Part 8

4.2K 407 60
                                    

Zawgyi

အိပ်​ရာကနိုးလာတာနဲ့ မျက်​လုံးအရင်​မဖွင့်
သေးပဲ အပျင်းဆန့်​တတ်​တဲ့ အကျင့်​ကျွန်
တော့်​မှာရှိတယ်​။ဒါပေမဲ့ ဒီနေ့မနက်​တော့
အဲ့လိုလုပ်​လို့မရအောင်​ လက်​တစ်​စုံက
ကျွန်​တော့်​ကိုတင်းတင်းကျပ်​ကျပ်​ပွေ့ဖက်
ထားတယ်​။တစ်​ညလုံး ဘယ်​လိုတောင်
ဒီလက်​တွေက အနေအထားမပျက်​ ဖက်
ထားနိုင်​ရတာလဲ။ကျွန်​တော်​ သူ့လက်​တွေ
ကို အသာဖယ်​ဖို့လှုပ်​ရှားလိုက်​တာနဲ့ ဖျက်
ကနဲ ပွင့်​လာတဲ့ သူ့မျက်​လုံးတွေကြောင့်
ရပ်​တန့်​သွားရသည်​။

"နိုးနေတာလား"

"အင်း ကျွန်​တော့်​ပေါ်ကလက်​တွေအရင်
ဖယ်​ပေး"

"မဖယ်​သေးဘူး ဒီအတိုင်းခဏငြိမ်​ငြိမ်​နေ"

"ဗျာ"

"နောက်​ ဆယ်​မိနစ်​လောက်ပဲ"

ပြောပြီးတာနဲ့သူ့မျက်​ဝန်းတွေပြန်​ပိတ်​သွား
ပြီး ကျွန်​တော့်​ဆံပင်​တွေထဲ ဒုတိယအကြိမ်
မျက်​နှာနှစ်​လိုက်​ပြန်​တယ်​။ကဲ....ကျွန်​တော်
Saint Suppapong ကသူ့ကိုဘာပြန်​ပြော
နိုင်​မယ်​လို့ ထင်​လဲ။မသိဘူး....ကျွန်​တော်
ပြန်​အိပ်​လိုက်​တာကမှ အိပ်​ရေးဝဦးမယ်
မလား။
_
_
_
_
_
_
_
_
_
_

"သခင်​လေး နိုးပြီလား"

ဒုတိယ အကြိမ်​နိုးထခြင်းမှာတော့တင်းတင်း
ကျပ်​ကျပ်​ဖတ်​ထားတဲ့လက်​တွေမရှိတော့
လို့လားမသိ သက်​တောင့်​သက်​သာရှိလိုက်
တာ ဘေးနားမှာတော့P'Jameက တောင့်
တောင့်​ကြီးရပ်​နေလေရဲ့

"P'Jame ကရေခဲကိုယ်​တော်​နဲ့လိုက်​မသွား
ဘူးလား"

"ဗျာ ဘယ်​သူနဲ့"

ကျွန်​တော်​ခပ်​တည်​တည်​နဲ့မေးလိုက်​တာကို
P'Jame က ဇဝေဇဝါနဲ့မေးခွန်းပြန်​ထုတ်​မှ
ကျွန်​တော့်​စကားမှားသွားကြောင်းသတိ
ထားမိသည်​။

"အမ်းးးဟို ဥက္ကဌနဲ့မလိုက်​သွားဘူးလားလို့
အဲ့ဒါ ပြောထာ"

"သြော်​ သခင်​လေးကို စောင့်​ရှောက်​ဖို့
ဥက္ကဌက ကျွန်​တော့်​ကိုနေခိုင်းခဲ့တာပါ"

My dear ice daddy{Completed}Where stories live. Discover now