For Zawgyi
ရော်ရွက်ဝါတို့ ကြွေဆင်းသော နွေကျောင်းပိတ်ရက်ဟာ ခါတိုင်းကဲ့သို့ပျော်စရာမကောင်းလှပါ။ အဓိပ္ပါယ်ဖော်ရခက်သော လစ်ဟာခြင်းနှင့်အတူ ပျင်းရိမှုတို့ကနှိပ်စက်သည့်ဒဏ်ကို Seok Jin အလူးအလဲ ခံစားနေရ၏။
ဒီအချိန်ဆိုNamjoonရော ဘာလုပ်နေမလဲ?
ကျောင်းပိတ်တာ နှစ်ပါတ်ကျော်ရှိပြီဖြစ်သော်လည်း ထိုသွေးအေးသောသကောင့်သားလေးဟာ သူ့ထံဖုန်းတစ်ချက်မှမဆက်ခဲ့ပါ။
ဘယ်လိုတောင်နေနိုင်ရတာလဲ?သူ့လို အခန်းဖော်စီနီယာကိုဘာလို့လျစ်လျူရှုရက်ရတာလဲ?ကုတင်ပေါ်မှာ အလိုမကျစွာလူလိမ့်နေရင်း
နှင့်ပင်အကြောင်းမဲ့ စိတ်ရှုပ်နေမိသည်။ခနအကြာတွင်တော့ သူ
ဖုန်းနှင့်ဘေးက ပိုက်ဆံအိတ်အမည်းလေးကို
ကောက်ကိုင်ရင်း အခန်းထဲမှထွက်လာခဲ့လိုက်သည်။ ဒီစိတ်တွေကို လန်းဆန်းအောင် သူတစ်ခုခုလုပ်မြှဖစ်တော့မည်။
..
Seok Jinပျင်းပျင်းနှင့်လျှောက်လာရင်း ရောက်လာတာက အိမ်နားလေးတွင်ရှိသော ကုန်တိုက်။ ဘယ်မှဆက်သွားမနေတော့ပဲ မုန့်တစ်ချို့ဝယ်ပြီး အိမ်ပြန်ရန်သာ သူဆုံးဖြတ်လိုက်သည်။
ကလေးငယ်တစ်ယောက်စားနေသည့်
ရေခဲမုန့်ကိုမြင်တော့ စားချင်လာတာမို့ တစ်ခုဝယ်ရင်း ကုန်တိုက်ထဲလျှောက်ပတ်နေလိုက်သည်။"အစ်ကို"
အနီးကပ်မိုးကြိုးကပ်ပစ်သွားသလိုထိုအသံက သူ့စိတ်နှလုံးတို့ကို ဒိန်းခနဲတုန်လှုပ်စေသည်။
ရှေ့တွင် သူ့အား ခပ်ပြုံးပြုံးစိုက်ကြည့်နေပါသော လန့်လောက်စရာလူတစ်ယောက်ရှိနေလေ၏။"အစ်ကို တစ်ယောက်ထဲလား"
"အာ..အေး"
အိမ်နေရင်းကထလာတာမို့ တီရှပ်အဖြူပွပွ
ချည်သားဘောင်းဘီတိုနံ့ နံ့နှင့် ခေါင်းစုတ်ဖွားပါအဆစ်ပါနေသော သူ့ပုံသူမြင်ယောင်ကာ
စိတ်ရှုပ်စွာ အံကြိတ်လိုက်မိသည်။Namjoonကတော့ အပြာရောင်ရှပ်ဖားဖားနှင့်
သေသေသပ်သပ်။မရည်ရွယ်ပါပဲနှစ်ယောက်ယှဉ်လျှောက်လာမိကြသော်လည်း မည်သူမျှစကားမစမိကြချေ။
Seok Jinလက်ထဲကရေခဲမုန့်မှာလဲ အရည်ပျော်ကာ တစက်စက်စီးကျစပြုလာ၏။
ခါတိုင်းဆို အကုန်စားမိမှာမှန်သော်လဲ Namjoonရှေ့မှာ ဒီထက်ပိုပြီး ပုံရိပ်မထိခိုက်စေချင်တော့..။
YOU ARE READING
Give Love
Fanfictionသူအမြဲလျစ်လျူရှုနေပေမဲ့ ကျွန်တော်ကတော့ အချစ်တွေပေးနေဆဲ.... အချစ်လေးနည်းနည်းလောက် ပေးပါလား အစ်ကို