Part 11

4.9K 432 31
                                    

Zawgyi

ဆင်​ဝင်​အောက်​မှာ ကားထိုးရပ်​လိုက်​တာနဲ့
Jame က ခပ်​သွက်​သွက်​ဆင်းလိုက်​ပြီး ကား
နောက်​ခန်းတံခါးကို လာဖွင့်​ပေးသည်​။
ပုခုံးကို မှီပြီးအိပ်​ပျော်​နေတဲ့ အမွှေစိန်​ကို
ကောက်​ပွေ့လိုက်​ပြီး အိမ်​ထဲကိုဝင်​တော့
အနောက်​နားကနေ Jame ကပ်​ပါလာ၏

"သွားနားတော့"

"ဒါပေမဲ့ဥက္ကဌ"

"ရတယ်​ သွားတော့"

"ဟုတ်​ကဲ့ပါ "

Jame ထွက်​သွားတာနဲ့ သူ့ခြေလှမ်းတွေကို
လည်း သူ့အိပ်​ခန်းဆီပဲ ဦးတည်​လိုက်​သည်​။

အသင့်​ပြင်​ဆင်​ထားတဲ့ အိပ်​ရာပေါ် ချီပွေ့
ထားတဲ့ အမွှေစိန်​ကို ခပ်​ဖွဖွ ချလိုက်ပြီးတာ
နဲ့ ပြန်​လှည့်​ထွက်​ဖို့ပြင်​လိုက်​သည်​။ဒီ အရက်
နံ့တွေမွှန်​နေတဲ့ အကျီင်္ကို ဝတ်​ပြီး သူမအိပ်
နိုင်​ပါ။

"ခင်​ဗျားဘယ်​ပြေးမှာလဲ"

"ဟမ်​"

ရုတ်​တရက်​သူ့လည်​ပင်းကို ဆွဲဖက်​လိုက်
ရင်း ပြောလာတဲ့ အမွှေစိန်​ရဲ့ စကားကို
သူနားမလည်​။

" ဘာအခုမှ မသိချင်​ယောင်​ဆောင်​နေတာ
လဲ ခင်​ဗျားကြောင့်​ သူငယ်​ချင်းတွေရှေ့မှာ
ကျုပ်​အရှက်​ကွဲတာ"

ပြောချင်​တာသာပြောနေတာ မျက်​လုံးက
မပွင့်​။အခုအနေအထားက ထတော့မလို
ပြင်​လိုက်​တဲ့သူ့လည်​ပင်းကို ပက်​လက်
အိပ်​နေတဲ့အမွှေစိန်​က သိုင်းဖက်​လိုက်​တာ
ကြောင့်​ နှစ်​ယောက်​သားမျက်​နှာက နီးကပ်
နေ၏။Beer ရှိန်​ကြောင့်​ နှာသီးဖျားလေး
တွေနားရွက်​ဖျားလေးတွေနဲ့ပါးမို့လေးပါ
မကျန်​ ရဲနေတဲ့သူ့အမွှေစိန်​က မူးနေတဲ့အ
ချိန်​မှာတောင်​ ရက်​ရက်​စက်​စက်​ ချစ်​စရာ
ကောင်းလွန်းနေသည်​။

"မင်းဘာဖြစ်​ချင်​~~~~အွန့်​"

စကားမဆုံးစေပဲ သူ့နှုတ်​ခမ်းကိုလာထိကပ်
တဲ့ အမွှေစိန်​ရဲ့ နှုတ်​ခမ်းအိအိလေးတွေကို
မတုန့်​ပြန်​မိအောင်​ သူကြိုးစားထိန်းသိမ်း
လိုက်​သည်​။အသိစိတ်​လွတ်​နေတဲ့ အနှီလူ
သားလေးအပေါ်မှာ အခွင့်​အရေးယူဖို့သူ
နည်းနည်းလေးတောင်​ မစဉ်းစားမိ။

My dear ice daddy{Completed}Hikayelerin yaşadığı yer. Şimdi keşfedin