အခု XuKun ခုတင်ပေါ်မှာ စောင်ကို ခြုံပတ်ထားပြီး ငုတ်တုတ်ထိုင်နေပေမယ့် ခေါင်းထဲမှာတော့ အတွေးတွေ အများကြီးရှိနေတယ် ။ သူက ဘယ်လိုလုပ် မန်နေဂျာရဲ့ အိမ်ကို ရောက်လာရတာလဲ ။ ပြီးတော့ ဘယ်လိုလုပ်ပြီး အခုလို အခြေအနေကြီးအထိ ။
" အီးးး ငါတော့ သွားပါပြီ ! အလုပ်ပြုတ်တော့မလား မသိဘူး.. "
" ဘာတွေ အော်ဟစ်နေတာတုန်း KunKun ရဲ့.. "
အင်္ကျီဝတ်ပြီးသွားတဲ့ မန်နေဂျာက ခုတင်ဘေးမှာ လာထိုင်ပြီး XuKun ရှိနေတဲ့ စောင်ပုံကို လက်နဲ့ဖွဖွလေး လာကိုင်တယ် ။ XuKun အခုထိ အင်္ကျီမဝတ်ရသေးဘဲ ဒီအတိုင်းရှိနေတုန်းပဲ ။
" ကျွန်တော့် အင်္ကျီတွေ ပြန်ပေးဦးလေ "
" အင်္ကျီတွေက ညစ်ပတ်နေလို့ အဝတ်လျှော်စက်ထဲ ထည့်လိုက်ပြီကွ.. မင်းဝတ်ချင်ရင် ကိုယ့်ဟာတွေ ယူဝတ်လေ "
တမင်များလုပ်နေတာလားဆိုပြီး XuKun မန်နေဂျာကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်ပြန်တော့ တည်ငြိမ်နေတဲ့ မျက်နှာက သူ့ကို အေးအေးချမ်းချမ်း ကြိုဆိုနေတယ် ။ အခုလိုဖြစ်သွားတဲ့ ကိစ္စအပေါ်မှာ ဘာစိတ်မှ မဖြစ်သလို သက်သက်သာသာ ပြုံးနေတဲ့ မန်နေဂျာ့ကို ကြည့်ရတာ XuKun အတွက်တော့ သိပ်ပြီး အဆင်မပြေလှဘူး ။ မန်နေဂျာလုပ်နေတဲ့ပုံစံက သူတို့နှစ်ယောက်ကြား ဘာမှတောင် မဖြစ်ခဲ့သလိုပဲ ။
" ကျွန်တော် ပွင့်ပွင့်လင်းလင်းမေးလို့ရလား.. "
" ဘာမေးစရာရှိလို့လဲ.. မေးလေ.. "
" ကျွန်တော်က ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ "
" မင်းမူးနေလို့ ကိုယ်ခေါ်လာတာလေ.. "
" ဘာလို့ မန်နေဂျာက ခေါ်လာတာလဲ ကျွန်တော် မန်နေဂျာ့ကို မနေ့ကမှ စသိတာလေ ၊ အဲ့မှာ ကျွန်တော့်အိမ်နားနေတဲ့ စီနီယာ တစ်ယောက်လည်း ရှိနေတာပဲကို.. "
စောင်ပုံထဲကနေ ခေါင်းပဲ ဖော်ပြီး ပြောနေတဲ့ XuKun ရဲ့ ရုပ်က စူပုတ်နေပြီ ။
" ကိုယ်ခေါ်ချင်လို့ ခေါ်လာတယ်ပဲ ထားပါတော့ "
" အဲ့ဒါနဲ့ ကျွန်တော်က မန်နေဂျာနဲ့ အိပ်ဖြစ်သွားရောတဲ့လား "
![](https://img.wattpad.com/cover/182798536-288-k966396.jpg)