Zawgyi
"ရတယ် မလုပ်နဲ့ အချိန်တန်ပျောက်သွားမှာ"
ကြောင်ကုတ်ရာသေးသေးလေးကို ဆေး
လိမ်းပေးဖို့ပြင်နေတဲ့ ရေခဲကိုယ်တော်ကို
ခပ်ပေါ့ပေါ့ပဲကျွန်တော်တားလိုက်သည်။
အသက်နဲ့အဝေးကြီး မဟုတ်လား~~~~"အမာရွတ်ကျန်လိမ့်မယ်"
ပြောပြီးသူက ဆေးလိမ်းစရာရှိတာကို ဆက်
လိမ်းပေးနေတာကြောင့် ကျွန်တော်ဘာမှ
ထပ်မပြောတော့ပဲ မျက်နှာသာလွှဲနေလိုက်
သည်။ကိုယ့်ဘာသာတောင် ဒီလောက်
ဂရုစိုက်ဖို့ တခါမှမစဉ်းစားခဲ့ဘူး~~~~~"ကျွန်တော်ညကျ သွားစရာရှိလို့"
"ဘယ်သွားမှာလဲ"
မျက်မှောင်ကြုတ်ပြီးသူမေးတော့ကျွန်တော်
ဖြေရခက်စွာနဲ့မျက်ခုံးကိုလက်ညှိုးနဲ့အသာ
ကုတ်ခြစ်မိသည်။"အင်းးးသူငယ်ချင်းတွေ့နဲ့မတွေ့ရတာကြာ
ပြီလေ အဲ့ဒါသူတို့ကဒီညချိန်းလို့""ဘာလို့ညဘက်လဲ "
"အင်းးးးနေ့ဘက်ကျသူတို့က အလုပ်တွေ
ကိုယ်စီရှိကြတယ်လေ ညဘက်ပဲအားတာ
အဲ့ဒါကြောင့်~~~~""ဘယ်မှာချိန်းထားလဲ"
"Club"
သူ့ဆီက မနှစ်သက်ဟန် အကြည့်စူးစူးတစ်
ချက်ကလွဲ ဘာမှထပ်မပြောတော့တာ
ကြောင့် သက်ပြင်းဖွဖွချရသည်။တော်သေး
တာပေါ့ မသွားနဲ့လို့မပြောဘဲ သူ့လက်ထဲက
Phကိုသာ ဆက်ကြည့်နေလို့။"ကျွန်တော် ရေသွားချိုးတော့မယ်"
"ဘယ်အချိန်သွားမှာလဲ"
Phကိုအကြည့်မပျက်ပဲ သူကမေးလာပြန်
တာမို့"8 နာရီလောက်"
"ဘယ်အချိန်ပြန်လာမှာလဲ"
"အင်း ~~~~အဲ့ဒါက မတွေ့ရတာကြာနေတဲ့
သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရမှာဆိုတော့"" သွားပြင်တော့ ငါလိုက်မယ်"
"ဗျာ~~~~"
YOU ARE READING
My dear ice daddy{Completed}
Romanceဘာsugar daddyလဲ အေးစက်စက်မတုန်မလှုပ်နဲ့ ice daddy ပဲဖြစ်မှာ😒😒 ဘာsugar daddyလဲ အေးစက်စက်မတုန်မလှုပ်နဲ့ ice daddy ပဲဖြစ်မှာ😒😒