CHAPTER 9

421 45 3
                                    


Unicode ver

🖤ထင်မှတ်မထားမိသော🖤

တရုတ်ဘာသာသင်ကြား‌ပေးနေသောသင်တန်းရှေ့သို့ ကလစ်ဆိုင်ကယ် တစ်စီးသည် အရှိန်ဖြင့်၀င်လာပြီး အမြန်ဆိုင်ကယ်ထိုးနေသည်။ထို‌‌ေနာက်ဆိုင်ကယ်စီးလာသောကောင်လေးသည်အလျင်အမြန်ပဲသင်တန်းထဲသို့၀င်လာလေသည်။

ပြီးနောက် အခန်းတစ်ခုထဲသို့ ဒုန်းပြေးသလို၀င်သွားလေသည်။ သင်တန်းသားများ အားလုံး၏ အာရုံသည်လည်းထိုကောင်လေးဆီသို့ စုပုံကျလာသည်။

ထိုကောင်လေးသည် ဘယ်သူမှမဟုတ်ပါ ကျနော် ရဲဘုန်းထက်မြတ်သည်ပင်။ ခေါင်းလေးတစ်ချက်ငုံကာ ၀င်လာပြီး ကိုယ့်နေရာကိုယ်၀င်လာလိုက်သည်။ မနက်ခင်း ၇နာရီမှာ ကျနော့အတွက် လုံး၀ပင်မထနိုင်သော အခြေအနေတစ်ခု။ ထို့ကြောင့် သင်တန်းပျက်ခြင်းနှင့် သင်တန်းနောက်ကျခြင်း ခေါင်းစဉ် ၂ခုအား နေ့စဉ် ရင်ဆိုင်ရသည်။

ကျနော်မတက်တာကြာနေပြီဖြစ်သောကြောင့် စောစောထရန် နှိုးစက်ပေးသော်လည်း လုံး၀ပင် မထနိုင်ပေ။ အခုတောင်မနည်းလာရတာ။

ကျနော့နေရာတွင်သေချာထိုင်ကာ စာအုပ်ထုတ်လိုက်သည်။ထို့နောက် ဘေးဘက်ရှိ ကောင်းထက်သူရသို့စာမျက်နှာဘယ်ရောက်နေပြီလဲမေးရန် ကြည့်လိုက်သောအခါ.....။

ဟင် အာ့ကောင်မဟုတ်ဘဲ တခြားတစ်ယေက်ဖြစ်နေသည်။ထိုသူမှာကျနော်ကြည့်နေသည်ကိုသိ၍ ကျနော်အား ပြန်ကြည့်လာပြီး ပြုံးပြလာသဖြင့် အပြုံးမမည်‌ေသာ အပြုံးတစ်ခုပြုံးပြလိုက်သည်။

ဘာလဲဟ.....။ငါနိုးတော့ ကောင်းထက်သူရမရှိတော့ပါဘူး။ သင်တန်းမလာတာများလား ဒါမှမဟုတ် ?

ဟင်.....တွေ့ပါပြီ....။ညာဘက် ဒုတိယတန်းဘေးဆုံးတွင်ထိုင်ကာ စာလိုက်မှတ်နေသည်။

ငါနဲ့မထိုင်ချင်တာများလား....။ ဒီကောင်လေးနဲ့တော့....။ ငါကပဲ ရောဂါရှိတဲ့လူလိုလို....။ မတန်သလိုမတူသလိုအကြည့်က ကြည့်သေး။

ကျနော် အနည်းငယ်တော့ ဒေါသဖြစ်သွားရသည်။ ဟုတ်တယ်လေ...။နည်းနည်းတော့ခံပြင်းတာပေါ့.....။

ကျနော်နှင့်အဆောင်အတူတူနေပြီး အခန်းဖော်ဖြစ်လင့်ကစား စကားတောင်ကောင်းကောင်းမပြော...။ဒီရက်ပိုင်း တွေ့တောင်သိပ်မတွေ့ဖြစ်။ ဟိုကိစ္စ(အာသာဖြေတဲ့case)ဖြစ်ပြီးနောက်ပိုင်း သူကျနော့အားရှောင်နေလေသည်။

🖤ထင္မွတ္မထားမိေသာ🖤 ထင်မှတ်မထားမိသော 🖤Donde viven las historias. Descúbrelo ahora