိ
တယ်
Saint : မတောင်းပန်ပါနဲ့ အဲ့အစား ဘာတွေပဲဖြစ်ဖြစ်ကျွန်
တော့်အနားမှာနေပေးမယ်လို့ပြောပေးပါ အဲ့လိုလေး
ပြောပေးပါ
Perth : ငါ
ငါကသူ့ကိုချစ်တာမှမဟုတ်တာ ငါဘယ်လိုပြောရမလဲ ဒီ
စကားမျိုးကိုဘယ်လိုပြောရမလဲ ငါမလိမ်ချင်ဘူး သူ့ကိုပိုပြီး
မျှော်လင့်ချက်တွေပေးရင် နှစ်ယောက်လုံးအတွက်မကောင်း
ဘူး သူ့အပေါ်လည်းမတရားရာကျမယ်
Perth : ငါ ငါ
Saint : ရပါပြီ Perth ပြောမယ့်စကားကိုနားထောင်ဖို့ခွန်အား
မရှိသေးလို့ပါ
အရင်လိုသာဆိုသူပျော်အောင် Perth ကအမြဲပြောနေကြ
အခုသူဘာမှမမှတ်မိတော့ ဒီလိုစကားမျိုးပြောရတာခက်ခဲနေ
မှာပေါ့
Saint က Perth ရဲ့လက်ကိုလွှတ်လိုက်တယ်
Saint : ထမင်းစားကြမယ်လေ အတူစားဖို့ပြန်လာတာ
Perth : inn သွားကြမယ်လေ
Saint : Perth ကျွန်တော့်ကိုကျွန်တော်ယုံတယ် ကျွန်တော့်
အချစ်တွေကြောင့် တစ်ချိန်ကျရင် Perth ပြန်ချစ်လာ
မယ်ဆိုတာယုံတယ် ဒါကြောင့် Perth ကလည်း
ကျွန်တော့်ကိုယုံပေးပါ
ဒီကောင်လေးကတကယ်ပဲယုံကြည်ရမှာလား ငါသူ့ကိုယုံ
ကြည်လို့ရပါ့မလား ဒါပေမယ့် သူ့အိမ်ပေါ်တောင်ငါရောက်နေ
ပြီပဲ သူကငါ့အပေါ်တကယ်ကောင်းတဲ့လူဖြစ်ဖို့မျှော်လင့်ပါ
တယ်
Saint : Perth များများစားနော်
Chen : Saint သူ့ကိုပဲအများကြီးထည့်ပေးနေတယ် မင်းအကို
ကိုကျမထည့်ပေးဘူး
Saint : P Chen ကလည်း
Perth : တောင်းပန်ပါတယ် ကျွန်တော်ထည့်ပေးပါ့မယ်
Chen : Perth Perth ငါကနောက်တာပါ မင်းအတည်ကြီး
ထင်မနေနဲ့လေ များများထည့်စား
Saint ကမစားဘဲ Perth စားတာလေးကိုပဲငေးကြည့်နေ
တယ် သူစားတာကိုပဲထိုင်ကြည့်နေတော့ Perth ကနေရခက်
လာတယ်
Perth : Saint ဘာလို့မစားတာလဲ
Saint : ကျွန်တော်ဗိုက်ပြည့်နေလို့ပါ
ကျွန်တော်ချက်ထားတာကို Perth အားရပါးရစားနေတာ
လေးမြင်တာနဲ့ကို စားစရာမလိုအောင်ဗိုက်ပြည့်နေတာပါ
Saint : Perth အကုန်ထည့်စားလေ P Chen အတွက်ချန်မ
နေနဲ့ သူကဝိတ်လျော့သင့်နေပြီ
Chen : ဟာ Saint မင်းဘက်လိုက်တာပဲ လွန်တယ်
Saint : မဟုတ်လို့လား အကို့ဗိုက်ကကလေးမွေးမယ်တောင်
ထင်ရတာကို
Chen : ဒီကလေးတော့ ငါခေါက်လိုက်မယ်
သူတို့နှစ်ယောက်ကိုကြည့်ပြီး Perth လည်းလိုက်ရီမိတယ်
Perth ရီနေတာကိုမြင်တော့ Saint လည်းထပ်တူပျော်မိတယ်
သူ့ကိုဒီလိုလေးပဲပျော်နေစေချင်တာ
Saint : ဒါနဲ့ ကားတိုက်မှုဖြစ်တုန်းက Perth နဲ့အတူလူတစ်
ယောက်ပါလာသေးတယ်ဆို
Perth လက်ထဲကစားနေတဲ့ဇွန်းတောင်လွတ်ကျသွားတယ်
Saint : အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲ
Perth : ပြေပါတယ် လက်ကလွတ်သွားလို့ပါ
Chen : ဒါနဲ့ ခုနကဆက်ပြောပါဦး
