Part 3

5.2K 420 57
                                    

Zawgyi

သူ့ရှေ့ကနေ ခပ်​မှန်​မှန်​ခြေလှမ်းတွေနဲ
့လျှောက်​နေတဲ့ ရေခဲကိုယ်​တော်​နောက်​ကို
ဘေးဘီမျက်​လုံးကစားရင်းနဲ့ Saint လိုက်
နေမိသည်​။တကယ့်​လျှောက်​ပတ်​ကြည့်
တော့မှ ဒါက လူချမ်းသာတွေ နေတဲ့ တိုက်​လား။ဘုရင်​တွေ နေတဲ့ နန်းတော်​လား
တောင်​ သိပ်​မသဲကွဲချင်​။အဆောင်​ဆောင်
အခန်းခန်းနဲ့တကယ့်​ကို ခမ်းနားလွန်းသည်​။
လမ်းတစ်​လျှောက်​လည်း သူ့အလုပ်​နဲ့သူရှုပ်
နေကြတဲ့ အလုပ်​သမားတွေ နည်းတာမ
ဟုတ်​။သူ့အရှေ့ကလျှောက်​နေသည့်​ ရေခဲ
ကိုယ်​တော်​ကိုတွေ့တာနဲ့ ရိုကျိုးစွာ ဦးညွှတ်
နှုတ်​ဆက်​ကြသည်​။အချေပုဂ္ဂိုလ်​ကတော့
တချက်​တောင်​မပြုံး ခပ်​တည်​တည်​သာ
နေ၏။သူတော့မသိ ကိုယ့်​မှာသာ ဘူမသိ
ကိုးမသိ ဦးညွှတ်​ပြသမျှလူတွေကို အားနာ
လွန်းလို့ ပြုံးပြရတာ ပါးစပ်​နားရွက်​တက်
ချိတ်​လောက်​သည်​။ရှေ့ကလျှောက်​နေရင်း
မှ ရုတ်​တရက်​ ခြေလှမ်းတွေရပ်​လိုက်​တဲ့သူ
ကြောင့်​ ဟိုငေးဒီငေးလျှောက်​နေမိတဲ့ Saint
က သူ့ကျောပြင်အားအရှိန်​မသတ်​ပဲ ဝင်
တိုက်​မိတော့ ခပ်​စူးစူးအကြည့်​တချက်​ကိုရ၏

"ခင်​ဗျားက မပြောမဆိုနဲ့ရပ်​လိုက်​တာကို"

ကိုယ်​မမှားဘူးဆိုတာကို ခပ်​တည်​တည်​ပဲ
ပြောလိုက်​တယ်​။သူမျက်​နှာပြန်​လွှဲသွားမှ
ရှေ့ကိုတချက်​လှမ်း ကြည့်​လိုက်​တော့
ခြံထဲမှာ အဆင်​သင့်​ရပ်​ထားတာ မနေ့ညက
သူ့ကို အတင်းဆွဲတင်​ခေါ်လာတဲ့ အနက်
ရောင်​ ကားကြီး~~~~~~~~~

"သွားချင်​တဲ့နေရာကိုလိုက်​ပို့လိမ့်​မယ်
ညနေခြောက်​နာရီထိုးရင်​ ပြန်​လာခေါ်မယ်​"

သူ့ဟာသူပြောချင်​ရာပြောပြီးအိမ်​ထဲပြန်​ဝင်​သွားတာ ကိုယ်​တောင်​ ဘာမှပြန်​ပြောချိန်
မရလိုက်​။ဟင်း   ပြန်​မလာနိုင်​ပါဘူး။ဘာလို့ သူပြောသလိုလုပ်​ရမှာလဲ ကိုယ်​လည်းမသိ မရင်းနှီးတဲ့လူတွေနဲ့ ပြီးတော့ ကိုယ့်​အိမ်
လည်းမဟုတ်​။ဒါပေမဲ့ လောလောဆယ်
တော့ ငြိမ်​နေအုံးမှပင်​။မတော်​စိတ်​ပြောင်း
သွားပြီး ပြန်​မလွှတ်​တော့ဘူးဆို ဒီလိုရေခဲ
စံအိမ်​မှာ ပျင်းလွန်းလို့ ကိုယ်​သေသွားနိုင်​၏

My dear ice daddy{Completed}Where stories live. Discover now