(For Unicode)Jinအထုတ်အပိုးအချို့ကိုဆွဲရင်း ပါးစပ်ကလည်းဘေးမှ သူငယ်ချင်းဖြစ်သူအား စကားတွတ်ခိုေးနလေသည်...
အဖေနှင့်အမေကလည်း ဒီသားလေးတစ်ယောက်ရှိပါတယ် နောက်ဆုံးနှစ်ရောက်တော့မှ ကျောင်းတွင်းအဆောင် နေခိုင်းရတယ်လို့...
အကြောင်းအရင်းကတော့သူ့အပြစ်လည်းပါသည်..နေ့တိုင်းအပျော်အပါးဘက်စိတ်ရောက်နေကာ စည်းကမ်းမရှိတော့သောကြောင့်ဖြစ်သည်..
ဒါပေမဲ့လည်း ကျောင်းတွင်းအဆောင် ကြီးကတော့လွန်တာပေါ့.....
အချိန်နဲ့အချိန်တင်းကြပ်ထားတာတွေကို သူသဘောကျတာမဟုတ်လှ..."မျက်နှာကြီးမှုန်မနေစမ်းပါနဲ့ကွာ..
အဲ့လောက်လည်း အဆောင်မှူးက စည်းကမ်းမကြီးပါဘူး..ငါတို့နဲ့ရွယ်တူပါ""အဆောင်မှုးများဂရုစိုက်မနေဘူး"
ညနေခင်းဆိုတော့ကျောင်းကြီးက တိတ်ဆိတ်နေကာ ပုဇွန်ဆီရောင်ကောင်းကင်နှင့် ပနံသင့်နေလှ၏...
တခြား အဆောင်နေကျောင်းသားတစ်ချို့ကို ဟိုတစ်စုဒီတစ်စုတွေ့ရတာကလွဲလို့ အကုန်အေးအေးဆေးဆေးရှိလှသည်..."ရောက်ပြီ..ဒီအခန်းပဲ"
လမ်းကွေ့လေးအဆုံးနားက အခန်းရှေ့ကိုရောက်တော့ လက်ညှိုးထိုးပြကာ ညွှန်ပြလိုက်၏..
အခန်းကသေ သပ်သန့်ရှင်းကာ ရိုးရိုးဘာအပြင်အဆင်မှမရှိချေ...ကုတင်နှစ်လုံးကို နံရံတစ်ဖက်တစ်ချက်စီမှာကပ်ထားတာမို့ သူဘေးကသူငယ်ချင်းကိုကြည့်လိုက်ပြီး...
"အခန်းဖော်ရှိသေးတယ်လား..?"
"အေး...မပြောင်းလာသေးဘူးသူက
ဘာလို့လဲတော့ မသိဘူး.""ဒါဆို လောလောဆယ်ငါတစ်ယောက်ထဲပေါ့"
Jinရွှင်ပျစွာပြောလိုက်ပြီး အခန်းထဲဝင်သွားလိုက်သည်....
ဒီအခန်းလေးကစတင်လာမည်ဖြစ်သော ရင်ခုန်သံပေါင်းများစွာကိုတော့ သူထိုအချိန်ကမရိပ်မိခဲ့ပါချေ....
.
.
............."သား..မုန့်ဖိုးလိုရင်အချိန်မရွေးဖုန်းဆက်"
သံယောဇဉ်မပြတ်နိုင်စွာမှာတမ်းခြွေနေသော အမေ့ပါးကိုတစ်ချက်နမ်းလိုက်ရင်း Namjoonခေါင်းညိမ့်ပြလိုက်သည်...
YOU ARE READING
Give Love
Fanfictionသူအမြဲလျစ်လျူရှုနေပေမဲ့ ကျွန်တော်ကတော့ အချစ်တွေပေးနေဆဲ.... အချစ်လေးနည်းနည်းလောက် ပေးပါလား အစ်ကို