For Zawgyi
ဟိုစဉ်အခါကတော့ သမီးရည်းစား စုံတွဲများ ကျောင်းပိတ်လျှင် အလွမ်းသည်အကဲပိုနေမှုများကို Seok Jinအမြင်ကပ်ကပ်နှင့်ကြိမ်ဆဲခဲ့ဖူးသည်။
ထိုဝဋ်တွေကအခုမှအလုံးအရင်းနှင့်ကိုပြန်လည်နေကြပြီထင်သည်။ ကျောင်းပိတ်လျှင် အတတ်ကြွဆုံးဖြစ်နေတတ်သော သူ့စိတ်သည်အခုတော့ လေးလံထိုင်းမှိုင်းလွန်းလှသည်။
ထိုကသိကအောက်ဖြစ်မှုအား ဘယ်လိုထုတ်ဖော်ပြောရမှန်းကိုမသိတော့။"အစ်ကို ပစ္စည်းတွေသေချာထုတ်လေ..
ဘာမှမကျန်စေနဲ့.."ကုတင်ပေါ် ခြေပစ်လက်ပစ်ထိုင်နေသော သူ့အားNamjoonက အလုပ်ရှုပ်နေလျှက်မှလှမ်း၍သတိပေးလာ၏
သိပ်ကိုရွှင်မြူးနေတော့တာပဲ..။"မင်းကဘာလို့ပစ္စည်းတွေအကုန်ထည့်နေတာလဲ
ဒုတိယနှစ်ရောက်လဲ ဒီအခန်းပဲနေရမှာပဲကို.."ထိုစကားကိုပြောလိုက်ရင်း သူ့စိတ်ထဲညိုမှိုင်းသွားရသည်။ သူကကျောင်းပြီးသွားပြီဆိုတော့
အရင်လို တူတူနေရမှာမဟုတ်တော့..။
သူမပါပဲဖြတ်သန်းနေမည့် Namjoon၏ ကျောင်းသားဘ၀ကိုတွေးကာ စိတ်ထဲအလိုမကျဖြစ်လာသည်။"မနေတော့ဘူးလေ..အစ်ကိုမရှိပဲကျွန်တော်ကနေခဲ့စရာလား.."
"အမ်..တကယ်ကြီးလား"
"အင်း..တကယ်ပေါ့"
Seok Jinပြုံးချင်ချင်ဖြစ်သွားသည့်မျက်နှာပေးကိုအမြန်တည်လိုက်ရသည်။ စိတ်ထဲမှာတော့ ကျေနပ်ခြင်းလိပ်ပြာတွေတောင်ပံခတ်နေချေပြီ.
"ဒါနဲ့ Namjoon ဂျပန်ကမနက်ဖြန်သွားမှရမှာလား"
သူ့အမေးစကားဆုံးတော့ Namjoonကလှည့်လာကာ သက်ပြင်းချပြီးခေါင်းညိမ့်ပြသည်။
သိထားပြီးသားဖြစ်ပေမဲ့ ရင်ထဲကိုဟာတာတာနိုင်လွန်းလှ၏။
သူ့မျက်နှာပျက်သွားတာNamjoonကသိပုံရသည်။ချက်ချက်းသူ့ကုတင်ဆီ လျှောက်လာကာ ၀င်ထိုင်လိုက်ရင်း"အရင်ကျောင်းပိတ်ရက်တုန်းကလဲမပြန်ဖြစ်တော့ အခုပြန်မြှဖစ်မှာမို့လို့ပါ..မြန်မြန်ပြန်လာခဲ့မယ်နော်"
သူ့လက်တွေကိုဆွဲယူကာ ချော့မြူသလိုပြောလာသော စကားတွေက၀မ်းနည်းဖွယ်။
တစ်ရက်လေးတောင်မခွဲချင်ဘူးဟုပြောလျှင် အရမ်းပိုလွန်းရာကျသွားမလားပဲ။
YOU ARE READING
Give Love
Fanfictionသူအမြဲလျစ်လျူရှုနေပေမဲ့ ကျွန်တော်ကတော့ အချစ်တွေပေးနေဆဲ.... အချစ်လေးနည်းနည်းလောက် ပေးပါလား အစ်ကို