(FOR UNICODE)
ပြတင်းကနေတဖွဲဖွဲကျနေတဲ့ နှင်းမှုန်လေးတွေက သဘောကျစရာသိပ်ကောင်းလွန်းတယ်...
ဖြူလွလွအသွင်နဲ့ အသရေက မြင်ရသူကိုအေးချမ်းစေမှာ အသေအချာပဲ..."ဘာလဲ Namjoon စီနီယာseok jinကိုလိုက်ခဲ့မိတာ နောင်တရနေပြီလား"
ခုံပေါ်သို့စွေ့ခနဲဝင်ထိုင်ကာပြောလိုက်သော Lee Ju စကားကြောင့် ကျွန်တော်ပြုံးမိသည်..
"အေး..နောင်တတော့ရတယ်..."
Lee Juကငါထင်သားပဲဟူသောပုံဖြင့် မျက်ခုံးတစ်ဖက်ပင့်ပြကာ သူ့ပုခုံးကိုခပ်ဖွဖွလေးပုတ်လိုက်သည်...
"ဟေး..ငါတို့အခုမှအထက်တန်းကျောင်းသားပဲရှိပါသေးတယ်....တွေ့လာရအုံးမှာအများကြီး"
နှစ်သိမ့်စကားဆိုသော Lee Juကိုသူဝတ်ကြေတန်းကြေပြန်ပြုံးပြလိုက်သည်...
ကျွန်တော် တကယ်နောင်တရတယ်အစ်ကို..
အစ်ကို့ ကိုတိတ်တိတ်လေးချစ်ခဲ့ရမှာ...
ကျွန်တော့်ကိုသတိထားမိစေချင်တဲ့လောဘတစ်ခုကြောင့် အစ်ကို စိတ်အနှောင့်အယှက်ဖြစ်ရပြီကျွန်တော် တကယ်နောင်တရတယ်......
.
.
...................အခုတလော နေရတာစိတ်ချမ်းသာနေသည်..
အမြဲတမ်း စိတ်အနှောင့်အယှက်ပေးတတ်သည့် ကပ်ပါးကောင် ပေါ်မလာတာ ရက်အနည်းငယ်ရှိပြီ...အမှတ်မထားတတ်တော့ ဘယ်နှရက်လဲ သူမသိချေ...ကြည့်ရတာ ဟိုသရုပ်ဆောင်မှုကအလုပ်ဖြစ်သွားသည်ထင်ပါ၏...
"Seok Jin"
ခေါ်သံနှင့်အတူ သူ့ပုခုံးသို့ဝင်ဖက်သော အတန်းခေါင်းဆောင် ကြောင့် အနည်းငယ်ယိမ်းယိုင်သွားရသည်...
"ဘာလဲဟ! လန့်သွားတာပဲ"
"ညနေကျရင် ငါတို့အဖွဲ့နဲ့လိုက်သောက်မလား"
Seok Jinရယ်ရယ်မောမောဖြင့်ပင် ခေါင်းညိမ့်လိုက်ပြီး လက်မထောင်ပြလိုက်၏..
မြူးနေသော စိတ်အခံကြောင့် သူကိုယ်တိုင်လည်း သောက်ချင်နေတာနှင့်အတော်ဖြစ်သွားသည်...ဟိုကပ်ပါးကောင်အား မမြင်ရလေ သူပျော်လေဆိုတာတော့ ဝန်ခံရမည်...ကျေးဇူးပြုုပြီး ငါနဲ့ဝေးဝေးနေစမ်းပါ ကောင်လေး.....
.
.
.
ကျောင်းနှင့်မနီးမဝေး ရွက်ဖျင်တဲဆိုင်လေးတွင် သူတို့အုပ်စုပျော်ပျော်ပါးပါးစားသောက်နေကြလျှက်ရှိသည်....
YOU ARE READING
Give Love
Fanfictionသူအမြဲလျစ်လျူရှုနေပေမဲ့ ကျွန်တော်ကတော့ အချစ်တွေပေးနေဆဲ.... အချစ်လေးနည်းနည်းလောက် ပေးပါလား အစ်ကို