CHAPTER 6

573 75 11
                                    

  

   🖤ထင်မှတ်မထားမိသော~~~~🖤

ယနေ့သင်တန်းသို့ မျက်ကွင်းညိုညို ဖြင့် မှိုင်တိုင်တိုင် ဝင်လာသော ရဲဘုန်းသည် အစောဆုံးဖြစ်နေသည်။

ဆရာလင်းထက်ပိုင် ကတောင် ရဲဘုန်းအား အံ့ဩနေပုံဖြင့် အခန်းထဲတွင် စနေသေးသည်။

စောပုံက အကြောင်းရှိသည်။ မနေ့ညက အိမ်သို့ပြန်အိပ်ဖြစ်သောကြောင့် မာတာမိခင်၏ မနက်စောစောပူညံမှု့ကြောင့် မ ထ ချင်ဘဲ အိပ်ရာမှထကာ ထွက်လာခဲ့ရသည်။

သို့အတွက်မိမိနေရာသို့ ဝင်ထိုင်ပြီး အေးဆေး မှောက်အိပ်နေလိုက်သည်။

အိပ်မပျော်သော်လည်း ခဏအကြာ မိန်းကလေးသံများကြားရ၍ တချို့တဝက်ဝင်လာသည်ကို သိလိုက်သည်။မိမိ၏စတိုင်ပဲ့မည်စိုးသောကြောင့် ထပ်အိပ်ရန် မလုပ်တော့သောကြောင့် ထူပူနေသော ခေါင်းကိုထောင်ကာ နားကြပ်တပ်၍ FB သုံးနေလိုက်သည်။

ကျနော်သည် နောက်ဆုံးတန်းဖြစ်သောကြောင့် နောက်သို့ လည်ပြန်လည်ပြန်ဖြင့် တီးတီးတိုးတိုးပြောနေကြသော ကောင်မလေးများသည် ကျနော်နှင့်မျက်လုံးချင်းဆုံသွားသောအခါ ရှက်ပြုံးကလေးဖြင့် တုန့်ပြန်ကြသည်။

အိမ်း~~~~ဒါကလည်း မိန်းကလေးတွေရဲ့ ဆွဲဆောင်ခြင်း တစ်မျိုးမည်ပေလိမ့်မည်။

ကျနော့အား လာနှုတ်ဆက်ရဲသူများရှိသကဲ့သို့ ယခုလို အုံပုန်းများလည်း ရှိသေးသည်။

ကျနော်လည်း fbသုံးသည်ကို ပျင်းလာသဖြင့် ဖုန်း ကင်မရာ ဖြင့် မိမိရုပ်ကို ပြန်ကြည့်ကာ ကိုယ့်ဘာသာ ပြန်ကြွေနေသည်။

ထိုစဉ် ရုတ်တရက်ဘေးထိုင်ခုံတွင် လာထိုင်သော လူတစ်ယောက်။တစ်နည်းအားဖြင့် ကျနော့ အခန်းဖော် ဖြစ်ကြောင်း မကြည့်လည်း စိတ်က အလိုလိုသိနေသည်။

မနေ့ညက ကိစ္စအား မျက်နှာပူသဖြင့် သူ့ဘက်ကို မလှည့်မိအောင်နေလိုက်သည်။

သို့သော် ~~~

မည်သည့်ကံအကြောင်းစပ်သည်မသိ ထိုနေ့က သင်တန်းတွင် ကံဆိုးမှု့ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။

🖤ထင္မွတ္မထားမိေသာ🖤 ထင်မှတ်မထားမိသော 🖤Onde histórias criam vida. Descubra agora