Zawgyi
"ဟားးးးးးတော်ပြီမဆော့တော့ဘူးကျွန်
တော် ညောင်းတယ် ခင်ဗျားကလည်း
အကြီးဖြစ်ပြီး နည်းနည်းပါးပါးလေးတောင်
အလျော့မပေးဘူး""ဗိုက်ဆာလား"
"ဟမ်"
အေးစက်စက်ကြည့်နေရာကနေထမေး
လိုက်တဲ့မေးခွန်းကြောင့် Saint မျက်ခုံး
တွေ ပင့်တက်သွားသည်။"တူနာထမင်းလိပ်ကြိုက်တယ်မလား"
"ခင်ဗျား ဘယ်လိုသိ~~~~~"
"နေ့လည်စာ သွားစားမယ်"
Saint တစ်ယောက်အောင့်သက်သက်ဖြစ်
သွားသည်။စကားကိုဆုံးအောင်မစောင့်ပဲ
ဖြတ်ပြောတတ်တာ ဘာအကျင့်ပါလိမ့်။
သူကတော့ ပြောချင်ရာပြောပြီးထွက်သွား
လေပြီ။မတတ်နိုင် လူကခံနိုင်သော်လည်း
မခံနိုင်တဲ့ဗိုက်က အချက်ပြနေပြီမို့ ရေခဲ
ကိုယ်တော်သွားသည့်နောက်ကိုသာ စူ
ဆောင့်ဆောင့်နဲ့ လိုက်လာခဲ့တော့၏။"တော်ပြီ ကျွန်တော်မစားချင်တော့ဘူး"
"စားတာနည်းတယ် ဘာလို့လဲ"
"P'Jame တခြားစားစရာရောမရှိဘူးလား"
ရေခဲကိုယ်တော်မေးတာကိုSaintမဖြေပဲ
အနားမှာငြိမ်သက်စွာရပ်နေသည့် P'Jame
ကိုသာ သိချင်တာ လှည့်မေးလိုက်သည်။"သခင်လေး ဘာများသုံးဆောင်ချင်လို့လဲ"
"အင်း ကျွန်တော်"
" ထည့်ပေးထားတာအရင် ကုန်အောင်စား"
"ကျွန်တော်မကြိုက်တာကို ဘာလို့အတင်း
ကျွေးနေတာလဲ""မင်းကြိုက်တယ် အရင်က"
"ဟုတ်တယ် အခုကစပြီးမကြိုက်တော့တာ
"Saint Suppapong"
ဒေါသထွက်နေတဲ့အရိပ်ယောင်မမြင်ရပေမဲ့
အေးစက်စက်နဲ့ ကိုယ့်နာမည်ကိုခေါ်လိုက်ပုံ
ကြောင့် Saint ကြက်သီးတွေထကာ ခုနက
အရွဲ့တိုက် ခွန်းတုံ့ပြန်ချင်စိတ်တွေတောင်
ဘယ်ရောက်သွားမှန်းမသိ။
CZYTASZ
My dear ice daddy{Completed}
Romansဘာsugar daddyလဲ အေးစက်စက်မတုန်မလှုပ်နဲ့ ice daddy ပဲဖြစ်မှာ😒😒 ဘာsugar daddyလဲ အေးစက်စက်မတုန်မလှုပ်နဲ့ ice daddy ပဲဖြစ်မှာ😒😒