Part 13

4.9K 437 98
                                    

Zawgyi

"ဒီမှာ သခင်​လေးအတွက်​ ဝတ်​စုံပါ"

"ဟင်​ ပန်းရောင်​ကြီး😳"

"ဟုတ်ပါတယ်​ သခင်​လေး
ဥက္ကဌ ရွေးပေးထားတာပါ"

ခေါင်းငုံ့ကာ တရိုတသေပြန်​ဖြေတဲ့ P'Jame
စကား အဆုံးမှာ ကျွန်​တော်​ဘာမှပြန်
မပြောဖြစ်​တော့ အေ့ပေါ့လေ သူ့ခေတ်​ပဲ
လုပ်​ပေါ့~~~~~

"ဟုတ်​ပြီလေ ဒါပဲဝတ်​တာပေါ့"

မတည်​စဖူး မျက်​နှာတည်​တည်​နဲ့ ပြောလိုက်
တဲ့ ကျွန်​တော့်​စိတ်​အခြေအနေကို P'Jame
သဘောပေါက်​ပုံရသည်​။

"ဒါဆို ကျွန်​တော်​အပြင်​မှာ ရှိနေပါ့မယ်​"

ဘာမှ ပြန်​မပြောပဲ ရေချိုးခန်းထဲသာ
ဝင်​လာလိုက်​သည်​။

ရေချိုးခန်းထဲက ပြန်​ထွက်​လာတော့
ကျွန်​တော့်​ ခုတင်​ပေါ်မှာတက်​ထိုင်​ပြီး
သတင်းစာတစ်​စောင်​နဲ့ ငြိမ့်​နေတဲ့
ရေခဲကိုယ်​တော်​ကို တွေ့ရလေသည်​။

"ကျစ်​~~~~~ဘာလာလုပ်​ပြန်​ပြီလဲ"

ခပ်​တိုးတိုးရေရွတ်​ရင်း ကိုယ့်​ကိုကိုယ်​ ပြန်​ငုံ့
ကြည့်​မိတော့ခါးအောက်​ပိုင်းမှာသဘတ်
တစ်​ထည်​သာ ပတ်​ထားမိသည်​။သူရှိနေလို့
ကျွန်​တော်​ အရှက်​သည်းပြီး သူ့ရှေ့မသွားရဲ
ဘူးများထင်​သလား။အဟတ်​~~~~ဝေးသေး
အဲ့လိုဖြစ်​ရအောင်​ ကျွန်​တော်​က နွဲ့တိနွဲ့လျ
အပျိုဖြန်းလေးလည်းမဟုတ်​။သူ့ရှေ့မှာ
အဝတ်​လဲရမှာ သူကြည့်​ရဲရင်​တော့ ကြည့်
ပေါ့။Saint Suppapong တို့ကတော့ နဲန
လေးတောင်​ မရှက်​ပါဘူး........

ကျွန်​တော်​ ဗီရို အပေါ်ဆုံးထပ်​မှာတင်​ထား
တဲ့ ပန်းရောင်​ဝတ်​စုံကို လှမ်းယူလိုက်​သည်​။
သူ့ကိုလှမ်းကြည့်​လိုက်​တော့ ကျွန်​တော့်​ကို
ရှိတယ်​တောင်​ ထင်​ပုံမရ~~~~ဘယ်​လိုလုပ်
မလဲ တကယ်​ပဲ သူ့ရှေ့မှာ ပုံမှန်​လိုပဲ အဝတ်
အစား လဲလိုက်​ရမလား ဒါမှမဟုတ်​~~~~~

ကျွန်​တော်​ ဝတ်​စုံကို ယူပြီးရေချိုးခန်းထဲကိုပဲ
ပြန်​ဝင်​ကာ အဝတ်​အစားလဲလိုက်​သည်​။
ရှက်​လို့ မဟုတ်​ဘူးနော်​~~~မသင့်​တော်​လို့

My dear ice daddy{Completed}Where stories live. Discover now