Saint : ဆေးရုံကဖုန်းဆက်လာတယ် အဲ့လူကိုသိလားဆိုပြီး
တော့ ကြည့်ရတာဒဏ်ရာပြင်းတယ်ထင်တယ် ခွဲစိတ်
ဖို့ခွင့်ပြုချက်လိုချင်တာတဲ့
Chen : အဲ့တော့ မင်းကဘာပြောလိုက်လဲ
Saint : Perth နဲ့အတူလာကြည့်ပေးမယ်လို့ပြောလိုက်တယ်
Perth သိလား သူ့ကို
Perth ကဘာမှပြန်မဖြေဘဲတုန်တုန်ယင်ယင်နဲ့
Saint : Perth Perth
Perth : ဟုတ်ကဲ့ တောင်းပန်ပါတယ် ငါအတွေးလွန်နေလို့
Saint : Perth သိလားလို့
Perth : မပြောတတ်ပါဘူး သိပ်မမှတ်မိဘူး
Chen : Perth ရုတ်တရက်ဆိုတော့မေ့နေတာလည်းဖြစ်နိုင်
တာပဲ မင်းသွားမကြည့်ပါနဲ့ ငါနဲ့ Perth အတူသွား
လိုက်မယ်
Perth : ရတယ် ကျွန်တော့်ဘာသာသွားလိုက်မယ်
Saint : အဲ့လိုတော့မရဘူးလေ Perth ကနေကောင်းသေး
တာမှမဟုတ်တာ P Chen နဲ့အတူသွားလိုက်ပါ
Perth : ငါတစ်ယောက်ထဲသွားပါ့မယ် မင်းတို့ကအလုပ်များ
နေတာကို မနှောင့်ယှက်ချင်လို့ပါ
Chen : Saint သူအဆင်ပြေတယ်ဆိုလည်းရတာပဲ သူလည်း
ကလေးမှမဟုတ်တာ
Saint : ဒါပေမယ့်
Perth : စိတ်မပူပါနဲ့ ငါ့မှတ်ညဏ်တွေကိုပြန်ရှာကြည့်ပါ့မယ်
ငါပဲသွားပါရစေ
Saint လည်းမပြောနိုင်တဲ့အဆုံး ခေါင်းညိမ့်လိုက်ရတယ်
Saint က Perthထိုင်နေတဲ့ရှေ့ကိုခါးကိုင်းလိုက်တော့ Perth
ကလန့်သွားတယ်
Saint : ကျွန်တော် ခါးပတ်ပတ်ပေးမလို့ပါ မလန့်ပါနဲ့
Saint ကထိုင်ခုံခါးပတ်ကိုဆွဲပြီးပတ်ပေးလိုက်တယ်
Perth : ကျေးဇူးပါပဲ
ဆေးရုံရှေ့ရောက်တော့ Perth ကကားပေါ်ကဆင်းလိုက်
တယ်
Saint : ဒီမှာပဲစောင့်နေမယ် လိုတာရှိရင် အဆင်မပြေရင်ဖုန်း
ဆက်နော်
ဆေးရုံထဲဝင်လာတာနဲ့ခြေထောက်တွေကမခိုင်ချင်တော့
ဘူး ဖြည်းဖြည်းချင်းတစ်လှမ်းချင်း လျှောက်လာခဲ့တယ် အရူး
တစ်ယောက်လိုပဲတုန်ရီနေတယ်
N : လူနာကဒီမှာပါ
ကုတင်ပေါ်လှဲနေတဲ့လူကိုမြင်တာနဲ့သူ့မျက်ရည်ကကျလာခဲ့
တယ် ခြေတွေလက်တွေကပါတုန်ပြီးထိတ်လန့်လာတယ်
N : သူ့ကိုသိတယ်မလား အမြွာထင်တယ်
Perth : ဟုတ် သိပါတယ်
N : သူ့ခေါင်းကိုပြင်းပြင်းထန်ထန်ထိထားလို့ ကိုမာဝင်နေ
တယ် ခွဲစိတ်မှုလုပ်ဖို့လိုအပ်နေတယ် ဒီမှာလက်မှတ်ထိုး
ပေးနိုင်မလား
Perth ကဆရာမပေးတဲ့ခွင့်ပြုချက်စာရွက်ကိုယူလိုက်တယ်
ဒါပေမယ့် လက်မှတ်ထိုးဖို့ကိုအချိန်တော်တော်ကြာယူလိုက်
တယ် ထိုးခါနီးအချိန်မှာပဲစာရွက်ကိုမထိုးဘဲပြန်ပေးလိုက်တယ်
N : လက်မှတ်မထိုးဘူးလား
Perth : ဒီလူနာကို ခွဲစိတ်မှုမလုပ်ပါဘူး
သူသေဆုံးသွားပါစေ ခွဲစိတ်မှုကိုလုံးဝလုပ်ခွင့်မပေးနိုင်ဘူး
ဘာလို့တစ်ခါထဲမပျောက်ကွယ်သွားရတာလဲ
Part 3 ( the end )

Who Are You? ( complete)Where stories live. Discover now