Part 42

3.3K 339 26
                                    

Zawgyi

"ငါ မသွားချင်​ဘူး"

"ရစ်​မနေတော့နဲ့ Plan ရာ P'Meanအလုပ်
တွေကလည်း ပစ်​ထားလို့ရတာမှ မဟုတ်​တာ"

"မင်းကိုတစ်​ယောက်​တည်းမထားခဲ့ချင်​ဘူး"

"P'Meanကို ကျတော့ရော"

"ဒီလိုလုပ်​ကွာ မင်းလည်းအဆင်​ပြေအောင်
ငါလည်း စိတ်​ချရအောင်​ Mr.Iceဆီပြန်ပါ့လား"

"တော်​တော့"

ပြောလည်းပြောPlanကို အတင်းကားတံခါး
ဖွင့်​ထိုးထည့်​ပြီး အမြန်​ထွက်​ဖို့ P'Meanကို
အချက်​ပြရသည်​။

"ဒါဆို P'တို့သွားတော့မယ်​Saint"

"Ai'Saint ဖြစ်​ပါ့မလားကွာ"

"ဖြစ်​တယ်​ဆိုကွာ"

သူပြောပြီးတာနဲ့မောင်းထွက်​သွားတဲ့ကားပေါ်
မှာ အပူရုပ်​နဲ့ပါသွားတဲ့ Planကိုကြည့်​ရင်း
Saintခေါင်းအသာယမ်းမိတော့သည်​။

"စိတ်​မပူပါနဲ့ Babyရယ်​"

"P'က P'သူငယ်​ချင်းမှမဟုတ်​တာ ပြောအားရှိ
တာပေါ့"

"မဟုတ်​ရပါဘူးကွာ ကိုယ်​တို့မရှိလည်း Saint
ကို စောင့်​ရှောက်​ပေးမယ့်​လူ ရှိမှာပါ ဒါကြောင့်
စိတ်​မပူနဲ့လို့"

"ဘယ်​သူက စောင့်​ရှောက်​ပေးမတဲ့လဲ"

မဲ့ရွဲ့ပြောနေတဲ့ Planကိုကြည့်​ရင်းMean
ခပ်​ဟဟရယ်​မိသည်​။

"Perth ရှိနေတာကိုကွာ"

"သူတို့က~~~~~~"

ဆက်​မပြောပဲတိတ်​သွားပေမဲ့ ဘာကိုဆိုလိုမှန်း
Meanကောင်းကောင်းသိသည်။

"စိတ်​မပူနဲ့ Perthက Saintကို အရမ်းချစ်​တာ လုံးဝပစ်​ထားမှာမဟုတ်​ဘူး  ကိုယ့်​ကိုယုံ"

"ဟုတ်​ပြီလေ p'ကိုထပ်​ယုံလိုက်​မယ်​"

ခေါင်းတညိတ်​ညိတ်​နဲ့မျက်​ခုံးတွေပင့်​တင်​ရင်း
ပြောလာတဲ့ Planကိုကြည့်​ရင်း Mean အာမခံ
ကြောင်း ခေါင်းညိတ်​ပြလိုက်​သည်​။ဒီလောက်
ရောဂါတက်​နေတာကိုများ ဘယ်​လိုကြည့်​ကြည့်
အသိသာကြီး ဒီကောင်​Perthလား Saint ကို
ပစ်​ထားမှာ~~~~~~~~

My dear ice daddy{Completed}Where stories live. Discover now