Zawgyi
ဧည့်ခန်းထဲမှာ ဒီအတိုင်းထိုင်နေမိတာ ဘယ်
လောက်ကြာသွားလဲမသိ။သတိဝင်လာမှ
နာရီကြည့်လိုက်တော့ ည9နာရီ47မိနစ်။
သူ့ကိုတခုခုအရင်စားဖို့ ခဏ ခဏလာပြောနေတဲ့Jameကို လစ်လျူရှုပြီး Ph screen မှာ
ပေါ်နေတဲ့Orangeရဲ့ အစားအစာကို သေချာစားနေတဲ့ပုံလေးကိုကြည့်ပြီး ပြုံးနေမိတာလည်း ဘယ်နှကြိမ်မှန်းမသိတော့။"Jame"
သူခေါ်လိုက်တော့အနားမှာအသင့်ရပ်စောင့်နေပုံရတဲ့Jameက ချက်ချင်းရောက်လာ၏
"Orange ညစာစားပြီးပြီလား"
"ခုနကလေးတင်ပဲ စားပြီးတာပါဥက္ကဌ"
"ကောင်းပြီ"
"ဥက္ကဌ တစ်ခုခုအရင်စားပါလား တစ်နေ့လုံး
ဘာမှ မစားရသေးတော့""အခု မဆာဘူး"
သူပြောရင်း ထရပ်လိုက်တော့~~~~~~~
"ဥက္ကဌ သခင်လေးက"
"အင်း~~~~~ဆက်ပြော"
"အခု သူတစ်ယောက်တည်းပဲနေချင်လို့တဲ့
အဲ့ဒါ""ငါ သိပြီ"
"ဟုတ်ကဲ့"
"တခြားအခန်းတစ်ခုမှာ ငါ့အတွက်စီစဉ်လိုက်"
"ဟုတ်ကဲ့ပါ"
Jame ထွက်သွားတာနဲ့ သက်ပြင်းတစ်ချက်ချ
ရင်း ဆိုဖာပေါ် ပြန်ထိုင်ချမိသွားသည်။
မနက်ကတည်းက Orange စိတ်တိုင်းကျ
ထွက်လာခဲ့တာ အခုချိန်ထိ ဒီအစာစားနေတဲ့
ပုံတွေကလွဲ မျက်နှာကို သေချာမမြင်ရသေး။
တခါမှ အခုလောက်ထိ စိတ်ညစ်စိတ်ပျက်နေတဲ့
Orangeမျက်နှာကို မတွေ့ဖူးဘူး။တကယ်များ
စိတ်နာသွားပြီလား ကိုယ့်Orange..................."ဥက္ကဌ အိပ်ခန်းပြင်ပြီးပါပြီ"
သူ ခေါင်းတစ်ချက်ညိတ်ပြပြီး Jame နောက်
ကို ထလိုက်ခဲ့လိုက်တယ်။ပြင်ထားတဲ့အခန်းက
Orange နဲ့ မျက်စောင်းထိုးက အခန်း။Jame
က ကိစ္စအရပ်ရပ်ကို ရွေးချယ်စီမံတတ်ပြီးသားပဲ
လေ။ဒီလို နားလည်သဘောပေါက်လွယ်လို့
လည်း သူ့လူယုံ ဖြစ်နေခဲ့တာ~~~~~
KAMU SEDANG MEMBACA
My dear ice daddy{Completed}
Romansaဘာsugar daddyလဲ အေးစက်စက်မတုန်မလှုပ်နဲ့ ice daddy ပဲဖြစ်မှာ😒😒 ဘာsugar daddyလဲ အေးစက်စက်မတုန်မလှုပ်နဲ့ ice daddy ပဲဖြစ်မှာ😒😒