🖤ထင်မှတ်မထားမိသော....🖤
ကောင်တာတွင်ထိုင်၍စာရင်းစစ်နေဟန်ရှိသော ရဲဘုန်း၏အစ်မဖြစ်သူ ငွေရည်ထက်မြတ်ဆီသို့ သူခိုးကျင့်သူခိုးကြံဖြင့် ကျော်ဝင်းနိုင် ချည်းကပ်လိုက်သည်။
တစ်ခုခုကို အာရုံစိုက်နေသည့် မမ ပုံစံလေးက တစ်မျိုးချစ်ဖို့ကောင်းနေသည်။
""မမ""
အသံကိုဖျော့နိုင်သမျှဖျော့၊မျက်နှာကို အတတ်နိုင်ဆုံးအချိုသွေးကာ ခေါ်လိုက်သောအခါ တစ်ချက်မော့ကြည့်လာပြီး...
""ဘာတုန်း""
စိတ်တိုနေသည့်လေသံဖြင့် ပြန်ပြောလာပုံထောက်ရင် အခြေအနေမဟန်ပေ။
""အော် ရဲဘုန်း ရှိလား""
""ရှိတယ် ခုနလေးမှနောက်ထဲဝင်သွားတာ""
""ဟုတ် ကျနော်လိုက်သွားလိုက်ဦးမယ်ဗျ""
ခေါင်းလေးငြိမ့်ကာ ဖြေလိုက်သောပုံစံက ကျနော့ရင်ထဲ ဘုန်းခနဲပင်။
နန်းဆန်စွာ ချစ်စရာကောင်းနေလိုက်တာ မမရာ။
""ဟေ့ ခဏ ကျော်ဝင်းနိုင်""
ကျနော့နာမည်အား တစ်ခါမှမခေါ်ဘူးသောမမဆီမှ လှမ်းခေါ်သောကြောင့် အံ့သြစွာ
ကြည့်မိသည်။""အကူအညီတောင်းစရာရှိတယ်""
မမက အကူအညီတဲ့။ ဟာ....အကုန်ကူညီမှာ။ ကူညီဦးမှာ။
မျောက်အုန်းသီးရသလိုပုံစံဖြင့် မြူးထူးစွာ ခေါင်းညိမ့်မိသည်။
""ဒီနေ့ကစပြီး မမမောင်လေးရဲဘုန်းရဲ့ ထူးဆန်းတာ ဥပမာ သူ့တစ်နေ့တာ ဘာလုပ်တယ်ဆ်ိုတာလေး မမကိုပြန်ပြောပြလို့ရမလား....အရေးကြီးဆုံးက သူသင်တန်းတက်နေတာ အခြေအနေဘယ်လိုလဲ ဘာညာပေါ့...""
စဉ်းစားစရာပင်မလိုဘဲပြန်ဖြေမိသည့် ကျနော့စကားသည်ကား....
""ရပါတယ်မမ""
_____________________________________
🖤ထင်မှတ်မထားမိသော....🖤
ပြုံးပြုံးကြီး ဘီယာအား ဇိမ်ခံသောက်နေသော သူငယ်ချင်းဖြစ်သူ ရဲဘုန်းအား နားမလည်စွာကြည့်နေရင်း ကျော်ဝင်းနိုင်တစ်ယောက်မနေနိုင်စွာဖြင့် မိမိဘက်ကပင် စလိုက်သည်။

VOCÊ ESTÁ LENDO
🖤ထင္မွတ္မထားမိေသာ🖤 ထင်မှတ်မထားမိသော 🖤
Romanceအေးအေးဆေးဆေး သန့်သန့်ရှင်းရှင်း ကြော့ကြော့မော့နေတတ်တဲ့ ဆေးကျောင်းသား ကောင်လေး တစ်ယောက်ရဲ့ ဘဝထဲကို Tiktok အရမ်းဆော့ပြီး ချစ်စရာကောင်း လို့ မိန်းကလေးတွေကြား နာမည်ကြီးတဲ့ လျပ်တီးလျပ်ပြာ ဘာမှအလေးမထားတဲ့ သူ့ထက်အသက်ကြီးတဲ့ အစ်ကိုကြီးတစ်ယောက်ဝင်ရောက်လာတဲ့အ...