CHAPTER 7

816 101 9
                                    

  🖤ထင်မှတ်မထားမိသော...🖤

ဆူဆူညံညံသံတွေ.....။

စကားဝိုင်းဖွဲ့ပြောသံတွေ....။

စကားသံတွေပေမယ့် မသဲမကွဲကြားနေရသံများ...။

အမှောင်ထုထံမှ ရုန်းထွက်လိုက်သောအခါ မျက်နှာကျက်အဖြူရောင်က ဆီးကြိုနေသည်။

ရုတ်တရက်ထထိုင်လိုက်သောကြောင့် မိုက်ခနဲ ဖြစ်သွားသောကြောင့် မျက်လုံးမှိတ်ကာ ငြိမ်ငြိမ်ကလေး ထပ်နေလိုက်သည်။

နောက်တော့ ဖြည်းဖြည်းချင်းဖွင့်ကာ လက်ရှိပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ လူနာဝတ်စုံဖြင့်လူအများနှင့်လူနာစောင့်များ ဝိုင်းဖွဲ့ကာစကားပြောနေသည်။ တချို့က အိပ်နေကြသည်။

ခန္ဓာကိုယ်ပေါ်မှ စောင်ကို ဖယ်လိုက်သောအခါ ညာဘက်လက်တွင် အပ်စိုက်ထားကာ စလိုင်းချိတ်ထားသည်ကိုသတိထားမိလိုက်သည်။

ငါဆေးရုံရောက်နေတာပေါ့....? နောက်ဆုံးမှတ်မိသည်က ကျနော်ဗိုက်နာ၍ မှေးနေစဉ် ဟိုကောင်လေးက ကျနော့အားဒေါသထွက်နေသည့်အချိန်ပင်။

ငိုင်နေစဉ်တခဏတွင် သူနာပြုမလေး တစ်ယောက် ဘေးနားလာကာ....

""သက်သာလား အကို""

""ဟို....ဒါ ဆေးရုံမလား""

ကျနော့အမေးကို ဟိုစမ်းဒီစမ်းနေရင်းခေါင်းငြိမ့်ကာဖြေလာသည်။

""ဒါနဲ့ ရှင့် အကိုလား ညီလားမသိ တော်တော်စိုးရိမ်နေတာ...""

ငါ့မှာအမပဲရှိတာပါ ဘယ်က အကိုတွေ ညီတွေ လာပြောနေတာပါလိမ့်?

""ဘယ်....သူ...? ""

""ဟော...ဟိုမှာလာနေပြီ""

သူနာပြုမလေး မေးငေါ့ပြရာကြည့်လိုက်သောအခါ ထင်မှတ်မထားသူ ကျနော့၏ အခန်းဖော်ဖြစ်နေသည်။

လက်ထဲတွင် မုန့်အိတ်များ ရေဘူးတစ်ဘူး ကို ကိုင်၍ ဝင်လာနေသည်။

အနားရောက်သောအခါ ကျနော့ဘေးရှိ စားပွဲခုံတွင် တင်ကာ ကျနော့ဘေးလာရပ်သည်။

""ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး...ခဏနေရင် ဆရာဝန်ကြီးလာလို့ ဆေးရုံဆင်းခွင့်ရရင် ပြန်လို့ရပါပြီ""

🖤ထင္မွတ္မထားမိေသာ🖤 ထင်မှတ်မထားမိသော 🖤Where stories live. Discover now