🖤ထင်မှတ်မထားမိသော...🖤
မနက်တည်းက စိမ်ထားသော အကျႌအား ရေချိုးခန်းပေါက်ဝမှ မတ်တပ်ရပ်ကြည့်နေရင်း ကောင်းထက်သူရ စိတ်ညစ်လာသည်။
လျော်လိုက်ရင်ကောင်းမလား...။ နွန့်ပစ်လိုက်ရတော့မလား...။ဝယ်ပြီးတည်းကပထမဆုံးဝတ်သော ညဝတ်အကျႌဖြစ်သောကြောင့် နွန့်ပစ်ရန် နှမျောလှသည်။တွေးရင်း တွေးရင်း မျက်လုံးထဲတွင် မိမိပေါ် အန်ချသည့်ညကအတိုင်း အနံ့အသက်ဆိုးကြီးရလာသောကြောင့် ပျို့ချင်သလိုပင်ဖြစ်လာသည်။
ထို့ကြောင့် စွန့်ပစ်ရန်ဆုံးဖြတ်လိုက်ပြီး လက်အစွပ်၊နှာခေါင်းစည်းတစ်ခုနှင့် ပလပ်စတစ်အိတ်အကြီးကိုယူလိုက်ကာ နွန့်ပစ်ခြင်းလုပ်ငန်းစတင်လိုက်သည်။
__________________________________
🖤ထင်မှတ်မထားမိသော....🖤
အခန်းရှေ့တွင် ဝင်ရန် ဘုန်းမြတ် တုန့်ဆိုင်းနေမိသည်။ လက်ကိုင်ဘုကို ကိုင်ထားရင်း ဇောချေွးများပြန်လာသည်။
သူ...ငါ့ကို ဘာမှတော့မလုပ်လောက်ပါဘူးနော့...။ငါ မမှိတ်မိချင်ယောင်ဆောင်ရင် အဲ့ကလေး ဘာမှလုပ်မရပါဘူး။
မိမိဘာသာ အားပေးရင်း လက်ကိုင်ဘုကို လှည့်ကာ အခန်းထဲသို့ လေချွန်ရင်းဝင်သွားလိုက်သည်။
အခန်းထဲ ရောက်ရောက်ချင်း မျက်မှန်အား ဟန်ပါပါပင့်၍ မျက်လုံးဝေ့ကြည့်လိုက်ရာ....ထိုကောင်လေးမရှိ။ တိတ်ဆိတ်လျက်။
ရေချိုးခန်းထဲမှာများလား....?ဟူ၍အထင်ဖြင့် ရေချိုးခန်းဘက်သွားကြည့်လိုက်သော်လည်း အရိပ်အယောင်ပင်မရှိ။
ပြန်မရောက်သေးတာလား...?
မည်သို့ပင်ဖြစ်စေကာမူ သူမလာခင် မြန်မြန်အိပ်ရမယ်။ထို့ကြောင့်မိမိအိပ်ရာနေရာဘက်သို့မြန်မြန်သွားကာ လွယ်အိတ်အားပစ်တင်လိုက်ပြီး မျက်မှန်ကိုစားပွဲပေါ်တင်ကာ ကျောချအိပ်လိုက်သည်။
အားပါးပါး....တစ်နေကုန်ညောင်းနေတာ...။
မျက်လုံးကိုအားရပါးရမှိတ်ချလိုက်သော်လည်း ဖုန်းလာသဖြင့် လွယ်အိတ်ထဲဟိုစမ်း ဒီစမ်းဖြင့် ဖုန်းကို ယူကာ ကိုင်လိုက်သည်။
YOU ARE READING
🖤ထင္မွတ္မထားမိေသာ🖤 ထင်မှတ်မထားမိသော 🖤
Romanceအေးအေးဆေးဆေး သန့်သန့်ရှင်းရှင်း ကြော့ကြော့မော့နေတတ်တဲ့ ဆေးကျောင်းသား ကောင်လေး တစ်ယောက်ရဲ့ ဘဝထဲကို Tiktok အရမ်းဆော့ပြီး ချစ်စရာကောင်း လို့ မိန်းကလေးတွေကြား နာမည်ကြီးတဲ့ လျပ်တီးလျပ်ပြာ ဘာမှအလေးမထားတဲ့ သူ့ထက်အသက်ကြီးတဲ့ အစ်ကိုကြီးတစ်ယောက်ဝင်ရောက်လာတဲ့အ...