part 44 (Final)

5.5K 396 38
                                    

Zawgyi

"ကျွန်​တော်​ဘာကူရမလဲ"

"ငြိမ်​ငြိမ်​လေးထိုင်​နေ"

"ပျင်းလို့လေဗျာ"

"Gameဆော့လေ"

Saintစိတ်​မရှည်​တော့။ကုမ္ပဏီကပြန်​ရောက်
တည်းက ဒီကွန်​ပျူတာထဲပဲခေါင်းစိုက်​နေတာ
လူကိုနဲနဲတောင်​အဖက်​မလုပ်​။

"ဆက်​လုပ်​ပါ ကျွန်​တော်​မနှောင့်​ယှက်​တော့ဘူး"

ပြောပြီးထထွက်တော့ ခါးကိုအနောက်​ကဆွဲဖက်
ရင်းပြန်​ထိုင်​ချစေ၏။

"Orange ကိုယ်​အချိန်​မပေးချင်​တာမဟုတ်​ဘူး
အခုအလုပ်​ကဒီညအပြီးသတ်​ဖို့လိုအပ်​နေလို့"

"သိတယ်​ ပိုအရေးကြီးတာပဲလုပ်​ပါ"

"မဟုတ်​ဘူး Orangeလည်းသိသား မင်းထက်
အရေးကြီးတာမရှိပါဘူး ကိုယ်​ကြိုးစားနေတာ
လည်း Orange အတွက်​ပါ "

"အခုခင်​ဗျားမှာရှိနေတာတွေက
မလုံလောက်​လို့လား"

"ကိုယ့်​အတွက်​ကOrangeရှိရင်​ပြည့်​စုံပေမဲ့
Orangeအတွက်​ကျ လုံလောက်​တယ်​ဆိုတဲ့
အတိုင်းအတာမရှိဘူး မင်းကိုပြည့်​စုံအောင်
ဖြည့်​ဆည်းပေးဖို့ဆို ကိုယ့်​မှာလိုအပ်​ချက်​တွေ
ရှိနေပြီးရင်းရှိနေတာချည်းပဲ"

သြရှရှအသံနဲတည်​ကြည်​လေးနက်​တဲ့မျက်​နှာ
ထားက အပိုတွေဆိုနေတာမဟုတ်​မှန်းသိပေမဲ့
မကျေနပ်​နိုင်​သေး။ကိုယ့်​အတွက်​ပဲဆိုဆို
ကျွန်​တော်​က နဲနဲအတ္တကြီးချင်​သေးသည်​။

"ဟုတ်​ပြီ အခုဘာလိုချင်​တာလဲ ကိုယ့်​ကိုပြော"

သူ့အရှေ့ကကွန်​ပျူတာကိုပိတ်​လိုက်​ပြီး ကျွန်
တော့်​မျက်​နှာကို စူးစိုက်​ကြည့်​မေးလာတော့
လည်း ဘာပြန်​ဖြေရမယ်​မသိ။အတန်​ကြာ
စဉ်းစားပြီးမှ

"ခင်​ဗျားကို"

"ကိုယ့်​ကိုOrange ပိုင်​ပြီးသားပဲလေ"

"မဟုတ်​ဘူး   ကျွန်​တော့်​ကိုအချိန်​ပေး အဲ့အလုပ်
ထဲပဲခေါင်းနစ်​မနေပဲ ကျွန်​တော့်​အတွက်
သီးသန့်​အချိန်​ပေး"

My dear ice daddy{Completed}Donde viven las historias. Descúbrelo ahora