22 (Final)

6.4K 586 86
                                    

For Zawgyi

Seok Jinဘ၀မှာ သူတရှိုက်မက်မက်
ကြိုက်နှစ်သက်ခဲ့တဲ့ ကော်ဖီ တွေကို မုန်းတီးသွားမည်ဟု ဘယ်တုန်းကမှမထင်ခဲ့...။

‌မှတ်ညဏ်တွေကို အတင်းတူးဆွတော့
ထွက်ပေါ်လာသည့် အပိုင်းအစဝေဝေဝါးဝါးလေးများထဲတွင် Namjoonကို နာကျင်ဖွယ်မြင်ယောင်လာသည်။

အေးစက်စက်ရာသီဥတုမှာ သူ့အတွက် ကော်ဖီပူပူတစ်ခွက်အသုံးတော်ခံရန် အသင့်ရှိနေတတ်သည့် ငတုံးလေးတစ်ယောက်။
ဆံပင်အုပ်အုပ်နှင့်မျက်မှန်ထူထူကြောင့် ထိုမျက်ဝန်းတွေမှ မျှော်လင့်ချက်အရောင်တွေကိုတော့ သူလုံးဝမတွေ့ မြင်မသိရှိခဲ့ရပါ။

သူပျော်ပျော်ပါးပါးဖြတ်သန်းလာခဲ့သောနှစ်တွေတွင် ချစ်ရသူက သူ့ကြောင့်ငရဲကျသလိုခံစားနေရတာကိုလဲ မသိခဲ့...။

ဆိုးလိုက်တာ...
မင်းငါ့ကိုတစ်စက်လေးမှစိတ်မနာခဲ့ဘူးတဲ့လား

အခုတော့ ၀ဋ် တွေကလှလှပပကိုလည်ပတ်နေတော့တာပါပဲ။

Namjoonအိမ်ကနေထွက်ပြေးဖို့ကြိုးစားရင်း
မတော်တဆမှုဖြစ်သွားတယ်တဲ့..။

Namjoon၏သူငယ်ချင်းဖြစ်သူသူ့ထံလာ ပြောတုန်းက ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးဖြစ်ကုန်သည်။
ဖြစ်ဖြစ်ချင်းသိရတာမဟုတ်ပဲ နှစ်ပါတ်လောက်နောက်ကျပြီးမှ သိရတာဖြစ်၍ အရာရာဟာကမောက်ကမ။

ရှိသမျှနည်းလမ်းပေါင်းစုံကိုသုံးကာ ဂျပန်ကိုချက်ချင်းလိုက်သွားသော်လည်း Namjoonကမင်းကိုမတွေ့ ချင်ဘူးဟူသောစကားကို မယုံကြည်နိုင်စွာလက်ခံလိုက်ရသည်။

'ကျွန်တော်တို့လမ်းခွဲကြရအောင်'ဟူသော ထိုစကားအား ဖုန်းထဲမှအကြင်သူလှမ်းပြောစဉ် သူ့မှာလဲ အပြိုပြိုအလဲလဲ..။
ဖုန်းလေးကိုင်ပေးနေတာကြောင့် Seok Jinအသက်ရှူချောင်နေရတာဖြစ်သည်။
မဟုတ်ရင်..သူရူးသွားလိမ့်မည်ထင်သည်။

"Namjoonငါမနက်ဖြန် ကိုရီးယားကိုပြန်ရတော့မယ်..ခနလောက်တွေ့ ချင်လို့ ရမလား..
အခုငါ မင်းတို့အိမ်ရှေ့မှာ"

တစ်ဖက်ကသက်ပြင်းချသံလေးလေးကိုသူကြားရသည်။

"ကျွန်တော်မတွေ့ ချင်တာမို့..ပြန်လိုက်ပါ"

Give LoveWhere stories live. Discover now