CHAPTER 10

337 37 3
                                    


❤️ထင်မှတ်မထားမိသော❤️

မိုးကောင်ကင်ကြီးက အုံ့တုံ့တုံ့။။။။။
ပတ်၀န်းကျင်ကလည်း အေးတေးတေး။။။။
လမ်းမပေါ်ကလူတွေကလည်းကျဲတဲတဲဖြင့်ပင်။။။

မီးပွိုင့်တွင် မီးနီနေသည်ကို ကျော်၀င်းနိုင်တွေ့သဖြင့် ဆိုင်ကယ်ကို အရှိန်ကလေးလျော့ကာ မောင်းလာလိုက်သည်။

ရာသီဥတုကလည်း ပျင်းရိနေသောကိုယ့်ဘက်ပါနေသဖြင့် ဘုန်းမြတ်ဆီ သွား၍ နည်းနည်းပါးပါးသောက်ရန် အဖော်ညှိရမည်။ ထို့ကြောင့်မီးပွိုင့်တွင်ရပ်နေရင်း ညာလမ်းကြောင်းပြောင်း‌ေကွ့ရန် အလုပ် fudo ဆိုင်အပြင်ဘက် တွင်ထိုင်ကာ စကားပြောနေသော လူနှစ်ယောက်ကိုတွေ့လိုက်သည်။

အစကတော့ လျပ်တပြတ်ကြည့်မိသော်လည်း ထို ထိုင်နေသော လူ၂ယောက်အနက် တစ်ယောက်မှာ ရဲဘုန်းအမ ငွေရည်ထက်မြတ်ဖြစ်နေသောအခါ•••••••••။

မီးပွိုင့်ကိုဖြတ်ကာ ထိုဆိုင်နားရပ်လိုက်ပြီး ဆိုင်ကယ်ပေါ်မှအမြန်ဆင်းလိုက်သည်။

သို့သော် မမငွေရည်နဲ့အတူ မျက်နှာချင်းဆိုင်တွင်ထိုင်နေသောသူမှာ ယောက်ျားလေးဖြစ်နေသောအခါ ကျနော့လှုပ်ရှား‌မှု့တွေနှေးကွေးသွားသည်။

ခုနကရာသီဥတုကို ချီးမွမ်းခဲ့သမျှ ယခု ထိုရာသီဥတုကို အပြစ်တင်လာမိသည်။

ခြေလှမ်းတို့ကထိုဝိုင်းဆီသို့-----။

""အမ""

နောက်ခပ်လှမ်းလှမ်းမှနေ၍ ခေါ်လိုက်တော့လှည့်ကြည့်လာသော မျက်၀န်းတစ်စုံနှင့်အတူ အပြုံးချိုချိုတို့ပါ ပါလာသည်။

""အော ကျော်၀င်းနိုင် မုန့်လာ၀ယ်တာလား""

""ဟို..... ဟုတ်""

ဟုတ်ဟုတ်မဟုတ်ဟုတ် မုန့်ဆိုင်ဆိုတော့ရမ်းတုပ်လိုက်သည်။

""ငွေရည်ကိုယ်တို့သွားကြတော့မလား တော်ကြာနောက်ကျနေမယ်""

ကျနော်နဲ့နှုတ်ဆက်နေသည်ကို အလိုက်ကန်းဆိုးမသိ ပြန်မည်အကြောင်းလာပြောသော ထိုလူအား ဘုကြည့်ကြည့်လိုက်သည်။

ထို့ပြင်ကျနော်တောင်မခေါ်ရက်သော ငွေရည် ဟူ၍ခေါ်‌သဖြင့်ချက်ချင်းဆိုသလို ဦးနှောက်ထဲ တွင် အတွေးမျိုးစုံ မေးခွန်းပေါင်းစုံ၀င်လာသည်။

🖤ထင္မွတ္မထားမိေသာ🖤 ထင်မှတ်မထားမိသော 🖤Onde histórias criam vida. Descubra agora