Zawgyi
"အား နာတယ် ဖြည်းဖြည်း"
လူကိုခုံပေါ်ထိုင်ခိုင်းပြီးသူကကျ အောက်မှာ ဒီ
အတိုင်း။ယောင်နေတဲ့ ကျွန်တော့်ခြေထောက်ကို သူ့ပေါင်ပေါ် ဖွဖွတင်ပြီး ဆေးကိုစိတ်ရှည်
လက်ရှည်လိမ်းပေးနေပေမဲ့ တချက်တချက်
ဖိလိမ်းလိုက်တာကြောင့် နာကျင်သွားရကာ
အရှေ့က မျက်နှာကို တချက်မော့မကြည့်တဲ့
သူ့ကိုသာ သက်ညှာပေးဖို့တောင်းဆိုရသည်။"ဘာလို့ အဝေးကြီးသွားရတာလဲ"
"မဝေးပါဘူး နီးနီးလေးပဲကို"
သူကမျက်လုံးတချက်လှန်ကြည့်လာပြီး ဘာမှ
မပြောတော့ပဲ ထထွက်သွားတာမို့ယောင်အအ
နဲ့ ကိုယ်က လှမ်းပဲခေါ်ရတော့မလို မသိချင်
ယောင်ပဲဆောင်ရတော့မလို........"ဘယ်သွားမှာလဲခင်ဗျား ခြေထောက်နာနေ
တဲ့သူကို ပစ်ထားပြီး"သူကလှည့်တောင်မကြည့်ပဲ အတွင်းခန်းထဲဝင်
သွားတာမို့ ဘာမှထပ်ပြောမနေတော့ပဲ နှုတ်
ဆိတ်နေလိုက်တော့၏။သူကကိုယ့်စကားကို
အရေးတယူအဖက်လုပ်နေတတ်တာမှတ်လို့။အတွင်းခန်းထဲကပြန်ထွက်လာတော့ ကိုယ့်
ရှေ့က ကျောက်စားပွဲပေါ်လာချပေးတာ
အသီးအရွက်တွေနဲ့ချက်ပြုတ်ထားပုံရတဲ့
ခပ်စိမ်းစိမ်းဟင်းပွဲတွေနဲ့ထမင်းပွဲ"ဒါက"
"ဗိုက်ဆာနေတယ်မလား"
"သိပြီ"
ပြောပြီးတာနဲ့တစ်နေကုန်ဆာခဲ့သမျှအတိုးချပြီး
ခေါင်းမဖော်တမ်းစားလိုက်တာ ဘယ်လိုတောင်
ကုန်သွားမှန်းမသိ ရှိသမျှလည်းအကုန်ပြောင်ပဲ
ခေါင်းမော့လိုက်တော့မှ မျက်တောင်မခတ်တမ်း
ကြည့်နေတဲ့Mr.Ice။ဟုတ်သား အခုမှသတိရ
တယ်။ချက်ပြုတ်ထားသမျှ ကျွန်တော်တစ်
ယောက်တည်း အကုန်စားလိုက်မိလေသလား"ခင်ဗျားစားပြီးပြီလား"
သူကဘာမှပြန်မဖြေပဲ ပန်းကန်တွေအကုန်သိမ်း
ပြီး ထထွက်တော့မလိုပြင်နေပြန်တာမို့
YOU ARE READING
My dear ice daddy{Completed}
Romanceဘာsugar daddyလဲ အေးစက်စက်မတုန်မလှုပ်နဲ့ ice daddy ပဲဖြစ်မှာ😒😒 ဘာsugar daddyလဲ အေးစက်စက်မတုန်မလှုပ်နဲ့ ice daddy ပဲဖြစ်မှာ😒😒