-4-

1.6K 223 8
                                    

လက်ကို တောက်လျှောက်ဆွဲခေါ်လာတဲ့ မန်နေဂျာကို ကြည့်ရင်း XuKun ခေါင်းထဲ အတွေးတွေများနေတော့တာပဲ ။ တခြားသူတွေ ပြောနေကြတဲ့ မန်နေဂျာ၏ ပုံစံက မာမာထန်ထန် ၊ စည်းကမ်းတကျနဲ့ အရာရာကို စေ့စေ့စပ်စပ် လုပ်တတ်လွန်းလို့ ဝန်ထမ်းတော်တော်များများကတောင် ကွယ်ရာမှာ အတင်းတုပ်ယူရတဲ့ သူမျိုး ။ အပြုံးအရယ်ဆိုတာ တော်တော်ရှားလို့ ရေခဲမန်နေဂျာလို့တောင် နာမည်ပြောင်ပေးထားကြတာမဟုတ်ဘူးလား ။

အခုကျ အကုန်လုံးက ပြောင်းပြန်တွေ ဖြစ်နေသလိုပဲ ။ သူ့လက်ကောက်ဝတ်ကို ကိုင်ထားတဲ့ အထိအတွေ့က နွေးထွေးနေသလို ပြန်လွှတ်ချင်စိတ်တောင် မရှိတော့ဘူးလားလို့ တွေးမိအောင်ကို တင်းကြပ်နေတယ် ။ ပြီးတော့ မန်နေဂျာ့ရဲ့ မျက်နှာက မှိုရထားသလို ပြုံးဖြီးဖြီး ။ ကားနောက်ခန်းမှာ ဘေးချင်းကပ်ထိုင်စီးနေတာတောင်မှ သူ့ကို တစ်ချက်တစ်ချက် ခိုးကြည့်လာနေတာကြောင့် နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်ရတယ် ။

" ကျွန်တော့်လက်ကို ပြန်လွှတ်ပေးဖို့ အစီအစဉ်ရှိသေးလား "

" ဘာလို့လဲ ဒီအတိုင်း ကိုင်ထားတော့ မကောင်းဘူးလား ကိုယ်တို့က တွဲနေတာပဲကို.. "

တွဲနေတာ ? ဘယ်တုန်းက ဘယ်အချိန်က ?

ဘယ်တုန်းက သူတို့နှစ်ယောက်က တွဲနေတဲ့သူတွေဖြစ်သွားရတာတုန်း !!

မန်နေဂျာက ဘယ်လိုနေလဲမသိပေမယ့် အရှေ့မှာ မောင်းနေတဲ့ ဒရိုက်ဘာတစ်ယောက် ရှိနေသေးတယ်ဆိုတဲ့ အတွေးကြောင့် XuKun ကတော့ မျက်နှာတွေ ပူရှိန်းလာသလိုပဲ ။ နှစ်ယောက်ထဲ ရှိနေတုန်း ဒီလိုမျိုးပြောတာကိုတော့ သည်းခံနိုင်ပေမယ့် သူစိမ်းတစ်ယောက်ရှေ့မှာ ဒီလိုကြီး ပြောလိုက်တာကတော့ ရှက်စရာမကောင်းဘူးလား ။

" ဘာလဲ ရှေ့က ဒရိုက်ဘာကြောင့် ရှက်နေတာလား မလိုပါဘူး KunKun ကလည်း.. "

" တော်ပါ.. "

တော်ပါဆိုတဲ့ စကားလုံးရဲ့ အကျိုးဆက်ကတော့ လက်ကောက်ဝတ်မှာ ခံစားနေရတဲ့ တင်းကြပ်မှုက ပြေလျော့သွားပြီး မန်နေဂျာရဲ့ လက်ချောင်းရှည်တွေက သူ့လက်ချောင်းတွေကို သွယ်ယှက်လိုက်တာပဲ ။ XuKun အထိတ်တလန့် မန်နေဂျာ့ကို ကြည့်မိတဲ့ အချိန်မှာ သူကတော့ အေးချမ်းလွန်းတဲ့ အပြုံးတစ်ခုနဲ့ ကားပြတင်းပေါက်မှန်ကို ကျော်ပြီး ကြည်လင်နေတဲ့ ကောင်းကင်ကြီးကို ကြည့်နေလေရဲ့ ။ မသိရင် ဒီလက်ကို ကိုင်ထားတဲ့ ကိစ္စက ဘာမှတောင် မဟုတ်သလိုမျိုး ။

Our StoryWhere stories live. Discover now