CHAPTER 1

2.2K 118 12
                                    

*Unicode ver*

🖤  ထင်မှတ်မထားမိသော🖤

 ယနေ့ခေတ် social media များ၏အစွမ်းသည် ပေါ့သေးသေးမဟုတ်။ ယခုခေတ်လူငယ်များသည် fb ကိုတော်တော်များများအသုံးပြုနေကြပြီဖြစ်သည့်အတွက် ကိစ္စသေးသေးလေးကစ fb တွင်နေရာယူသည်။တစ်ခုခုဆိုလျှင်လည်း ပုံကြီးချဲ့ပြောကြသည်။ထို့ပြင် Tiktok ဆိုသည့် app လည်းယခုအသုံးများလာကြသည်။

"ဟဲ့..နင်တို့ ဟိုကောင်လေးကိုသိလား fb acc nameက Helly ဆိုလားပဲလေ""

""အမယ်လေး သိတာပေါ့ ငါ့ဘဲလေ...ငါ့ချစ်ချစ် ငါ့ကောင်လေး...""

""ငါ့ရည်းစားပါနော်...""

""ဒါနဲ့သူ့ရဲ့နာမည်အရင်းကိုမသိကြဘူးနော်""

""အေး လောလောဆယ် နာမည်တော်တော်ကြီးနေတာ""

""အေးလို့... သူဆော့ထားတဲ့ Tiktok တွေတော်တော်မိုက်တယ်ငါအရမ်းကြိုက်တယ် အပြုံးလေးကိုလည်းကြွေတယ် ဆံပင်အုပ်အုပ်လေးကိုလည်းကြွေတယ် မျက်မှန်အောက်က မျက်လုံးဝိုင်းဝိုင်းလေးကိုလည်းကြွေတယ်""

""အမယ်လေး မယ်မင်းကြီးမရယ် အကုန်ကိုပစ်ကြွေနေတာပဲ""

""အံမာ...နင်မကြွေဘူးလား""

""ဟီး....ကြွေတယ်လေ""

""Single လေးတဲ့""

""နင့်ဘယ်သူပြောတာလဲ""

""သူ့accမှာရေးထားတယ်လေ ဒါမဲ့ယုံရတာတော့မဟုတ်ပါဘူး....ဒါမဲ့ ဒီတစ်ယောက်ကိုငါတော်တော်ကြွေတာ""

""ငါရောပဲ ချစ်စရာလေးကို...ဟ""

""အေးလို့ တော်တော်ချစ်ဖို့ကောင်းတာ..ဒါမဲ့...""

""ဘာဒါမဲ့လဲ""

""ရှမှာကြောက်လိုက်တာဟာ...ချစ်စရာလေးဟ""

""အင်း....""

ခုံတန်းတစ်ခုပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်ကာ လေပေါနေကြသော ထိုကောင်မလေးနှစ်ယောက်သည် နောက်ဆုံးမှာတော့ သက်ပြင်းချသံဖြင့် အဆုံးသတ်သွားသည်။

_____________________________

🖤ထင်မှတ်မထားမိသော🖤

""ဒုန်း...!!!""

တံခါးဖွင့်သံခပ်ပြင်းပြင်းကြောင့် ရဲဘုန်းထက်မြတ် တစ်ယောက် လန့်ဖျတ်ကာ လက်ထဲမှ ဖုန်း အောက်သို့ကျသွားသည်။

🖤ထင္မွတ္မထားမိေသာ🖤 ထင်မှတ်မထားမိသော 🖤Where stories live. Discover now