CHAPTER 11

453 47 6
                                    


🖤ထင်မှတ်မထားမိသော🖤

EDM ဟုခေါ်သော အခန်းထဲသို့မရောက်ခင် အပြင်ဘက် လက်မှတ်ပေးနေကတည်းက ဆူညံသံများစွာကြားနေရသည်။

ဟိုတစ်ခါ အခန်းသို့တစ်ခါလာဖူးထားလို့မြင်ဖူးနေတဲ့ကိုရဲဘုန်းရဲ့သူငယ်ချင်းလည်းပါသည်။

ဒါများ ငါ့ကိုဘာလို့ခေါ်နေသေးလဲ။။။

စိတ်ကသာတောင်ရောက်မြောက်ရောက်တွေးနေပေမယ့်ကောင်းထက်သူရမှာ ယခုသူတို့နောက်သို့လိုက်ရင်း အခန်းထဲရောက်သောအခါ နားစည်ပေါက်ထွက်မတတ် အသံများ တစ်နည်းအားဖြင့် သီချင်းသံများကြောင့် ပထမတော့စစချင်းနားအူသွားသည်။

အခန်းဟုမဆိုအပ်သော အကျယ်အ၀န်း။

ပထမထပ်တွင် စားပွဲ အမြင့် ခပ်ရှည်ရှည်လေးတွေ အများအပြားရှိသည်။ ထိုစားပွဲပေါ်တွင် အရက်ပုလင်းများ ဘီယာပုလင်းများရှိပြီး စားပွဲဘေးတွင် တစ်ယောက်ထိုင် အလည်အမြင့် တစ်ခုစီရှိသည်။

အစက ထိုဝိုင်းများသို့သွားမည်ထင်ခဲ့တာ။မဟုတ်ပေ။

အပေါ်ထပ်သို့တက်သွားသဖြင့် ကျနော်လည်းပတ်ဝန်းကျင်ကိုစူးစမ်းနေရာမှ ရပ်ကာ အမြန်ပြေးလိုက်ရတော့သည်။

မီးအနည်းငယ်သာ ဖွင့်ထားသည်မှာ လူတောင်ရှာမတွေ့နိုင်လောက်အောင်။

သို့သော် ထိုနေရာရှိမိန်းကလေးများမှာ လုံးဝလှပြီး မိုက်နေကြောင်းတော့ ကောင်းထက်သူရဝန်ခံပါသည်။

ရဲဘုန်းတစ်ယောက် ပတ်ဝန်းကျင်ကိုစူးစမ်းနေသော ထိုကောင်လေးကိုကြည့်ကာ တစ်ချက်ပြုံးမိသည်။

မြင်မြင်သမျှ အထူးအဆန်းကြီးပဲဖြစ်နေပုံရသည်။

နောက်ကနေ ထပ်ချပ်မကွာ လိုက်နေသော်လည်း လူတွေနည်းနည်းများသဖြင့်ပျောက်သွားမည်စိုးကာ နောက်သို့ ခဏခဏ လှည့်ကြည့်‌ရသည်။

မိမိဝိုင်းအရောက် ဆိုဖာပေါ်ထိုင်ရန် နေရာပေးလိုက်သောအခါ ကျနော်ပြောသည့်နေရာကိုဝင်ထိုင်သည်။

ကျော်ဝင်းနိုင်ကတော့ ရောက်ရောက်ချင်း ပန်းသီးစိတ်တစ်စိတ်စားကာ အရက်ငှဲ့နေပြီးသောက်ရန် ပြင်နေလေပြီ။

🖤ထင္မွတ္မထားမိေသာ🖤 ထင်မှတ်မထားမိသော 🖤Where stories live. Discover now