Part 34

4.1K 380 45
                                    

Zawgyi

လမ်းတစ်​လျှောက်​ အရိုအသေပေးနေတဲ့ဝန်
ထမ်းတွေကို လှည့်​မကြည့်​အား ခပ်​သွက်​သွက်
လျှောက်​သွားတဲ့Orangeနောက်​ကိုသာ အမြန်
အမှီလိုက်​နေရသည်​။

"အရှေ့ခန်းမှာ ထိုင်​"

ကားနောက်​ခန်းတံခါးဖွင့်​နေတဲ့Orangeက
သူ့ကိုပြန်​မကြည့်​ပေမဲ့ သူ့စကားအတိုင်း
အရှေ့ခန်းမှာ ဝင်​ထိုင်၏ သူပြုံးမိသွားသလားပဲ

"ဘာလဲ ခင်​ဗျားကိုယ်​တိုင်​မောင်းမလို့လား"

"အွန်း"

ဘာမှထပ်​မပြောဖြစ်​တော့ပဲ ကားကိုသာ
မောင်းထွက်​လာခဲ့လိုက်​သည်​။

"ဘာလဲ လှည့်​စားနေတာလား ကျုပ်​ကကလေး
မဟုတ်​ဘူး ဒါစံအိမ်​ပြန်​တဲ့လမ်းမှမဟုတ်​တာ"

"ပြန်​မယ်​လို့ ကိုယ်​မပြောဘူး"

"ကျစ်​ လုပ်​ပြန်​ပြီ ဒါဆို ဘယ်​လဲ"

"ဘူဖေး စားမလားလို့"

ဒီတခါတော့ အတန်​ကြာတိတ်​ဆိတ်​သွားတဲ့
Orange~~~~~~~~

"ခင်​ဗျားစားချင်​နေတော့လည်း သွားပေါ့"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

"ဘာလဲ လူတစ်​ယောက်​မှမရှိဘူးလား"

"ကိုယ်​ Booking လုပ်​ပြီးသား"

"ကျစ်​"

အလိုမကျသလို စုတ်​သပ်​လိုက်​တဲ့Orange
အသံကို ခပ်​ပါးပါးနားက ပီပီသသကြားတာမို့

"ဘာဖြစ်​လို့လဲ"

"Mr.Ice အဆင်​ပြေမနေဘူးနော်​ လုံးဝကိုပဲ
အာဏာမပြလွန်းဘူးလား ခင်​ဗျား"

"မဟုတ်​ဘူး ကိုယ်​က တိတ်​တိတ်​ဆိတ်​ဆိတ်
စားရတာပဲကြိုက်​တယ်​"

"ကျွန်​တော်​မကြိုက်​ဘူး"

သူတကယ်​စဉ်းစားလို့မရ။Orange ဘာတွေ
အလိုမကျဖြစ်​နေလဲ။ဒါကပုံမှန်​ပဲ သူဆူညံတာ
မကြိုက်​ဘူး လူရှုပ်​တာမကြိုက်​ဘူး ဒါကြောင့်
အပြင်​ထွက်​စားခဲတယ်​။စားရင်​လည်း ဒီတိုင်း
အမြဲ Booking လုပ်​နေကျ ဒါကမဆန်းဘူး
ပြီးတော့ တလောက ဘူဖေးစားချင်​လိုက်​တာ
လို့ Orangeအမှတ်​မထင်​ပြောလိုက်​တာကို
ကြားခဲ့တယ်​ ဒါကြောင့်​ဒီနေ့လိုက်​ကျွေးဖို့
ကြိုစီစဉ်​ထားတာ ဘာတွေအဆင်​မပြေဖြစ်
နေလဲ ကိုယ့်​ Orange

My dear ice daddy{Completed}Donde viven las historias. Descúbrelo ahora