1

11.2K 648 26
                                    

For UNICODE

လက်ထဲက ပျားရည်ပန်ကိတ်လေးနဲ့ ပူပူနွေးနွေး အမေရိကာနို တစ်ခွက်ကို ကိုင်ရင်း
ကျွန်တော့်ရင်ဘတ်ထဲပန်းတွေပွင့်နေသလိုခံစားနေရတယ်...

ရောင်စုံလှပတဲ့အဝတ်အစားတွေနဲ့ ကြည့်ကောင်းတဲ့ လူတွေကြားမှာ အထက်တန်းဝတ်စုံ မျက်မှန်ဝိုင်းထူထူတစ်လက်နဲ့ သူ့ပုံစံက တော်တော်လေးသိမ်နုပ်နေနိုင်၏..

ကျောင်းဆင်းဆင်းချင်းအမြန်ပြေးလာခဲ့ရတာမို့ နှဖူးကချွေးတို့စိုနေကာ ဆံပင်အချို့ပင် နှဖူးပြင်တွင်ကပ်နေလျှက်..
သေချာတာကတော့ သူကြည့်ကောင်းမနေနိုင်တာပင်...

ဟော..ရောက်ပါပြီ ကျွန်တော်သိပ်မြတ်နိုးရတဲ့လူတစ်ယောက်ရှိရာအခန်းရှေ့..
ပြတင်းပေါက်အစွန်ဆုံးမှာထိုင်ရင်း ဆရာပြောသမျှကို သေချာလိုက်နားထောင်နေတဲ့ သူ့ပုံက အရမ်းကို အေးချမ်းလွန်းတယ်...

သူလက်ထဲက မုန့်တွေကို ကိုင်ရင်း ကြည့်မဝနိုင်တဲ့ထိုပန်းချီကားလေးလို လူကို တမေ့တမောငေးကြည့်နေမိလေရဲ့...

ထိုလူသားကိုငေးခွင့်ရရန် ဆုံးရှုံးလိုက်ရတဲ့ နေ့လည်စာစားချိန်တွေကိုလည်း သူမနှမြောတတ်ခဲ့ချေ....

"အတန်းဆင်းပြီထင်တယ်"

ကျေနပ်စွာရေရွတ်လိုက်ရင်း
ကျွန်တော့်ထံပို့လာမဲ့ မလိုလားတဲ့မျက်ဝန်းတစ်စုံကိုစောင့်ကြည့်နေလိုက်သည်..

ထင်သည့်အတိုင်း စိတ်ပျက်သည့်မျက်ဝန်းတစ်စုံက ဦးတည်လာကာ တစ်ဖက်သို့ မသိချင်ယောင်ဆောင်၍ပြန်လှည့်သွားလေ၏...

အတန်းထဲဝင်သွားချင်ပါသော်လည်း
သူပိုစိတ်အနှောင့်အယှက်ဖြစ်သွားမည်စိုးရိမ်တာကြောင့် မုန့်နှင့်ကော်ဖီဗူးလေးကို သူလက်ရန်းလေးပေါ်တွင် တင်ခဲ့လိုက်သည်...

"ကျွန်တော့်ကိုကြည့်တဲ့ အကြည့်တစ်ချက်နဲ့တင်လုံလောက်ပါပြီ အစ်ကို"
.
.
....................

ကျောင်းကိုပြန်ရောက်တော့ မှီသည်ဆိုရုံလေးတင် အချိန်ကကွက်တိ..
အသက်ကိုဝဝရှုကာ ဝင်ထိုင်တော့ ဘေးမှ သူ့သူငယ်ချင်းဖြစ်သော Lee Ju က ပေါင်မုန့်တစ်ထုပ်လှမ်းပစ်ပေးလိုက်ရင်း..

Give LoveWhere stories live. Discover now