(For Unicode)
စာတန်းတင်ရမည့်ရက်က ဒီနေ့နောက်ဆုံး ဖြစ်တာမို့ Seok Jin ဌာနဆီသို့ခပ်သွက်သွက်လျှောက်လာလိုက်သည်...
ဒုပါချုပ်က တစ်နာရီနောက်ကျလျှင်ပင် ရစ်လို့မပြီးနိုင်သောကြောင့် အချိန်မှီရောက်စေရန်သာ သူဦးတည်ရ၏.."အာ...ညကဟိုကောင်တွေနဲ့သွားမသောက်လိုက်သင့်ဘူး.."
စိတ်ထဲကနေ အတန်းခေါင်းဆောင်တို့အဖွဲ့အား ကျိန်ဆဲရင်း ခြေလှမ်းတို့ကို အရှိန်မြင့်လိုက်သည်
ထိုအခိုက် သူနှင့်မျက်နှာချင်းဆိုင် လျှောက်လာသော အုပ်စုထဲမှလူတစ်ယောက်ကြောင့် Seok jinခနမျှကြောင်ငေးသွားရသည်....
မြင်ဖူးပါတယ်...လူအများအလယ်တွင် တစ်ယောက်ထဲထင်းနေသော ထိုကောင်လေးကို..
မှတ်ညဏ်တစ်ချက်ကလင်းခနဲနေရာယူသွားတော့မှ သူသတိရမိသွားသည်...
ဒါ ဂျူနီယာကြိုဆိုပွဲတုန်းကတွေ့ခဲ့တဲ့ ကောင်လေးပဲ...ထိုအုပ်စုကသူ့အနားရောက်လာသောအခါ
ကိုယ်ကိုကိုင်းညွှတ်၍အကုန်အရိုအသေပြုကြ၏..ထိုကောင်လေးကတော့ ငြိမ့်သည်ဆိုရုံ တစ်ချက်ငြိမ့်ကာ တစ်ဖက်သို့မျက်နှာလွှဲသွားလေသည်..."စီနီယာ...စာတန်းထပ်မလို့လား"
ထိုအုပ်စုထဲမှ သွက်သွက်လက်လက် ရှိသော ကောင်လေးက စကားစပြောတော့ သူပြုံးပြကာခေါင်းညိမ့်လိုက်သည်..
"အေး...ဒီနေ့နောက်ဆုံး လေ"
"ဒါဆို ကျွန်တော် တို့ကိုသွားခွင့်ပြုပါအုံး စီနီယာ"
သူသွားဟူသည့်သဘောနှင့်မေးဆတ်ပြလိုက်ပြီး
နှုတ်ဆက်ကာထွက်လာခဲ့သည်...
အတော်လှမ်းလှမ်းရောက်မှ နောက်ကျောမလုံ၍လှည့်ကြည့်တော့ သူရှိရာ ငေးကြည့်နေသော ဂျူနီယာကိုလူချောကိုတွေ့လိုက်ရ၏..ဘာလဲဟ..ဘာလို့ငါ့ကိုရပ်ကြည့်နေတာလဲ.?
သူကြောင်တောင်တောင်ဖြစ်သွားသော်လည်း ခေါင်းညွှတ်ပြကာ နှုတ်ဆက်လိုက်သည်...
သို့သော် ချက်ချင်းပင် ထိုကောင်လေးကလှည့်ထွက်သွားလေ၏..."WTF! ဘယ်လို ကောင်လားဟ.."
သူအောင့်သက်သက်ဖြစ်သွားပေမဲ့ အချိန်နောက်ကျနေတာကြောင့် အမြန်ထွက်လာခဲ့ရသည်..
ဒီလောက် ရိုင်းတဲ့ ဂျူနီယာ မျိုး တစ်ခါမှမမြင်ဖူးဘူး....ဟူးးးး
.
.
.................................
YOU ARE READING
Give Love
Fanfictionသူအမြဲလျစ်လျူရှုနေပေမဲ့ ကျွန်တော်ကတော့ အချစ်တွေပေးနေဆဲ.... အချစ်လေးနည်းနည်းလောက် ပေးပါလား အစ်ကို