CHAPTER 12

415 32 3
                                    


Unicode ver

🖤ထင်မှတ်မထားမိသော....🖤

မသိမသာဖြစ်စေ.....
သိသိသာသာဖြစ်စေ.....
မဖြစ်နိုင်သောခံစားချက်အချို့သည်ဆက်မတွေးရင်ပိုကောင်းမည်။ အကယ်၍ ဆက်တွေးလိုက်ရင်ကော.....အခြေအနေတစ်မျိုးပြောင်းလဲမှာလား.... ရှိရင်းစွဲအခြေအနေကို ဆိုးဝါးစေမှာလား.....။။။။။။

🖤ထင်မှတ်မထားမိသော....🖤

ဆိုင်ကယ်ကိုအဆောင်အောက်ထားနေကြနေရာထားရင်း ရဲဘုန်းတစ်ယောက် လှေကားမှတစ်ဆင့်တက်လာတော့ ပထမထပ်အဆောင်ပိုင်ရှင်ဦးလေးကြီးအခန်းရှေ့တွင် ကောင်းထက်သူရ
ကိုဦးလေးကြီးနှင့်စကားရပ်ပြောနေသည်ကို တွေ့လိုက်သည်။

အဆောင်ပိုင်ရှင်ဦးလေးကြီး အပြင် ဘုန်းဘုန်းတစ်ပါးပါတွေ့လိုက်သဖြင့်ရဲဘုန်းကြောင်တောင်တောင်နှင့်စပ်စုလိုသောကြောင့် အပေါ်ဆက်မတက်ဘဲနေမိသည်။

“ကဲ သေချာပြန်စဉ်းစားလိုက်ပါအုံး ကောင်းထက်၊ ပြီးမှဆက်ပြောကြတာပေါ့””

ထိုစကားမှာ ဘုန်းဘုန်းဆီကလာပြီး ကောင်းထက်သူရ၏ခေါင်းလေးကိုပုတ်ကာပြောလာသောကြောင့် ကောင်းထက်သူရနှင့်အသိဟုထင်လိုက်သည်။ ဦးလေးတော်စပ်တာတို့ဘာတို့လားမသိ။

ကောင်းထက်သူရက အပြုံးတစ်ချို့နှင့်အတူ လက်အုပ်လေးချီကာ ခေါင်းတစ်ချက်ညိမ့်သည်။

ထိုစဉ်...ဖြစ်ပေါ်လာသော ကောင်းထက်သူရမျက်နှာပေါ်ရှိ အပြုံးတချို့ကို ရဲဘုန်းမျက်ခြေမပြတ်စိုက်ကြည့်နေမိသည်။

ဒီကောင်ပြုံးလိုက်ရင် တော်တော်ချောတာပဲ.....။

ဒါတောင်ဘာလို့ အမြဲမျက်နှာတည်ကြီးနဲ့နေ နေလည်းမသိ။

ရုတ်တရက်ဖြစ်ပေါ်လာသော အတွေးတစ်ချို့နှင့်အတူ ရဲဘုန်းပါလိုက်ပြုံးနေမိသည်။

အပြုံးတွေက လူတစ်ယောက်နဲ့တစ်ယောက်ကူးစက်နိုင်သော သီအိုရီသဘောကို ကျနော်ယုံကြည်သည်။

ပတ်ဝန်းကျင်ပင်သတိမထားမိလောက်အောင် ထိုမြင်ကွင်းလေးအားပျောက်ကွယ်သွားမည်စိုးနေသည့်အလား မျက်တောင်မခတ်ကြည့်နေမိသည်။

Você leu todos os capítulos publicados.

⏰ Última atualização: Apr 05, 2020 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

🖤ထင္မွတ္မထားမိေသာ🖤 ထင်မှတ်မထားမိသော 🖤Onde histórias criam vida. Descubra agora