ZiYi ကို အသေအချာဖွင့်ပြောပြီးတဲ့နေ့ကစပြီး XuKun ရဲ့ဘဝထဲမှာ ပြောင်းလဲမှုတွေအများကြီး စတင်လာတော့တယ် ။
ပထမဆုံးကတော့ XuKun အလုပ်မှာ နေရထိုင်ရခက်လာတာပါပဲ ။ အမြဲလိုလို သူ့အပေါ်ကို ဂရုတစိုက်ကြည့်နေပြီး အလေးပေးလွန်းနေတဲ့ မန်နေဂျာ့ကြောင့် အလုပ်လုပ်ရတာက အဆင်မပြေဘူး ။ တစ်ခါတုန်းက တခြားသူရှင်းပြတဲ့ ဒီဇိုင်းကို နားထောင်နေရင်းနဲ့တောင် သူ့ကိုစိုက်ကြည့်နေခဲ့တဲ့ မန်နေဂျာကြောင့် အစည်းအဝေးမှာ ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ အယောင်ယောင်အမှားမှားတွေ ဖြစ်ကုန်တယ် ။ ZiYiကတော့ သူ့ကိုကြည့်ရင်း ရယ်ပဲရယ်နေပေမယ့် သူကတော့ ရှက်သွားလို့ စီနီယာတွေ အကုန်လုံးကို မျက်နှာမပြရဲလောက်အောင်ပဲ ။
သူတို့နှစ်ယောက်ရဲ့အကြောင်းကို ရုံးကဘယ်သူ့ဘယ်သူမှ မသိကြပါဘူး ။ ရိပ်မိတာ ၊ မရိပ်မိတာက သူတို့အပိုင်းဖြစ်ပေမယ့် နှစ်ဦးသားပါးစပ်ကနေ ဝန်ခံပြီးထုတ်ပြောလာတဲ့ နေ့ရက်တွေရှိလာဖို့ကတော့ အဝေးကြီးမှာပဲ ရှိပါသေးတယ် ။
ပြီးတော့ သူကိုယ်တိုင်ကလည်း မန်နေဂျာ့အပေါ်မှာ ထူးထူးထွေထွေ စိတ်မဝင်စားနိုင်သေးဘူး ဖြစ်နေတယ် ။ ZiYi ကသာ ဆိုင်ဆိုင်မဆိုင်ဆိုင် သူ့တို့အဖွဲ့ရဲ့ အလုပ်ခန်းထဲကို အမြဲရောက်လာပြီး XuKun ဘေးကို မသိမသာလေး လာကပ်တတ်ပါတယ် ။ " ဘာလိုသေးလဲ " ဆိုတဲ့ စကားကို ဖန်တရာတေနေအောင် မေးတတ်ပြီး XuKun ကို စိတ်ပူလို့မပြီးနိုင်တော့ဘူး ။
နောက်ထပ်ပြောင်းလဲသွားတဲ့တစ်ချက်ကတော့ XuKun ရာထူးတိုးသွားတာပါပဲ ။
အလုပ်ဝင်ပြီး 10 ရက်အကြာမှာပဲ အလုပ်သင်အဆင့်ကနေပြီး မန်နေဂျာရဲ့ အတွင်းရေးမှူးရာထူးကို မဆိုင်းမတွ ရောက်ရှိသွားပါတော့တယ် ။ ဒါက ZiYi ရဲ့ စနက်တွေမှန်း XuKun သိတာမလို့ သတင်းကြားကြားရချင်းမှာ သူ့ရဲ့အခန်းထဲသွားပြီး သောင်းကြမ်းခဲ့ပေမယ့် " မင်းကို မျက်စိအောက်မှာ အမြဲထားချင်လို့ပါ.. သဲလေးရဲ့.. " ဆိုတဲ့ စကားတစ်ခွန်းကို XuKun မတုံ့ပြန်နိုင်ခဲ့ဘူး ။
ကုမ္ပဏီစားပွဲနေ့ထဲက သူ့တစ်ယောက်တည်းအပေါ်မှာ ထူးထူးဆန်းဆန်း ဆက်ဆံခဲ့တဲ့ မန်နေဂျာကြောင့် စီနီယာအစ်မတွေ သူ့အပေါ်ထားနေတဲ့ သံသယတွေက ရာထူးတိုးသတင်းထွက်လာတဲ့အချိန်မှာတော့ ဆိုးဆိုးရွားရွားကို မြင့်တက်လာပါတော့တယ် ။ ဘာအရည်အချင်းထူးထူးထွေထွေမှ မရှိသေးတဲ့ သူတစ်ယောက်ကို မန်နေဂျာရဲ့ အတွင်းရေးမှူးအဖြစ် ခန့်လိုက်တာကတော့ သူတို့အတွက် မခံမရပ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ ။ Wang ZiYi ရဲ့ အတွင်းရေးမှူးဆိုတဲ့ရာထူးကို ကုမ္ပဏီက ဘယ်မိန်းကလေးမဆို မက်မောကြပါတယ် ။
![](https://img.wattpad.com/cover/182798536-288-k966396.jpg)