Zawgyi
"ကျွန်တော် ပွေ့ခဲ့~~~~"
စကားတောင်မဆုံးသေး ပင့်မော့ကြည့်လာတဲ့
အကြည့်စူးစူးကြောင့် Jame မျက်လွှာအသာချ
ကာ နောက်ဆုတ်လိုက်သည်။ဥက္ကဌကတစ်လမ်း
လုံး လက်ပေါ်မှီအိပ်လာတဲ့ သခင်လေးကို
နှိုးမယ့်ဟန်မတူ။ပဲ့ကြွေသွားမှာစိုးတဲ့အလား
ခပ်ဖွဖွ ပွေ့ချီကာ အပေါ်ထပ်အိပ်ခန်းဆီတန်း
တက်သွားတာကြောင့် အလုပ်သမားတချို့ကို
ပစ္စည်းတွေ သယ်ချခိုင်းလိုက်ကာ ဥက္ကဌနောက်
ကို ခပ်သွက်သွက်လိုက်ရတော့၏။လိုအပ်တာရှိ
အဆင်သင့်ဖြစ်နေရမယ်မလား~~~~~~အခန်းတံခါးပိတ်မထားပေမဲ့ အထဲကိုလိုက်ဝင်
မသွားပဲ အပြင်မှာပဲရပ်စောင့်နေလိုက်သည်။
သခင်လေးကို ခုတင်ကျယ်ပေါ်အသာဖွဖွ
ချလိုက်ပြီးမှ ဥက္ကဌက အပြင်မှာရပ်စောင့်နေတဲ့
သူ့ဆီပြန်လျှောက်လာ၏။" မနက်ဖြန်ကစပြီး စီစဉ်~~~မလွဲစေနဲ့"
"ဟုတ်ကဲ့ ဥက္ကဌ"
"သွားနားတော့"
သူခေါင်းညိတ်အရိုအသေပေးပြီး အမြန်
လှည့်ထွက်ခဲ့လိုက်သည်။တသဝေမတိမ်းလုပ်
ရမည့် အစီအစဉ်တွေအတွက်လည်း ပြင်ဆင်
ရဦးမှာ ဖြစ်တာကြောင့်~~~~~~*******************
မျက်လုံးတွေဖွင့်လိုက်တော့ အနားမှာဘယ်သူမှ
ရှိမနေပေမဲ့ လူက ရင်းနှီးနေတဲ့ အိစက်စက်
မွေ့ယာကြီးပေါ်မှာ~~~ရေခဲစံအိမ်တောင်ပြန်ရောက်နေပြီလား
BKKကိုအဝင်လေးတင်မှ ငါအိပ်ပျော်သွား
တဲ့ဟာငါအိပ်တာ ဘယ်လောက်တောင်ကြာ
သွားပြီလဲ မသိဘူး~~~~~လူက အိပ်ရာနိုးကာစမို့ ဟိုငေးဒီငေးနဲ့ကြောင်
လို့ကောင်းနေတုန်း အခန်းထဲဝင်လာတာ
Mr.ice"နိုးနေရင်ထတော့ ရေအရင်ချိုး ညစာစားမယ်"
"ကျွန်တော် ခေါင်းမူးနေလို့"
နှုတ်က ဘာမှမပြောတော့ပေမဲ့ လူကအနားကို
ရောက်လာတာ ဆွေ့ကနဲ~~~~~~
KAMU SEDANG MEMBACA
My dear ice daddy{Completed}
Romansaဘာsugar daddyလဲ အေးစက်စက်မတုန်မလှုပ်နဲ့ ice daddy ပဲဖြစ်မှာ😒😒 ဘာsugar daddyလဲ အေးစက်စက်မတုန်မလှုပ်နဲ့ ice daddy ပဲဖြစ်မှာ😒😒