For Zawgyi
စာမေးပွဲကာလဟာ
မျိုးစုံသော ငြီးငြူသံ ကြိမ်းဝါးသံတွေနှင့်
ဆဲရေးသံတွေကြားထဲတွင် ဆုံးခန်းတိုင်ခဲ့ပြန်ပြီဖြစ်သည်။Seok Jinအဖြေလွှာကိုအမြန်အပ်ပြီး
ထွက်လာတော့ လူသူအနည်းငယ်ရှင်းနေသေးသည်။ သူတော်တော်များစောလွန်းသွားတာလား?မတတ်နိုင် ဖြေစရာမရှိပဲ ထိုင်နေရတာက
မျက်ရည်ကျချင်လောက်အောင်ကိုငြီးငွေ့ဖွယ်ကောင်းသည်လေ။ပျင်းပျင်းနှင့်အအေးစက်ထဲက ပန်းသီးအရသာ အအေးတစ်ဗူးကိုထုတ်ရင်း ရုတ်တရပ်Namjoonကိုသတိရသွားတာမို့ တစ်ဗူးပိုထုတ်လိုက်သည်။
စာမေးပွဲရက်တွေအတွင်းမှာ Namjoonဆီကအကူအညီတွေအများကြီးရထားသည်လေ။
Namjoonတို့ဖြေနေသည့်အခန်းနားကိုရောက်တော့ မျက်လုံးကိုဝေ့ကစားကာ ရှာလိုက်သည်။ သိပ်ပင်ရှာစရာမလို အခန်းထောင့်ပြတင်းနားတွင် ထိုင်ဖြေနေသော Namjoonပုံရိပ်ကအထင်းသား။
မော့မလာသောခေါင်းကိုကြည့်ရတာ ဖြေနိုင်သည့်ပုံပဲမို့ သူ့စိတ်တွေကျေနပ်ရသည်။
Seok Jinစိုက်ကြည့်နေစဉ်မှာပင် Namjoonခေါင်းက ဆတ်ခနဲမတ်လာကာ
သူရှိရာဘက်သို့ ဖျတ်ခနဲကြည့်လာသည်။
ထို့နောက် ပါးစပ်က တစ်ခုခုရေရွတ်လိုက်သလို လှုပ်ခါသွား၏။ဗြုန်းစားကြီးလှမ်းကြည့်လာတာမို့ သူအယောင်ယောင်အမှားမှားဖြင့် ပြုံးပြလိုက်တော့
နားလည်ရခက်သော အကြည့်တစ်ချို့နှင့်သာဆုံလိုက်ရပြန်သည်။ထိုခနမှာပင် Namjoonက ထရပ်ကာ အဖြေလွှာကို ဆရာ့ထံသွားအပ်လိုက်လေ၏။ ထို့နောက် သူရှိရာအခန်းပြင်သို့ မပြေးရုံတစ်မယ်ခြေလှမ်းများနှင့် အသော့လာကာ..
"အစ်ကို ဘယ်ချိန်ကတည်းကရောက်နေတာလဲ?ကျွန်တော့်ကို လာစောင့်နေတာလား"
တရစပ်မေးလာသောမေးခွန်းတွေမှာ သူခနမျှကြောင်အသွားကာ
"ဟေ..အေး ဟုတ်တယ်
ရော့ ဒီမှာ မင်းဖို့အအေး"သူကမ်းပေးလာသော အအေးဗူးလေးကိုယူရင်း Namjoonက ပြုံးပြလာသည်။
YOU ARE READING
Give Love
Fanfictionသူအမြဲလျစ်လျူရှုနေပေမဲ့ ကျွန်တော်ကတော့ အချစ်တွေပေးနေဆဲ.... အချစ်လေးနည်းနည်းလောက် ပေးပါလား အစ်ကို