CHAPTER 4

663 84 15
                                    


  

   🖤ထင်မှတ်မထားမိသော....🖤

""ကောင်းထက်သူရ""

"" 到""(ရှိ)

""ရဲဘုန်းထက်မြတ်""

""....""

""ရဲဘုန်းထက်မြတ်""

""ရှိ""

သင်တန်းထဲသို့ နာရီဝက်နောက်ကျမှ ဝင်လာသော တစ်ယောက် တစ်နည်းပြောရရင် ကျနော့ အခန်းဖော် သည် ကုတ်ကုတ် ကုတ်ကုတ်ဖြင့် ကျနော့ဘေး သူ့နေရာသူဝင်ထိုင်လျက် ဖြေသည်။

""到လို့ပြောရတယ် ကျောင်းသား မင်းကနောက်ကျမှလာတော့ ခုန ဘယ်လို ထူးရမလဲဆိုတာ မသိလိုက်ဘူးနေမယ်""

""ဗျာ...ဟုတ် 'တောက်'.."

ငါးပိသံဖြင့်အားရပါးရပြောချလိုက်သောကြောင့် တစ်ခန်းလုံးဝိုင်း ရီကြသည်။

ကျနော်ကား လိုက်မရီမိ၊ထိုသူကိုလည်းမကြည့်မိ။

အရက်နံ့ အနည်းအပါးကျန်နေသေးသော ထိုသူ့၏ဝေးရာဘက်သို့ အနည်းငယ်တိုးလိုက်သော်လည်း မိမိတိုးသည်ထက်ပို၍ မိမိအနားကပ်လာသော ထိုသူသည် တိုးတိုးကလေး ပြောလာသေးသည်။

""မင်း မနက်ကဘာလို့ ငါ့ကိုမနှိုးသွားတာလဲ.... သင်တန်းတစ်ခုတည်းတူတူတက်နေတာကို....စိတ်ပုတ်လိုက်တာ""

ကျနော့ဘက်ခေါင်းလေးစောင်းစောင်းပြီး ဆရာမမြင်အောင် ပြောလာသည်ကို နည်းနည်းလေးမှ ဂရုမစိုက်ဘဲ ဆရာ စာသင်တာကိုသာ အာရုံစိုက်နေလိုက်သည်။

သို့ပေမယ့် တရှူးရှူးနဲ့ ဒေါသထွက်လျက် မျက်မှန်အားသုတ်ကာ မျက်မှန်အပေါ် ဒေါသပုံချနေသည်ကိုတော့ မျက်ထောင့်မှ မမြင်ချင်လည်းမြင်နေရပါသည်။

ထို့နောက်တွင်တော့ ကျနော့လည်း စကားလှမ်းမပြောတော့ဘဲ စိတ်ဆိုးဆိုးနဲ့ ဟိုဘက်ပြန်တိုးကာ အစွန်းဆုံးတွင် ကပ်ကပ်လေးထိုင်နေသည်။

ကျနော် အာရုံမစိုက်ချင်ပါ။

သို့ပေမယ့် ဘေးနားကထိုသူ၏ ဒူးလှုပ်သည်က ကျနော့အား စိတ်ညစ်စေသည်။

ထိုသူသည်တစ်ခါတစ်ရံ FB ကြည့်နေကာ တစ်ခါတစ်ရံ selfie ဆွဲနေသည် က ကျနော့အား စိတ်ဒုက္ခပေးသည်။

🖤ထင္မွတ္မထားမိေသာ🖤 ထင်မှတ်မထားမိသော 🖤Where stories live. Discover now